#Local_News
Published 19 May 2025

▪️ ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်းလမ်းကမ်းနားလမ်းထောင့် ၌  ခါးပိုက်နှိုက်များအုပ်စုဖွဲ့ ဝိုင်းရိုက်၍ ၁၉နှစ်သား ဆေးရုံရောက်ခဲ့ရကြောင်း ဆေးရုံသို့ ကူညီပို့ဆောင်ပေးသည့် ပရဟိတအဖွဲ့မှ သိရသည်။

▪️ ယနေ့မနက်ပိုင်းတွင် YBS ကားပေါ်တွင် ခါးပိုက်နှိုက်အဖွဲ့မှ  ဖုန်းနှိုက်ရာ  ဖုန်းနှိုက်ခံရသူ အမျိုးသားငယ်နှင့် အခြေတင်ဖြစ်ရာမှ ကားပေါ်မှ တွန်းချပြီး  အောက်တွင်အုပ်စုလိုက် ရိုက်နှက်မှု ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ 'ကားနံပါတ်တော့မသိလိုက်ဘူး၊ ဘေးနားက လူတွေပြောတာတော့  YBS ပေါ်ကနေ ကန်ချလာပြီး အောက်မှာ ဝိုင်းရိုက်တာလို့ပြောပါတယ် ၊ကျွန်တော်တို့ကိုဖုန်းဆက်အကြောင်းကြားလာတာကတော့ မနက်ကိုးနာရီ မထိုးခင်လေးကပါ၊ သွားရောက်ကူညီပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်'ဟု ကိုပူတူးနှင့်ဘော်ဒါများပရဟိတအဖွဲ့မှ ကိုပူတူးက ရန်ကုန်မီဒီယာ ဂရုသို့ ပြောသည်။

▪️ ယနေ့ မနက် ၉နာရီ ဝန်းကျင်ခန့်က ပန်းဆိုးတန်းနှင့် ကမ်းနားလမ်းထောင့်တွင်အသက် (၁၉)နှစ်အရွယ် ဦးခေါင်းညာဂျိုစောင်း ပေါက်ပြဲဒဏ်ရာရအမျိုးသားလူနာတစ်ဦး သတိလစ်နေကြောင်း ပတ်ဝန်းကျင်မှ ဖုန်းဆက် အကူညီတောင်းခံလာပါသောကြောင့် အချိန်နှင့်  တပြေးညီ လိုအပ်သည့် မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ 'ကောင်လေးက ဆေးရုံရောက်တော့ သတိပြန်ရလာပါတယ် ဒီလို ခါးပိုက်နှိုက်တွေ မကြာခဏ အနှိုက်ခံရတာတွေ ရန်ပြုခံရတာတွေနဲ့ပတ်သက်လို့ ပြောချင်တာကတော့ ကိုယ့်ပစ္စည်းလေးတွေကိုကိုယ်  သတိမလွတ်ဘဲ ဂရုပြုကြဖို့ပဲပြောချင်ပါတယ်' ဟု ၎င်းက ဆက်ပြောသည်။

▪️ အဆိုပါကဲ့သို့ အုပ်စုဖွဲ့ ခါးပိုက်နှိုက်ဖြစ်စဉ်များ ရန်ကုန်မြို့ရှိ YBS ယာ၍ယာဉ်များပေါ်၌ မကြာခဏ ဖြစ်ပွားလျှက်ရှိသည့်အပြင် နစ်နာသူများအား အုပ်စုဖွဲ့ရမ်းကားခံရလေ့ရှိသည့်  အခင်းဖြစ်ပွားရာနေရာများ၌ ကူညီသူနည်းပါးနေဆဲဖြစ်၍ လူမှုကွန်ယက်၌ ဝေဖန်မှုများရှိနေကြောင်း သိရသည်။

▪️ 'ကြုံဖူးတယ် ၈ မိုင်မှာ ကျမ အမျိုးသားကို လူ ၆ ယောက်က ဝိုင်းထိုးကြတာ ဖုန်းခိုးတာက သူတို့ ၊ရိုက်ခံရတာ ခံရသူ' ဟု လူမှုကွန်ယက်သုံးစွဲသူ အမျိုးသမီးတစ်ဦးက သူမ၏ အဖြစ်အပျက်အား ပြောကြားထားသည်။

#YMG/NN #Yangon_Times