#Local_News
Published 10 February 2025
▪️ မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့်မြန်မာနိုင်ငံသားများအရေးကိစ္စနှင့် ပတ်သက်၍တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းသည် မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ Pekan Nenas လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း တာဝန်ခံဖြစ်သူ Mr. M. Yogasanthana Das ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၇-၂-၂၀၂၅ ရက်တွင် မြန်မာသံရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ လက်ခံတွေ့ဆုံရာတွင် Pekan Nenas လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ၏ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စများ၊ ၎င်းတို့ကို မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ပို့ဆောင်ရေးကိစ္စနှင့် မြန်မာသံရုံးနှင့် Pekan Nenas လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတို့အကြား မြန်မာနိုင်ငံသားများအရေး ကိစ္စနှင့် စပ်လျဉ်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားနိုင်မည့် အခွင့်အလမ်းများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
▪️ လတ်တလော၌ မလေးရှားအစိုးရက နိုင်ငံတွင်း တရားမဝင်ရောက်ရှိနေထိုင်နေသူများကို ရှာဖွေဖမ်းဆီး ထိန်းသိမ်းလျှက်ရှိပြီး ထိုထဲတွင် ြမန်မာနိုင်ငံသားတချို့လည်းပါဝင်နေကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 10 February 2025
၁။ နေရေးအခက်အခဲရှိသည့် ရုပ်ရှင်လောကသားများအတွက် တိုက်ခန်းများဆောက်လုပ်မည်
၂။ အွန်လိုင်းမှတဆင့် ယာဉ်လိုင်စင်လုပ်ငန်းလျှောက်ထားခြင်းကို လာမည့်နှစ် ဧပြီမှစတင်ကာ တစ်နိုင်ငံလုံးအသုံးပြုနိုင်မည်
၃။ ကောလဟာလများကိုမယုံကြည်ဘဲ ရွှေရည်ညွှန်းဈေးဖြင့်သာရောင်းချရန်တိုက်တွန်း
၄။ DeepSeek R1 ၏ open-source စနစ်နှင့်ပတ်သက်၍ အမေရိကန် AI ကျွမ်းကျင်ပညာရှင်ချီးကျူးပြောဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဇန်နဝါရီလအတွင်း ပြည်ပနိုင်ငံတွေကို ကန်ဒေါ်လာ သန်း၁၀၀ကျော်တန်ဖိုးရှိတဲ့ ဆန်နဲ့ဆန်ကွဲတန်ချိန်နှစ်သိန်းကျော်သာတင်ပို့ထားနိုင်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့နှိုင်းယှဉ်ပါက တန်ချိန်တစ်သိန်းကျော်အထိ လျော့နည်းတင်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 10 February 2025
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #ဆန်နှင့်ဆန်ကွဲတင်ပို့
#YMG/NN #Yangon_Times
ရွှေဈေးကွက်အတွင်းမှာအရောင်းအဝယ်ပြုလုပ်သူတွေအနေနဲ့ ကောလဟာလ တွေကိုမယုံကြည်ဘဲ ရွှေရည်ညွှန်းဈေးဖြင့်သာရောင်းချကြဖို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်က တိုက်တွန်းလိုက်ပါတယ်။
#Local_News
Published 10 February 2025
#ရွှေအရောင်းအဝယ် #ရွှေရည်ညွှန်းဈေးဖြင့်သာရောင်းချ
#YMG/NN #Yangon_Times
ယာဉ်လိုင်စင်လျှောက်ခြင်းတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းစနစ်ကို လာမယ့် ၂၀၂၆ ခုနှစ်၊ ဧပြီလကစတင်ပြီး တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 10 February 2025
#ယာဉ်လိုင်စင်လုပ်ငန်း #အွန်လိုင်းစနစ်
#YMG/SW #Yangon_Times
နေရေးအခက်အခဲရှိတဲ့ ရုပ်ရှင်လောကသားတွေအတွက် သန်လျင်မြို့နယ်မှာ တိုက်ခန်းတွေ ဆောက်လုပ်ပေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဒါရိုက်တာကြည်စိုးထွန်းက ယမန်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
#Local_News
Published 10 February 2025
#ရုပ်ရှင်လောကသား #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
#YMG/SW #Yangon_Times
#Local_News
Published 10 February 2025
▪️ လေးနိုင်ငံအမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း ဖေဖော်ဝါရီ (၁၄) ရက်တွင် နီပေါနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ (၄) နိုင်ငံအုပ်စုပတ်လည် အမျိုးသမီး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ်နီပေါနိုင်ငံ၌ ဖေဖော်ဝါရီ (၁၇)ရက်မှ (၂၆)ရက်အထိ ကျင်းပမည်ဖြစ်ကာပဏာမကစားသမား (၃၂)ဦးဖြင့် ဖွဲ့စည်းပြင်ဆင်ထားသည့် မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ (၁၄) ရက်တွင် နီပေါနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းပြိုင်ပွဲအတွင်း နီပေါ၊ ကာဂျစ်စတန်၊ လက်ဘနွန်နှင့်မြန်မာအသင်းတို့ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ထိုသို့ယှဉ်ပြိုင်ကစားရာတွင် အုပ်စုပွဲဦး ထွက်အနေဖြင့် ဖေဖော်ဝါရီ(၁၇)ရက်တွင် မြန်မာနှင့် လက်ဘနွန်၊ နီပေါနှင့် ကာဂျစ်စတန်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အတူဖေဖော်ဝါရီ (၂၀)ရက်တွင်မြန်မာနှင့် ကာဂျစ်စတန် ၊ လက်ဘနွန်နှင့်နီပေါတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ဖေဖော်ဝါရီ (၂၃)ရက်၌ နီပေါနှင့် မြန်မာတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဖေဖော်ဝါရီ (၂၆)ရက်တွင် လေးသင်းပတ်လည်မှ အမှတ်အများဆုံးရရှိသည့် အသင်း(၂)တို့ ဗိုလ်လုပွဲကစားသွားကြမည်ဖြစ် ကြောင်း သိရသည်။
▪️ လက်ရှိ လေးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအတွင်း ပါဝင်မည့် အသင်း (၄)သင်းမှာ FIFA ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် နီပေါအသင်း (၁၀၃) အဆင့်၊ ကာဂျစ်စတ န် (၁၂၈)၊ လက်ဘနွန် (၁၃၄) နှင့် မြန်မာ(၅၅)အဆင့်များဖြင့် ရပ်တည်နေကြသည့် အသင်းများဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 490 of 2357