မြန်မာနိုင်ငံကနေ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စားသောက်ကုန်ပစ္စည်းတွေ တင်ပိုဖို့ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) မှာမှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပေါင်း ၁၇၀၀ခန့်ရှိတယ်လို့
GACC, ရုံးလုပ်ငန်းအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲမှ သိရပါတယ်။
#Local_News
Published 19 February 2025
#GACCမှတ်ပုံတင် #ပြည်တွင်းကုန်သွယ်မှုဌာန
#YMG/SW #Yangon_Times
ပြည်တွင်းကထွက်ရှိတဲ့ ပြောင်းဆံကို တရုတ်နိုင်ငံက ဝယ်ယူဖို့ ကမ်းလှမ်းနေသလို အိန္ဒိယနိုင်ငံကလည်း ထပ်တိုးဝယ်ယူဖို့ ကမ်းလှမ်းတာတွေရှိနေတာကြောင့်ဈေးမြင့်လာဖို့ အလားအလာရှိနေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published 19 February 2025
#မြန်မာ့ပြောင်းဆံ #မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း
#YMG/NN #Yangon_Times
ရာသီဥတုအညွှန်းကိန်းအခြေပြု သီးနှံအာမခံထဲမှ ဆောင်းသီးနှံအတွက် အာမခံလျော်ကြေးငွေ ကျပ်သန်း(၆၀၀)ကျော်ပေးလျော်သွားမယ်လို့ မြန်မာ့အာမခံလုပ်ငန်းမှ သိရပါတယ်။
#Local_News
Published 19 February 2025
#အာမခံလျော်ကြေးငွေ #မြန်မာ့အာမခံလုပ်ငန်း
#YMG/SW #Yangon_Times
အခုဘဏ္ဍာနှစ် ၁၀ လအတွင်း ပြည်ပသို့ရေထွက်ကုန်ငါးမက်ထရစ်တန်ချိန် သုံးသိန်းကျော်တင်ပို့နိုင်ခဲ့ပြီး အရင်နှစ်ကထက်ပိုတင်ပို့နိုင်ခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။
#Local_News
Published 19 February 2025
#ရေထွက်ကုန် #ငါးလုပ်ငန်းဦးစီးဌာန
#YMG/NN #Yangon_Times
#Local_News
Published 19 February 2025
▪️ "အိန္ဒိယနီညို"နှင့်အားပျော့သော လာနီညာအခြေအနေများကြောင့် ဖေဖော်ဝါရီတတိယအပတ်အတွင်းမိုးရွာနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့တွင် သုံးသပ်ထားသည်။
▪️ အားပျော့သော လာနီညာအခြေအနေဆက်လက်ဖြစ်ပေါ်နေခြင်း၊ အရှေ့မြောက်မုတ်သုံလေအားကောင်းလျှက်ရှိခြင်းနှင့် "အိန္ဒိယနီညို" ဟုခေါ်သော Indian Ocean Dipole Positive to Neutral ကူပြောင်းလျှက်ရှိသည့်အခြေအနေစသည်တို့ကြောင့် ဖေဖေါ်ဝါရီလ ၂၁ ရက်နောက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်လည်းကောင်း၊ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့မှ စတင်၍ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် တိမ်ဖုံးအုပ်မှုပိုမိုလာပြီး အပူချိန်ငွေ့ရည်ဖွဲ့အမှတ် နီးစပ်သည့်အခါ မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန် မိုးရေချိန်ရာခိုင်နှုန်း ၁၀ မီလီမီတာ မှ ၁၅ မီလီမီတာခန့်သာ အများဆုံးဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
▪️ အဆိုပါ အားပျော့သည့် လာနီညာအခြေအနေဖြစ်ပေါ်နေခြင်းသည် မတ်လမှ မေလအတွင်း ကြားနေရာသီဥတု(Neutral)သို့ ကူးပြောင်းနိုင်မည့်အခြေအနေ ၆၆% ရှိကြောင်းကိုလည်း NOAA-Climate Prediction Center -CPC မှ ဖေဖေါ်ဝါရီ ၁၈ ရက်တွင် ကြိုတင်ခန့်မှန်းချက်အသစ်ထုတ်ပြန်ထား ခြင်းကြောင့် ရာသီဥတုပြောင်းလဲခြင်းအခြေအနေသည် ပုံမှန်သာရှိနေဦးမည်ဖြစ်ကြောင်းလည်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 February 2025
▪️ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ဖေဖော်ဝါရီလ ၁၈ရက်ကစပြီး ခြောက်လအတွင်း သတ်မှတ်ချက်များနှင့်အညီ လိုင်စင်လျှောက်ထားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြဋ္ဌာန်းလိုက်သည့်ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေတွင် ဖော်ပြပါရှိသည်။
ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်မရှိဘဲ တည်ထောင်လုပ်ကိုင်ပါကထောင်ဒဏ်တစ်နှစ်မှသုံးနှစ်ထိ ချမှတ်မည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ထို့ကြောင့်ယခုဥပဒေမပြဋ္ဌာန်းမီက ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွဲအတွက် ၁၀ ဦးထက် ပိုသည့် ပုဂ္ဂလိကလုံ ခြုံရေးဝန်ထမ်းခန့်ထားသူများအနေဖြင့်လည်း ဥပဒေပြဋ္ဌာန်းသည့် နေ့ကစပြီး ခြောက်လအတွင်း သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း လျှောက်ထားသူသည် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်း နှင့်ပြည်နယ်များရှိ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ကော်မတီကို ဖော်ပြထားသည့် အချက်အလက်များကို ဖော်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ လိုင်စင်ရရှိသူများအနေဖြင့် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရာတွင်လိုအပ်ချက်အရ လက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်း ကိုင်ဆောင်ခွင့်နှင့်ပတ်သက်ပြီး ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် လက်နက်ဥပဒေ၊ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ၊ တည်ဆဲဥပဒေများနှင့်အညီဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းချက်တွင် ဖော်ပြထားသည်။
#YMG/SW #Yangon_Times
#Daily_News
Published 18 February 2025
၁။ မြန်မာနှင့်ဒိန်းမတ်ပူးပေါင်း၍ ယာယီနေရပ်စွန့်ခွာသူအိမ်ထောင်စုများကို စားသောက်ကုန်များထောက်ပံ့
၂။ ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၈၀ ရာခိုင်နှုန်းအထိပြီးစီး
၃။ ‘ချင်းချောင်းနန်းတော်’ကို အမျိုးသားအနုပညာပြတိုက်အဖြစ် ဖွင့်လှစ်ရန်ပြင်ဆင်နေ
၄။ ကော်ဖီစေ့ရှားပါးပြတ်လပ်မှုကြောင့် တောင်ကိုရီးယားတွင်အစေ့မပါသော အစားထိုး ကော်ဖီများရောင်းချလာကြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 480 of 2357