ပုံမှန် ပြေးဆွဲမှုအဖြစ် ဧပြီ(၁၄)ရက်မှအပ ကျန်သင်္ကြန်ရက်တိုင်းမှာ ရန်ကုန်-မန္တလေးရထားအစုန်အဆန်တွေ နေ့စဉ်ပြေးဆွဲပေးမှာဖြစ်ပြီး အထူးရထားအဖြစ် ရန်ကုန်-မော်လမြိုင်၊ရန်ကုန်-ပြည်ရထားတွေ ဧပြီ(၁၂)ရက်၊(၂၀)ရက်နဲ့ (၂၁)ရက်မှာ ပြေးဆွဲပေးသွားဖို့ ရှိတယ်။
Yangon_Times/tthl
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
အိန္ဒိယနှင့်ဘင်္ဂလားဒေရှ့် နိုင်ငံတို့က ဝယ်ယူနေတဲ့အတွက် ပြည်တွင်းနနွင်းတတ်ဈေးကွက်ဟာ ဈေးထက်ဝက်ခန့် မြင့်လာတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 2 April 2024
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့သို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၃၅၂ ဦးနှင့် မြန်မာ နိုင်ငံသား ၄၈၆ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ၏ထုတ်ပြန်ချက်အရသိရသည်။
မြန်မာ - တရုတ် နှစ်နိုင်ငံအကြား အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အား ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
စစ်ဆင်ရေးကာလအတွင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့သို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သံသယရှိသူ တရုတ်နိုင်ငံသား ၃၅၂ ဦး (ကျား ၃၃၇ ဦး ၊ မ ၁၅ ဦး) နှင့် မြန်မာ နိုင်ငံသား ၄၈၆ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ၃၅၂ ဦးကို တရုတ်နိုင်ငံ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပြည်နှင်လွှဲပြောင်းပေးခဲ့ရာ ၃၀၀ ဦးကို ၂၉-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ ၃၀ ဦးကို ၃၀-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ ၂၂ ဦးကို ၃၁-၃-၂၀၂၄ ရက်နေ့တွင်လည်းကောင်း မူဆယ်မြို့၊ မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်၊ မန့်ဝိန်းဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
2 April 2024
လူရွှင်တော်၊သရုပ်ဆောင်ဦးနေကျော် ရုတ်တရတ်ကျန်းမာရေးချို့တဲ့ပြီး ဆေးရုံတင်ရမည့်အနေအ ထားဖြစ်နေကြောင်း လူရွှင်တော်၊သရုပ်ဆောင်မေတ္တာမြင့်မြတ်ဟိန်းထံမှသိရသည်။
ယင်းကဲ့သို့ ဦးနေကျော်ကျန်းမာ ရေးချို့တဲ့ပြီး အောက်ဆီဂျင်ရူရကာ ဆေးရုံတင်ဖို့ရှိနေကြောင်းယနေ့ဧပြီလ(၂)ရက်တွင် လူရွှင်တော်၊သရုပ်ဆောင်မေတ္တာမြင့်မြတ်ဟိန်းမှ သူ၏လူမှုကွန်ရက်စာမျက်နှာ၌ဖော်ပြပြီး အကူအညီတောင်းခံထားခြင်းဖြစ်သည်။
မေတ္တာမြင့်မြတ်ဟိန်းက" အလှူရှင်များခင်ဗျာ လက်ရှိအဖေဦးနေကျော်ဟာ ကျန်းမာရေးချို့တဲ့ပီး အလုပ်တခုမှ အရေးပေါ်ကားနဲ့အိမ်ကိုပြန်ပို့ရတဲ့အနေအထားလေးတခုဖြစ်ခဲ့ပါတယ်။
လက်ရှိအိမ်မှာ အောက်ဆီဂျင်ရှူနေရပါတယ်ခင်ဗျာ အခြေအနေက ဆေးရုံတင်ရမယ့်အနေအထားမျိုးဖစ်နေသည့်အတွက် ကျနော်တယောက်ထဲ အားနဲ့လည်း ခက်ခဲနေလို့ အလှူရှင်များထံမှ အလှူခံခြင်းဖြစ်ပါတယ်။အဖေဦးနေကျော်ကိုချစ်ကြတဲ့မိသားစုများ အလှူရှင်များ မြင်တွေ့ကြပါစေခင်ဗျာ လှူဒါန်းချင်သူများကျနော့်ကိုဆက်သွယ်ပေးပါခင်ဗျာ Kpay - 09450708800 ပါ"ဟုသူ၏
Myittar Myint Myat Heinအကောင့်၌ဖော်ပြထား ကြောင်းသိရသည်။
Yangon_Times/tthl
#Local_News
#Published_ 01 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 01 April 2024
အမေဖြစ်သူ ကင်ဆာဝေဒနာရှင်အတွက်အလှူခံသည်ဆိုပြီး Facebookနှင့်မတ်ဆင်ဂျာမှလိမ်လည်အလှူခံသူများရှိ၍ သတိပြုရန်လိုအပ်ကြောင်း လှူမိသူများထံမှ သိရသည်။
Facebookနှင့်မတ်ဆင်ဂျာမှတစ်ဆင့် အမေ အူမကြီးကင်ဆာ အဆင့်၄ဖြစ်နေကြောင်း၊ဆေးသွင်းကုသရန်၊ခွဲစိတ်ကုသရန်ငွေလိုအပ်၍ Kpay 09687335376ကို ငွေလှူဒါန်းရန် အကူအညီ တောင်းခံခဲ့သည်ဟုဆိုသည်။
ယင်းသို့ အကူအညီတောင်းခံမှုကို လှူဒါန်းသူများရှိခဲ့ပြီး မသင်္ကာသဖြင့် လူနာကို ဆေးရုံသွားတွေ့ရန် အလှူခံကို ဆက်သွယ်တော့ ဖုံးမကိုင်တော့ ကြောင်း ၊ဆက်သွယ်သူကိုဘလော့ခြင်းများရှိကြောင်းနှင့် သေချာအောင် စီစစ်ပြီးမှ စစ်မှန်တဲ့ ကင်ဆာရောဂါရှင်ဟုတ်မဟုတ် သိမှ ဆက်ကူနိုင်မှာဖြစ်တဲ့အတွက် ခေတ္တ မလှူကြရန််တောင်းပန်ထားသည်။
လူလိမ်မှန်းမသိ၍ လှူဒါန်းပေးရန် တစ်ဆင့်ခံနှိုးဆော်ပေးမိသူကလည်း " ကျွန်တော့်တာဝန် ဖြစ်တဲ့အတွက်လှူထားတဲ့သူများကို လည်းပြန် လျှော်ဖို့ဆုံးဖြတ်ထားပါတယ်။ အနူးအညွတ်တောင်းပန်အပ်ပါတယ်"ဟု ဖော်ပြထားသည်။
လူနာအတွက်ဆိုပြီးလိမ်လည်ပြီး အလှူခံမှုများများပြားသဖြင့် အချို့ လူမှုကူညီရေးအဖွဲ့များသည် viberမှ မတ်ဆင်ဂျာမှ လူနာအားပြသခိုင်းခြင်းများ ကိုယ်တိုင်သွားရောက် ကြည့်ရူပြီးမှ လှူဒါန်းနေရကြောင်းလည်း လူမှုကူညီရေးအဖွဲ့များမှသိရသည်။
လိမ်လည်ပြီးအလှူခံသူများသည် ပြင်ပတွင်လိမ်လည်မှု ပုဒ်မ(၄၂၀)နှင့်ညှိစွန်းပြီး တရားလိုရှိပါက အရေးယူ ဆောင်ရွက်နိုင်သလို အွန်လိုင်းမှလိမ်လည်ရင်လည်း ဆိုက်ဘာpoliceများမှ စုံစမ်းပြီး Cyber Lawအရ အရေးယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 01 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 2 April 2024
ရန်ကုန်တိုင်ဒဒေသကြီး လှိုင်သာယာမြို့နယ် BOCအဝိုင်းဂက်စ်ဆိုင်ရှေ့ယာဉ် တိုက် မှု ကြောင့် တစ်ဦးေ-သ ဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ကြောင်း သွားရောက်ကူညီပေးသည့် သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းထံ မှ သိရသည်။
ဧပြီ ၁ရက် ညနေ ၆နာရီ ခွဲ ဝန်းကျင် တွင် မီးခွက်ဈေးဘက် မှ မောင်းနှင်လာသော အငှားယာဉ် တစ်စီး မှာ မောင်းနှင်လာစဉ်လအရှိန် လွန် ပြီး လမ်းလယ် ရှိ ဘလောက် တုံး များ ကိုကျော်က တစ်ဖက်ယာဉ်ကြော ဖြစ်သည့် BOC အဝိုင်း gas ဆိုင်ရှေ့ အနီး ရပ်နေသည့် အမျိုးသားလေးဦးကို တိုက်မိ ခြင်း ဖြစ်ကြောင်း သိရသည်။
"' ညနေပိုင်း အလုပ်လွှတ်တဲ့ အချိန် လောက် ဖြစ်တာ အငှားယာဉ်မောင်းသမားက မူးနေတယ်လို့ တော့ ပြောကျတယ် မီးခွက်ဈေးဘက်ကနေ ကားမောင်းလာတာ အရှိန် လွန်ပြီးတော့ ဘလောက်တုံးတွေကို ကျော်တတ်ပြီးတော့ boc အဝိုင်း ဂတ်ဆိုင်ရှေ့မှာ ရပ် နေတဲ့ သူတွေကို ဝင်တိုက်မိတာ တစ်ဦးကတော့ ေ-သသွားတယ် သုံးဦးက အနီရောင် အဆင့် အဲ့ကားပေါ် ပါလာတဲ့ အမျိုးသမီး တစ်ဦးကတော့ ခေါင်းမူးရုံလောက်ပဲ ဖြစ်တယ် ""ဟု သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ရန်ကုန်မီဒီယာဂရု ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အမျိုးသား တစ်ဦး ေ-သဆုံး ပြီး အမျိုးသား ၃ဦး မှာ စိုးရိမ်ရ အဆင့်ဒဏ်ရာ များရရှိ ခဲ့ကာ ယင်းတို့မှာ အသက် ၃၀မှ ၅၀ကြားရှိ ကြောင်း သိရသည်။
ယာဉ်တိုက်မှု နှင့်ပက်သက်ပြီး အငှားယာဉ်မောင်းသူကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published_ 01 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 1 April 2024
၁။ သင်္ကြန်ကာလအတွက် ကြိုတင်ဝယ်ယူမှုများတာကြောင့် ကြက်သွန်ဖြူဈေးပြန်မြင့်လာ
၂။ အယ်နီညိုကြောင့် အပူဆုံးစံချိန်သစ်တင်ခဲ့သည့် ဒေသ(၇)ခုရှိ၊ ဒေသ(၁၂)ခုပုံမှန်ထက်ပိုပူဦးမည်
၃။ မော်လမြိုင်နှင့်ချောင်းဆုံမြို့ပေါ်ရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့်ရေလိုအပ်နေ
၄။ ဂျပန်အစိုးရ၏ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်ရေးအစီအစဥ်အား ပြည်သူအချို့ကန့်ကွက်ဆန္ဒပြ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 480 of 1973