#Local_News
Published 26 May 2025

▪️ တရုတ်မှလှူဒါန်းသည့် စက်သုံးဆီ တန်ချိန် ၁၄,၈၇၀  ကျော်တန်ထပ်မံရောက်ရှိခဲ့လာကြောင်း သိရသည်။

▪️ အဆိုပါ စက်သုံးဆီ (၁၄,၈၇၀.၀၅၅)တန်ထပ်မံရောက်ရှိခဲ့ရာ ငလျင်ဘေးသင့် ဒေသများသို့ စွမ်းအင်ဝန်ကြီးဌာနမှ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ စက်သုံးဆီများသည် တရုတ်နိုင်ငံမှ (၁၅) ကြိမ်မြောက်လှူဒါန်းသည့် အောက်တိန်း (92) (၂၉၄၀) ဒသမ (၀၅၅) တန်၊ ဒီဇယ် (၁၁,၉၃၀) ဒသမ (၅၀၅) တန် တင်ဆောင်လာသော MTYU DONG သင်္ဘောသည် မေ (၂၃)ရက် နံနက် (၂)နာရီခွဲက သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် BRIGHTER ENERGY ဆီလှောင်ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

▪️ ထို့ပြင် (၁၆) ကြိမ်မြောက်လှူဒါန်းသည့် Modular (prefa - bricated) house အလုံး (၁,၁၂၀)၊ Offices အလုံး (၁၆၀) တင်ဆောင်လာသော MV. Orient Glory သင်္ဘောသည် မေလ(၂၄)ရက် ညနေ (၄) နာရီက သီလဝါ (MITT) ဆိပ်ကမ်းသို့ရောက်ရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ငလျင်ဒဏ်သင့် ဒေသများသို့ ကူညီထောက်ပံ့ရန် တရုတ်နိုင်ငံမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ တန်ချိန် (၅၀,၀၀၀) ကူညီထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times