#Local_News
Published_20 Feb 2025
▪️ မန္တလေးတိုင်းအတွင်း ဒလန်ဟုစွပ်စွဲ၍လုပ်ကြံသတ်ဖြတ်ခဲ့သည့် MDY PDF များအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
▪️ ဇန်နဝါရီလ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ် ကွက်၊ အိမ်အ မှတ် (၈၀)နေ ရာအိမ်မှူး ဦးဝင်းဦး သည် နေအိမ်အနီးရှိ “အောင်ကျော်စိုး” ကွမ်းယာဆိုင်ရှေ့၌ ထိုင်နေစဉ် (စိစစ်ဆဲ)ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ၂ ချက် ပစ်ခတ်ထွက်ပြေး သွားခဲ့သောကြောင့် ရာအိမ်မှူး ဦးဝင်းဦးသည် လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
▪️ ယင်းလုပ်ကြံမှုတွင် ဖေဖော်ဝါရီလ ၂ ရက်နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၁၁၃ လမ်း၊ ၄၈ x ၄၉ လမ်းကြားတွင် တရားခံ နန်းဝင်းစိုး(ခ)နိုင်ဝင်းစိုး(၃၈)နှစ်နှင့် မင်းခန့် (ခ)ဂူးဂူး(၂၀)နှစ်တို့ ၂ ဦးအား နေအိမ်အတွင်းမှ ၉ မမကျည် ၁ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
▪️ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံဖြစ်သူ အောင်အောင် (ခ)အောင်လေး(၃၆)နှစ် အား လက်လုပ်ပစ္စတို ၄ လက်၊ ၉ မမကျည် ၁၇ တောင့်၊ MG1 ပလတ်စတစ် လက်ပစ်ဗုံး ၁၁ လုံး၊ 91 လက် ပစ်ဗုံး ၁ လုံး၊ တရုတ်လက်ပစ်ဗုံး ၁ လုံး တို့နှင့်အတူဖမ်းမိခဲ့ကြောင်း သိရသည်။
▪️ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ MDY PDF အကြမ်းဖက်အဖွဲ့ ဝင် မင်းသန့်ကျော် (ခ)ဝင်းထွန်း (ခ) ဖောင်းဒိုင်း၏ စေခိုင်းမှုဖြင့် မန္တလေးမြို့နှင့် စဉ့်ကိုင်မြို့ များအတွင်း အပြစ်မဲ့ပြည်သူ များအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်မှု ၉ ကြိမ်နှင့် ဖောက်ခွဲဖျက်ဆီးမှု ၂ ကြိမ် ကျူးလွန်ခဲ့ ကြောင်း သိရသည်။
▪️ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန်တရားခံ မင်းသန့်ကျော် (ခ)ဝင်းထွန်း(ခ)ဖောင်းဒိုင်း မှ လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် Kpay မှတစ်ဆင့် လုပ်ကြံ သတ် ဖြတ်မှုနှင့် အကြမ်းဖက်မှု ၁ ကြိမ်လျှင် ငွေ ၁၀ သိန်းကျပ် ထောက်ပံ့ပေးခဲ့ကြောင်း၊ ရရှိသောငွေကြေး များအား နန်းဝင်းစိုး(ခ)နိုင်ဝင်းစိုး၊ အောင်အောင်(ခ) အောင်လေး နှင့် ဇော်ဇော်ထွန်း(ခ)ဇော်သက်(ခ)ဖက်တီး တို့မှ တစ်ဦးလျှင် ၃ သိန်းကျပ်၊ အခြေအနေ ကြည့်ရှုပေးသူများအား ၁ သိန်းကျပ်ဖြင့် ပြန်လည်ခွဲဝေပေးကြောင်း ဖော်ထုတ်သိရသည်။
▪️ သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ၎င်းတို့ကျူးလွန်ခဲ့သော ပြစ်မှုများ အတိုင်း ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_20 Feb 2025
▪️ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့လာရောက် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
▪️ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၈ နာရီခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်စိန် ပြောင်းဖြင့် ပကာရီကျေးရွာ၏ အရှေ့တောင် ဘက် အကြောင်းမဲ့လာရောက်ပစ်ခတ်မှုကြောင့် ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသမီး ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
▪️ အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published_20 Feb 2025
▪️ ရွှေဘိုမြို့နယ်တွင် ရှင်ပြုအလှူပြုလုပ်နေချိန် PDF များက Drop Bomb များဖြင့်ပစ်ချ၍အသက် (၉)နှစ်အရွယ် ကလေးတစ်ဦးသေဆုံးခဲ့ကာ ၁၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ ယနေ့ဖေဖော်ဝါရီလ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့နယ်၊ပန်းရံကျေး ရွာ ဘုန်းတော်ကြီးကျောင်း ၌ ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပနေချိန်၌ ကျေးရွာ၏ အရှေ့မြောက်ဘက်မှ Drone ယာဉ် ၂ စီးဖြင့် Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းအတွင်းရှိ ဓမ္မာရုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် (၉)နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဖြစ်စဉ်တွင်သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူများအား ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
▪️ ယင်းသို့ အသက်ငယ်ရွယ်သော ကလေးသူငယ်များပါမချန် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရရှိ အောင် လုပ်ဆောင်ခဲ့သည့် အကြမ်းဖက် သမားများ၏ ရက်စက်ယုတ်မာသောလုပ်ရပ်များအား ဒေသခံပြည် သူများအနေဖြင့် လက်မခံနိုင် ဘဲ ကန့်ကွက်ရှုတ်ချလျှက်ရှိကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးအ တွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP
#Local_News
Published 20 Feb 20205
▪️ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများထဲတွင် စားသောက်ကုန်လုပ်ငန်းမှာ အများဆုံးဖြစ် NyD အရေအတွက် စုစုပေါင်း (၂၃,၈၈၇)ခု (၄၉ ဒသမ ၆၃) ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။
▪️ ယနေ့ဖေဖော်ဝါရီလ ၁၉ ရက်တွင် မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂၀၂၅) ဖွင့်ပွဲအခမ်း အနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ကျင်းပစဉ် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
▪️ စားသောက်ကုန်လုပ်ငန်းအတွက် အဓိကကျပြီးသေချာသည့်ကုန်ကြမ်းသည် နိုင်ငံတွင်းတွင် အလုံအလောက် ထွက်ရှိကြောင်း၊ စက်မှုဇုန်များတွင် မှတ်ပုံတင်ထားသည့်ပုဂ္ဂလိက စက်မှုလုပ်ငန်းများတွင် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းမှာ လုပ်ငန်းပေါင်း (၂,၀၀၄)ခုဖြင့် အများဆုံးဖြစ် သည်ကိုတွေ့ရသည့်အပြင် ပြည်တွင်းတွင် ရှိသည့်အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများဖြစ်သည့် MSME မှတ်ပုံတင်စာရင်းတွင် MSME စုစုပေါင်း (၄၉,၀၂၅)ခု ရှိသည့်အနက် စားသောက်ကုန်လုပ်ငန်းသည် (၉,၉၈၄) ခုဖြင့် အများဆုံးဖြစ်နေ ကြောင်းလည်း ၎င်းက ပြောသည်။
▪️ MSME လုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် ပြည်တွင်းကုန် ထုတ်လုပ်မှုကိုအားပေးခြင်းပင်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုပြုလုပ်ရာ၌ အဓိကမရှိမဖြစ်လိုအပ်ချက်မှာကုန်ကြမ်းဖြစ်သောကြောင့် ပြည်တွင်းထွက်၊ ဒေသ ထွက်ကုန်ကြမ်းများကို အဓိကထုတ်လုပ်ရန် မူဝါဒပေးထားကြောင်းလည်း နစက ဥက္ကဌက ပြောသည်။
▪️ ဒေသအလိုက်ထွက်ရှိသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကုန်ထုတ်လုပ်မှုများမှာသေချာသည့် ကုန် ကြမ်း များ ဖြစ်ပြီး ထိုမှပြည်ပသွင်းကုန်အစားထိုးနိုင်ရန်နှင့် ပြည်ပပို့ကုန်တိုးမြှင့်ဆောင်ရွက်နိုင်ရန် တစ်ဆင့် ပြီးတစ်ဆင့် သွားရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။
▪️ မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂၀၂၅) ကို စားသောက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမို ကောင်းမွန်သည့် စီးပွားရေးဝန်းကျင် တစ်ရပ်ဖြစ်ထွန်းလာစေရေး၊ စားသောက် ကုန်ထုတ်လုပ်ငန်းကွင်းဆက်တစ်လျှောက် အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များတိုးမြှင့် ထုတ်လုပ် နိုင်ရေး၊ ပြည်တွင်းစားသုံး မှုဖူလုံစေပြီး သွင်းကုန်အစားထိုးထုတ်လုပ်ကာ ပြည်ပ ဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရေး၊ စားသောက်ကုန်လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရန်အတွက် အစီအမံသစ်များဖော်ဆောင်ပေးနိုင် ရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းနှင့် ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံး လုပ် နည်းများ ညွှန်ကြားချက်များတွင် ရှင်းလင်းလွယ်ကူစေရေးနှင့် နည်းစနစ်များ၊ စံချိန်စံညွှန်းများနှင့် သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေနိုင်ရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ် ခြင်းဖြစ်ကြောင်းသိရသည်။
#Yangon_Times/PP
#Daily_News
Published 19 February 2025
၁။ ပြည်ပသို့ ရေထွက်ကုန်တန်ချိန် သုံးသိန်းကျော်ဖြင့် ယခင်နှစ်ထက်ပိုတင်ပို့နိုင်
၂။ ဆောင်းသီးနှံအတွက် အာမခံလျော်ကြေးငွေ ကျပ်သန်း(၆၀၀)ကျော်ပေးလျော်မည်
၃။ တရုတ်နှင့်အိန္ဒိယမှမြန်မာ့ပြောင်းဆံ ဝယ်ယူရန်ကမ်းလှမ်းနေ၍ ဈေးမြင့်လာနိုင်
၄။ အမေရိကန်၏ (၅၁)ခု မြောက်ပြည်နယ်ဖြစ်သင့်ကြောင်း ဒေါ်နယ်ထရမ့်မှတ်ချက်အပေါ် ကနေဒါနိုင်ငံသားများ ဆန္ဒပြကန့်ကွက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 19 February 2025
▪️ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ဈေးနှုန်းများကြီးမြင့်စွာ ရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်း စစ်ဆေးလျှက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
▪️ ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်များအတွင်းရှိ ဆန်လက်လီရောင်းချနေသောဆိုင်များအားစားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိ သူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ များနှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
▪️ ကွင်းဆင်းစစ်ေဆးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် ရက် (၉၀)၊ ဆင်းသုခ၊ မနောသုခ၊ တောင်ပျံ၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ်ဆန်း၊ ဖျာပုံကြားပျံ၊ ဖျာပုံတောင်ပျံဆန်များကို ဝါးတန်းကုန်စည်ဒိုင်မှ အများဆုံး ဝယ်ယူ ရောင်းချလျက်ရှိကြောင်း၊ ကုန်စည်ဒိုင်မှ ချပြလိုက်သောဈေးနှုန်းများအတိုင်း ဆန်ဈေးနှုန်း များဖြင့်ရောင်းချနေကြောင်း၊ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှု အိတ်အရေအတွက် များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း၊ ထို့နောက်ဆန်ဆိုင်များအားဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင် ထားခြင်းမပြုရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ် ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်ပြောကြားခဲ့ကြောင်း သိရသည်။
▪️ ထိုညွန်ကြားချက်များအား လိုက်နာမှုမရှိသည့် ဆိုင်များအားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 19 February 2025
▪️ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ အဝေးပြေးကားဝန်းရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ(၁)ဦး ညပ်နေ၍ ကယ်ထုတ်ပြီး လှိုင်သာယာ ဆေးရုံသို့တင်ပို့
ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖေဖော်ဝါရီ ၁၉ရက်နေ့၊ မနက် ၁၁ နာရီ ၄ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ အဝေးပြေးကားဝန်းရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ(၁)ဦး ညပ်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၁ နာရီ ၁၉မိနစ် အချိန်တွင် ညပ်နေသူ(၁)ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီး သာဓုဓ္မပရဟိတအသင်းမှ လူနာတင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 479 of 2357