Published_ 02 April 2024
ယခု၂၀၂၄ ခုနှစ်၊ မြန်မာရိုးရာမဟာသင်္ကြန် နေပြည်တော်သင်္ကြန်ပွဲ၌ ရုရှားနိုင်ငံအပါအဝင် နိုင်ငံသုံးနိုင်ငံမှ အနုပညာရှင်များ ပါဝင် ဖျော်ဖြေမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ သိရသည်။
တောင်ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ တို့မှ အနုပညာရှင်များ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်သည်။
အဆိုပါ နေပြည်တော်မဟာသင်္ကြန်ပွဲတော်၏ ဖျော်ဖြေရေးအစီအစဉ်များတွင် ရုရှားနိုင်ငံ လူငယ်အနုပညာအဖွဲ့ Tavrida-Art မှ ပင်တိုင်အမျိုးသမီးတေးသံရှင် Nika Dubik ဦးဆောင်ပါဝင်သော အနုပညာရှင်များ၊ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှပူးပေါင်းကာ ရုရှားနိုင်ငံသံရုံးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းတို့မှရေကစား မဏ္ဍပ်များဖွင့်လှစ်ပြီး ပါဝင်ဖျော်ဖြေသွားမည် ဖြစ်ကြောင်းသိရသည်။
ထို့အပြင် တောင်ကိုရီးယားနိုင်ငံမှ K-POP အဆိုတော်များနှင့် နာမည်ကြီးအနုပညာရှင်များ လာရောက်ဆင်နွှဲမည်ဖြစ်သကဲ့သို့နေပြည်တော်မဟာသင်္ကြန်ပွဲတော်တွင် နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် မဏ္ဍပ် နှစ်ခုစလုံးတွင် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် အနုပညာရှင်များကိုပါ ဖိတ်ကြားထားပြီးဖြစ်ကြောင်း သိရသည် ။
Yangon_Times/NN
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
' ၂၀၂၄ခုနှစ်ကမ်းဝေး ငါးမဖမ်းရရာသီကို ငါးရစ်ငါးသန်ကာလဖြစ်တဲ့ ဧပြီလ၁ရက်နေ့ ကနေဇွန်လ၃၀ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်ပါတယ်၊ ငါးရစ်ငါးသန်ကာလဖြစ်တာကြောင့် ကမ်းဝေးငါးမဖမ်းရရာသီကို သုံးလသတ်မှတ်ထားသော် လည်းတိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှ အခက်အခဲအချို့ တင်ပြလာတဲ့အတွက် သက်ဆိုင်ရာကို ထပ်မံတင်ပြပေးပြီး ငါးဖမ်းရေယာဉ်အမျိုးအစားအလိုက် အချို့ကို လအလိုက်ခွင့်ပြုပေးထားပါတယ်။
Yangon_Times/NN
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရာသီဥတုပူလို့ ကြက်ဥအထွက်နှုန်းတွေလျော့လာတယ်။ မတ်လထဲမှာ လက်ကားဈေးအနေနဲ့ ကြက်ဥတစ်ပိဿကိုကျပ်၅၆၀၀၊ ကြက်ဥတစ်လုံး ချင်းကျပ်(၂၀၀)မှ(၂၃၀)ကျပ်ရှိခဲ့ပြီး ဧပြီလ(၂)ရက်မှာတော့ ကြက်ဥတစ်ပိဿကို ကျပ်၅၇၀၀ရှိတယ်။ သင်္ကြန်တွင်းဈေးကွက်အေးမယ်။
Yangon_Times/tthl
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
လာမယ့် သင်္ကြန်ကာလပိတ်ရက်မှာ နေရပ်ပြန်သူများပြားတာကြောင့် အဝေးပြေးကား လက်မှတ်ကြိုတင်ဝယ်ယူသူများနေတယ်လို့ အဝေးပြေးယာဉ်လိုင်းတွေက သိရပါတယ်
Yangon_Times/NN
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 2 April 2024
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် MMQR (Digital Payment Switch) အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အစည်းအဝေးကို ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ ကျင်းပရာ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က SIT/UAT စမ်းသပ်ဆောင်ရွက်မှုများ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဗဟိုဘဏ်ဥက္ကဋ္ဌက MMQR (Digital Payment Switch) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ Project တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် Payplus Co.,Ltd ၊ BPC Ltd နှင့် Adaman Capital Partners Co., Ltd တိုမှ တာဝန်ရှိသူများအနေဖြင့် ဗဟိုဘဏ်မှချမှတ်ထားသည့် စီမံကိန်းကိုသတ်မှတ် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန် အရေးကြီးတယ်လို့ ဆိုပါတယ်။
Application နှင့် Software Testing ပိုင်းဆိုင်ရာ တာဝန်ယူဆောင်ရွက်နေသည့် BPC Ltd နှင့် Adaman Capital Partners Co.,Ltd တိုအနေဖြင့်လည်း သတ်မှတ်ချိန် အတွင်း လုပ်ငန်းတာဝန်အလိုက် ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး လက်ရှိလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို တိကျမှန်ကန်စွာတင်ပြရန်လိုအပ်တယ်လို့ ပြောပါတယ်။
ထိုနောက် Payplus Co.,Ltd က Application အချင်းချင်း အပြန်အလှန် ပေးချေမှုများကို Transaction အမျိုးအစားအလိုက် End to End Demonstration ပြသပြီး ဥက္ကဋ္ဌ၏ မှာကြားချက်အတိုင်း သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရန်အတွက် သင်္ကြန်ပိတ်ရက်များအပါအဝင် ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လူအင်အားနှင့် အရင်းအမြစ်များ (Resource) ထည့်သွင်း၍ ဆောင်ရွက်နေ ပါကြောင်း၊ Develop ပြုလုပ်ရမည့်အပိုင်းများရှိသည့်အတွက် စီမံကိန်းပြီးဆုံးမည့် ကာလကို ၂၀၂၄ ခုနှစ် ဩဂုတ်လကုန်အထိ သတ်မှတ်ပေးရန် လိုတယ်လို့ ပြောဆိုပါတယ်။
ယခု Project မှာ ASEAN Payment Connectivity နှင့်ဆက်စပ်နေသည့် နိုင်ငံတော် အဆင့် Project ဖြစ်သည်နှင့်အညီ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ စီမံကိန်းကို မြန်ဆန်စွာ ပြီးမြောက်အောင် ဆောင်ရွက်ရာ၌ အဆင့်အလိုက်အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အဆိုပါအစည်းအဝေးသို့ MMQR (Digital Payment Switch) အကောင်အထည် ဖော်ခြင်းနှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ ဘဏ်များမှ နည်းပညာဆိုင်ရာ အကြံပေးအဖွဲဝင်များ၊ နည်းပညာပိုင်းဆိုင်ရာ တာဝန်ယူ ဆောင်ရွက် လျက်ရှိသည့် Payplus Co.,Ltd ၊ BPC Ltd နှင့် Adaman Capital Partners Co.,Ltd တိုမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပုံမှန် ပြေးဆွဲမှုအဖြစ် ဧပြီ(၁၄)ရက်မှအပ ကျန်သင်္ကြန်ရက်တိုင်းမှာ ရန်ကုန်-မန္တလေးရထားအစုန်အဆန်တွေ နေ့စဉ်ပြေးဆွဲပေးမှာဖြစ်ပြီး အထူးရထားအဖြစ် ရန်ကုန်-မော်လမြိုင်၊ရန်ကုန်-ပြည်ရထားတွေ ဧပြီ(၁၂)ရက်၊(၂၀)ရက်နဲ့ (၂၁)ရက်မှာ ပြေးဆွဲပေးသွားဖို့ ရှိတယ်။
Yangon_Times/tthl
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
အိန္ဒိယနှင့်ဘင်္ဂလားဒေရှ့် နိုင်ငံတို့က ဝယ်ယူနေတဲ့အတွက် ပြည်တွင်းနနွင်းတတ်ဈေးကွက်ဟာ ဈေးထက်ဝက်ခန့် မြင့်လာတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 479 of 1973