#Local_News
Published 27 May 2025

▪️ ငလျင်လှုပ်ပြီး နှစ်လနီးပါးအကြာ၌ မန္တလေးမြို့ရှိ Sky Villa အဆောက်အဦ၊(B)ဆောင်မှ အမျိုးသမီးရုပ်အ‌ေ-လာင်း သုံး‌ေ-လာင်းထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

▪️ မေလ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ  ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ (B) အဆောင်အား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ (B) ဆောင် အခန်းအမှတ် J 4 မှ  တွေ့ရှိခဲ့ခြင်းဖြစ်သည်။

▪️ ထိုသို့ တွေ့ရှိရာတွင် ယနေ့မနက် ၉ နာရီ၂၀ မိနစ်အချိန်တွင် မ(၁)ဦး၊ ၉နာရီ ၃၅ မိနစ်အချိန်တွင် မ(၁)ဦးနှင့် ၉နာရီ  ၄၅မိနစ်အချိန်တွင် မ(၁)ဦး စုစုပေါင်း မ(၃)ဦး၏ ရုပ်အလောင်းများအား ထုတ်ယူရရှိခဲ့ကြောင်းသိရသည်။

#YMG/NN #Yangon_Times