အခု၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြည်ပနိုင်ငံတွေကို ပြောင်းတန်ချိန်လေးသိန်းခန့်တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published 22 February 2025
#ပြောင်းတန်ချိန်လေးသိန်းခန့်တင်ပို့ #မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း
#YMG/NN #Yangon_Times
တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ရောင်းဝယ်နေတဲ့ ရွှေလုပ်ငန်းရှင်တွေကို ဈေးတက်နိုင်တဲ့ နည်းလမ်းတွေနဲ့ ရောင်းဝယ်ခြင်းမပြုကြဖို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်က အသိပေးလိုက်ပါတယ်။
#Local_News
Published 22 February 2025
#ရွှေလုပ်ငန်းရှင် #မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်
#YMG/NN #Yangon_Times
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအား ပြင်ဆင်နိုင်ဖို့အတွက် ပြည်ပမှကျွမ်းကျင်ပညာရှင်တွေရဲ့ နည်းပညာအကူ အညီတွေရယူနိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
#Local_News
Published 22 February 2025
#ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ #မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#YMG/SW #Yangon_Times
ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ Long Stop Date သက်တမ်းတိုးမြှင့်ထားတဲ့ ကာလဟာ လာမယ့် ဇွန်လမှာ ပြည့်မြောက်မှာဖြစ်တာကြောင့် အဆိုပါသက်တမ်းမပြည့်မြောက်မီ လုပ်ငန်းေတွပြီးပြတ် အောင်ဆောင်ရွက်ရမယ်လို့ ယမန်နေ့က ကျင်းပခဲ့တဲ့ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနဲ့CITIC နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမယ့်အချက်တွေနဲ့ စပ်လျဉ်းတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရပါတယ်။
#Local_News
Published 22 February 2025
#ကျောက်ဖြူရေနက်ဆိပ်ကမ်း #Long_Stop_Date
#YMG/SW #Yangon_Times
#Local_News
Published_22 Feb 2025
▪️ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား (၁၁၁)ဦးကို ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်က ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
▪️ ယင်းတို့ကို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုကိုရှေးရှု၍ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ယနေ့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည့် ပြည်ပနိုင်ငံသားများသည် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းက စားမှုများ၊ Online လိမ်လည်မှုများနှင့် ဒုစရိုက်မှုများတွင် ပါဝင်လုပ်ဆောင်ရန် စည်းရုံးစေခိုင်းခြင်း ခံခဲ့ကြရသူများဖြစ်ကြပြီး ၎င်းတို့၏ ဖွင့်ဟဝန်ခံချက်များအရအများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို တရားမဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချော မွေ့စေရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်တင်ကိုကိုနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်း လက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#Yangon_Times/PP
#Local_News
Published 22 February 2025
▪️ ဂျပန်နိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများဗီဇာလျှောက်ထားခြင်းအတွက်လတ်တလောတွင် အီးမေးလ်မှတဆင့်လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက သတင်းထုတ်ပြန်ထားသည်။
▪️ ဂျပန်ဗီဇာလျှောက်ထားခြင်းအတွက် ယခင်က အွန်လိုင်းဘိုကင်စနစ်ဖြင့် လျှောက်ထားစေခဲ့သော်လည်း ယခုအခါ အွန်လိုင်းဘိုကင်စနစ်သို့ ဝင်ရောက်ဘိုကင်ယူ၍မရသော အခြေအနေဖြစ်ပေါ်လျက်ရှိပြီး အဆင်မပြေမှုများ ဖြစ်ပွားစေသည့်အတွက် အနူးအညွန်တောင်းပန်အပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
▪️ လတ်တလောအချိန်ကာလ အတွင်း ကြိုတင်ဘိုကင်ယူခြင်းများကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ကောင်စစ်ဌာနအီးမေးလ် (
၁။ ဗီဇာလျှောက်ထားမည့်သူ၏ အမည်
၂။ ဗီဇာလျှောက်ထားမည့်သူ၏ တယ်လီဖုန်းနံပါတ်
၃။ မြန်မာနိုင်ငံမှ ထွက်ခွာမည့်ရက်စွဲ
၄။ COE (ကာလရှည်နေထိုင်ခွင့် လက်မှတ်/ Certificate of Eligibility) ရှိ/မရှိတို့ကို ဖော်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
▪️ အီးမေးလ်ပေးပို့သည့်ရက်မှ အချိန်တစ်ပတ်ကြာသည်အထိ သံရုံးမှ ပြန်စာမရရှိပါက အကြောင်းကြားနိုင်ပြီး အွန်လိုင်းဘိုကင်စနစ်ဖြင့် ကြိုတင်ဘိုကင်ရယူထားပြီးသူများ အီးမေးလ်ဖြင့် နောက်တစ်ကြိမ် ကြိုတင်ဘိုကင်ယူရန် မလိုအပ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 22 February 2025
▪️ ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ခနောင်တိုချောင်းအတွင်း သင်္ဘောတစ်စီး မီးလောင်မှုတစ်ခု ယနေ့မနက်ပိုင်းတွင်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖေဖော်ဝါရီ ၂၂ရက်နေ့၊ မနက်၉နာရီ ၄၇မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အရှေ့ရပ်ကွက်၊ ခနောင်တိုချောင်းအတွင်းတွင် သင်္ဘော(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်မီးသတ်စခန်းနှင့် ဒလမြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် အပေါ့စားစက်(၄)လုံးဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 475 of 2357