#Local_News
Published 30 May 2025

▪️ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံမီဒီယာ ဆွေးနွေးပွဲကို ဇွန်လ၁ရက်တွင် “အနာဂတ်ဆီသို့ အတူလက်တွဲလျှောက် လှမ်းမည်” အမည်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ နှစ်နိုင်ငံမီဒီယာဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း ကျင်းပသွားမည် ဖြစ်ပြီး နေပြည်တော်ရှိ Park Royal Hotel တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “ အနာဂတ်ဆီသို့ အတူလက်တွဲ လျှောက်လှမ်းနိုင်ရန်အတွက် နှစ်နိုင်ငံအကြား မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် သဘာဝဘေးအခြေအနေနှင့် သဘာဝဘေးအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များတွင် မီဒီယာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

▪️ ဆွေးနွေးပွဲတွင် ပြန်ကြားရေဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS)၊ မြန်မာ့ရေးရာ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် China Media Group (CMG)တို့မှ တာဝန်ရှိသူများက ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times