#Local_News
Published 30 May 2025
▪️ တရုတ်နိုင်ငံ Huishui(ဟွေ့ရှီ)မြို့တွင်ကျင်းပမည့် 2025 China – Asean Cup ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့မှ သိရသည်။
▪️ အဆိုပါ ပြိုင်ပွဲကို ဇွန်(၁)ရက်မှ (၄)ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး ပြိုင်ပွဲတွင် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ တရုတ်နိုင်ငံက ပိုက်ကျော်ခြင်း အဖွဲ့များ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
▪️ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း (၂)သင်း ပါဝင်ယှဥ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲ အမျိုးအစားအနေဖြင့် (၃)ယောက်တွဲနှင့် (၄)ယောက်တွဲ ပြိုင်ပွဲနှစ်ရပ်ကို ယှဥ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲအတွက် ကစားသမားများတွင် ဇော်မင်းခန့်၊ သန့်ဇင်ထွန်း၊ ဇင်မင်းဦး၊ အောင်အောင်၊ ရဲထက်နှင့် ဟန်ဝင်းထွဋ်တို့ ပါဝင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times