#Local_News
Published 30 May 2025

▪️ လူမှုဖူလုံရေး အာမခံလုပ်သားများ၏ သားသမီးများ ပညာသင်စရိတ် ထောက်ပံ့ ငွေနှင့် ငလျင်ဒဏ်သင့် အာမခံလုပ်သားများအတွက် မိသားစုထောက်ပံ့ငွေများကို Online Payment စနစ်ဖြင့် ပေးချေနိုင်ရန် စီစဉ်နေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

▪️ ထိုသို့ပေးအပ်ရာတွင် Online Payment စနစ်များဖြစ်သော KBZ Pay ၊ AYA Pay ၊ Wave Pay ၊ UAB Pay နှင့် Mytel Pay စသည်တို့ဖြင့် ပေးအပ်နိုင်ရန်အတွက် စီစဥ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပညာသင်စရိတ်ထောက်ပံ့ကြေးနှင့်အတူတိုင်းနှင့် ပြည်နယ် ၆ ခုရှိ ငလျင်ဒဏ်သင့် အာမခံလုပ်သားများကို သဘာဝဘေးအန္တရာယ်ကျ ရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကိုပါ တစ်ပါတည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

▪️ လက်ရှိတွင် အာမခံအလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြားနေသော သား သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်သွား ရန်အတွက် အလုပ်သမား ဝန်ကြီးဌာနမှ လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း၊ ခေတ်နှင့်လျော်ညီသော ထောက်ပံ့ငွေ တစ်ပြေးညီခံစားခွင့်ရရှိရန် အာမခံထားရှိသူ၏ အများဆုံးလုပ်ခဝင်ငွေကို ကျပ် ၃ သိန်းတိတိ သတ်မှတ် ထားပြီးဖြစ်ရာ အာမခံထားရှိသူအလုပ်သမား၏ ပညာသင် ကြားနေသော သားသမီးပညာသင်စရိတ်ကို သတ်မှတ်ရာတွင် မူလတန်းသားသမီး တစ်ဦးအတွက် ၁၀ ရာခိုင်နှုန်း ကျပ် ၃ သောင်း၊ အလယ်တန်းအတွက် ၁၅ ရာခိုင်နှုန်း ကျပ် ၄ သောင်းခွဲ ၊ အထက်တန်းအတွက် ၂၀ ရာခိုင်နှုန်း ကျပ် ၆ သောင်း၊ တက္ကသိုလ်အတွက် ၂၅ ရာခိုင်နှုန်း ကျပ် ၇သောင်းခွဲတိတိကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times