#Local_News
Published 26 February 2025
▪️ မြန်မာလုပ်သားများအား ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်ရန်အတွက် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပခဲ့ပြီး အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း နှင့်ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
▪️ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက" ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီတွေ အနေနဲ့ ပြည်ပနိုင်ငံတွေကို လုပ်သားတွေ စေလွှတ်ရာမှာ မိမိရဲ့ သားသမီးတွေသဖွယ် သဘောထားပြီး ဖြစ်ပေါ်လာ နိုင်တဲ့ အခြေအနေ အရပ်ရပ်ကို မြော်တွေးစဉ်းစားကာ ဂုဏ်သိက္ခာရှိတဲ့ ကုမ္ပဏီတွေအဖြစ် ရပ်တည်ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
▪️ လက်ရှိတွင် ရုရှားနိုင်ငံက မြန်မာအလုပ်သမားများကို ခေါ်ယူရန်အလုပ်ခေါ်စာများ ရရှိထားသော်လည်း ရုရှားဘာသာစကား စာမေးပွဲများ ပြုလုပ်အောင်မြင်ပြီးမှသာ စိစစ်ခွင့်ပြုသွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှတည်ေဆာက် ရောင်းချပေးနေတဲ့ ရိုးမရိပ်သာ တန်ဘိုးနည်း အိမ်ရာက အခန်းေတွဝယ်ယူဖို့လျှောက်လွှာတင်သူ သုံးသောင်းခန့်ရှိတယ်လို့ မြိုပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 26 February 2025
#တန်ဘိုးနည်းအိမ်ရာ #လျှောက်လွှာတင်သူသုံးသောင်းခန့်ရှိ
#YMG/SW #Yangon_Times
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကိုရောက်ရှိနေတဲ့ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စုတွေအတွက် ရွေ့လျားဆေးကုခန်းဖွင့်လှစ်ပြီး အခမဲ့ ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးလျှက်ရှိတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရပါတယ်။
#Local_News
Published 26 February 2025
#ရွေ့လျားဆေးကုခန်း #ကျန်းမာရေးစောင့်ရှောက်မှုပေး
#YMG/SW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီအတွက် ဆီထွက်သီးနှံ ဧကတစ်သောင်းကျော်စိုက်ပျိုးပြီးစီးပြီလို့ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 26 February 2025
#ဆီထွက်သီးနှံ #စိုက်ပျိုးရေးဦးစီးဌာန
#YMG/NN #Yangon_Times
အဆိုပါ စီမံကိန်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ အားကစားနှင့် ပညာရေးဌာနတို့ ပူးပေါင်းလုပ်ဆောင်ကြမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ (Football For School) ပရိုဂရမ် စီမံကိန်းအဖြစ် အခြေခံပညာသင်ကျောင်းတွေမှာ အခြေခံဘောလုံးပညာ သင်ကြားတာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးသွားမယ်ဆိုပါတယ်။
#Local_News
Published 26 February 2025
#အခြေခံပညာကျောင်း #ဘောလုံးပညာသင်ရပ်
#YMG/NN #Yangon_Times
#Local_News
Published _26 Feb 2025
▪️ ဂျပန်နိုင်ငံထုတ် DEMU ရထားအသစ်များဖြင့် ပြေးဆွဲမည့်နေပြည်တော် – ရန်ကုန် – နေပြည်တော်ခရီးစဉ် နှုန်းထားများကို မြန်မာ့မီးရထားက ထုတ်ပြန်လိုက်သည်။
▪️ လာမည့် သောကြာနေ့ ဖေဖော်ဝါရီလ ၂၈ ရက်မှစတင်၍ ရန်ကုန် – နေပြည်တော် ခရီးစဉ်အမှတ် (၇) အဆန်ရထားနှင့် နေပြည်တော် – ရန်ကုန် ခရီးစဉ်အမှတ် (၈) အစုန် လူစီးရထားများကိုဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် လည်းကောင်း၊ မန္တလေး-နေပြည်တော် ခရီးစဉ်အမှတ် (၂၈) အစုန်နှင့် နေပြည်တော်-မန္တလေး ခရီးစဉ်အမှတ် (၂၇) အဆန် လူစီးရထားများကို လေအိတ်ရထားတွဲဆိုင်းဖြင့်လည်းကောင်း ပြေးဆွဲပေးမည်ဖြစ်ကြောင်းသိရသည်။
▪️ လက်မှတ်ခဈေးများမှာ နေပြည်တော် – ရန်ကုန် – နေပြည်တော်ခရီးစဉ်အတွက် ရိုးရိုးတန်း ၁၉၀၀၀ ကျပ်၊ အထက်တန်း ၂၈၀၀၀ ကျပ် နှုန်း၊လေအိတ်ရထားတွဲများဖြင့်ပြေးဆွဲမည့် နေပြည်တော်-မန္တလေး ခရီးစဉ်အတွက် ရိုးရိုးတန်း ၇၀၀၀ ကျပ်၊အထက်တန်း ၁၁၀၀၀ကျပ် နှုန်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
▪️ ခရီးသည်များအနေဖြင့် ရန်ကုန် – မန္တလေးနှင့် မန္တလေး – ရန်ကုန် ခရီးစဉ်အစအဆုံး လက်မှတ်ဝယ်ယူရာတွင် ပထမတန်း/ရိုးရိုးတန်း ကျပ် ၂၆,၀၀၀၊ အထက်တန်းငွေကျပ် ၃၉,၀၀၀ ကျသင့်ကာ လက်မှတ်များကို သုံးရက် ကြိုတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ DEMU ရထားများဖြင့် ရန်ကုန်-နေပြည်တော်ခရီးစဉ် အမှတ် (၇) အဆန်ရထားမှာ နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာမှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး နေပြည်တော်-ရန်ကုန်ခရီးစဉ် အမှတ် (၈) အစုန်ရထားမှာ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင်ထွက်ခွာကာရန်ကုန်သို့ ညနေ ၅ နာရီတွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
▪️ လေအိတ်ရထားများဖြင့် ပြေးဆွဲပေးမည့်မန္တလေး – နေပြည်တော် အမှတ် ၂၈ အစုန်မှာ နံနက် ၆ နာရီအချိန် မန္တလေးဘူတာမှ စတင်ထွက်ခွာပြီး နံနက် ၁၁ နာရီတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး နေပြည်တော် – မန္တလေး အမှတ်(၂၇) အဆန်ရထားမှာ မွန်းတည့် ၁၂ နာရီအချိန် နေပြည်တော်ဘူတာမှ စတင်ထွက်ခွာပြီး ညနေ ၅ နာရီတွင် မန္တလေးဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
▪️ လေအေးပေးစက်ပါ ခေတ်မီ DEMU ရထားနှင့် လေအိတ်ရထားများကို နေပြည်တော်ဘူတာတွင် ပြောင်းလဲလိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ရန်ကုန် – မန္တလေး ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon -Times/ PP
#Local_News
#Published 26 February 2025
▪️ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၌ ယနေ့မနက်အစောပိုင်းမီးလောင်မှုဖြစ်ပွားခဲ့ရကြောင်း မြန်မာနိုင်ငံမီးသန်တပ်ဖွဲ့မှ သိရသည်။
▪️ ဖေဖော်ဝါရီ၂၆ ရက်နေ့၊ မနက်၄နာရီ ၃၅ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ (၁၁၈)လမ်းနှင့် (၆၂ )လမ်းဒေါင့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မဟာအောင်မြေခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ယာတော် အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ (ဃ)အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လောကပါလအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သင်ပန်းကုန်းအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက်၄ နာရီ၄၉ မိနစ်အချိန်၌ မီးငြိမ်းခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 471 of 2357