#Local_News
Published 14 October 2024
▪️ ဒဂုံမြို့သစ်၊ အရှေ့ပိုင်းမြို့နယ်၌ မြေတူးစက်မီးလောင်မှုတစ်ခု ယနေ့နေ့လယ်ပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမသတ်တပ်ဖွဲ့မှ သိရသည်။
▪️ အောက်တိုဘာ ၁၄ ရက်နေ့၊ နေ့လယ် ၁နာရီ ၂၀မိနစ် အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ ကုန်းဘောင်လမ်းတွင် မြေတူးစက်(Backhoe)(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်း မီးငြှိမ်းသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁နာရီ ၃၅ မိနစ်အချိန်၌ မီးငြိမ်းခဲ့ကြောင်း သိရသည်။
▪️ ယင်းဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
ခရီးသွားစီးနင်းသူများပြားလာတာကြောင့် ရန်ကုန်-ပြည်နဲ့ ရန်ကုန်- မော်လမြိုင်ရထားတွဲဆိုင်းတွေကို ဒီကနေ့ကစတင်ပြီး တိုးချဲ့ပြေးဆွဲနေတယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
#Local_News
Published 13 October 2024
#ပြည်နှင့်မော်လမြိုင် #ရထားတွဲဆိုင်းများတိုးချဲ့ပြေးဆွဲ
#YMG/NN #Yangon_Times
#Daily_News
Published 12 October 2024
၁။ သီတင်းကျွတ်ပိတ်ရက်အတွက် အထူးရထားများ ပြေးဆွဲမည်
၂။ တစ်လအတွင်း ဒေါ်လာသန်း၁၀၀ကျော်တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် နှစ်သိန်းကျော်တင်ပို့၊ ယခုဘဏ္ဍာနှစ်အတွင်းပို့ကုန်ဝင်ငွေအများဆုံးရရှိထား
၃။ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ်ပွဲတော်(၃)ရက်တိုင်တိုင် ကျင်းပမည်
၄။ မကြာမီပေကျင်းတွင် စက်ရုပ်စားဖိုမှူးများဖြင့် အစားအစာများ ပြင်ဆင်ပို့ဆောင်သွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်လေဆိပ်သို့ လေကြောင်းလိုင်းနှစ်ခုမှ တစ်ပတ် မှာ လေးရက်စတင်ပျံသန်းပြေးဆွဲသွားမယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 12 October 2024
#ပုသိမ်လေဆိပ် #တစ်ပတ်လေးရက်ပျံသန်းပြေးဆွဲ
#YMG/NN #Yangon_Times
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ MSMEထုတ်ကုန်သီတင်းကျွတ်ဈေးရောင်း ပွဲတော်နဲ့ဂီတပွဲတော်ကို(၃)ရက်တိုင်တိုင်ကျင်းပဖို့ရှိပြီး ဆိုင်ခန်း(၄၂၀)ခန့် ရောင်းချပေးဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 12 October 2024
#ပြည်သူ့ရင်ပြင် #သီတင်းကျွတ်ပွဲတော်
#YMG/tthl #Yangon_Times
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စက်တင်ဘာလအတွင်း ဒေါ်လာသန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ဆန်နဲ့ ဆန်ကွဲတန်ချိန်နှစ်သိန်းကျော်တင်ပို့ထားပြီး အခုဘဏ္ဍာနှစ်အတွင်းမှာ တော့ တန်ချိန်အများဆုံးနဲ့ ပို့ကုန်ဝင်ငွေအများဆုံးရရှိထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 12 October 2024
#ဆန်နှင့်ဆန်ကွဲ #ပို့ကုန်ဝင်ငွေအများဆုံးရရှိ
#YMG/NN #Yangon_Times
သီတင်းကျွတ်အထူးရထားအနေနဲ့ အောက်တိုဘာလ(၁၅)ရက်မှာ ရန်ကုန်-ပြည်(အဆန်)၊ ရန်ကုန်-မော်လမြိုင်(အဆန်)၊ မော်လမြိုင်-ရန်ကုန်(အစုန်)နဲ့အောက်တိုဘာလ(၂၀)ရက်မှာတော့ ပြည်-ရန်ကုန် (အစုန်)၊ ရန်ကုန်-မော်လမြိုင် (အဆန်)၊ မော်လမြိုင်-ရန်ကုန် (အစုန်)ကိုပြေးဆွဲပေးမှာဖြစ်ပါတယ်လို့ သိရပါတယ်။
#Local_News
Published 12 October 2024
#သီတင်းကျွတ်ပိတ်ရက် #အထူးရထားများပြေးဆွဲ
#YMG/tthl #Yangon_Times
Page 471 of 2205