#Local_News
Published 3 June 2025

▪️ ထိုင်းဘတ်ငွေလေးသန်းကျော်နှင့် တရုတ်ယွမ်ငါးသိန်းကျော် မြန်မာနိုင်ငံ ဗဟိုဘဏ် က ယမာန်နေ့က ထုတ်ရောင်းလိုက်ကြောင်း သိရသည်။

▪️ ထိုသို့ရောင်းချရာတွင် ငွေလဲနှုန်း ၅၄၈ဒဿမ၂၄ ကျပ်ဖြင့်  တရုတ်ယွမ် ၅၇၉,၉၀၀ ကိုထုတ်ရောင်းခဲ့ကြောင်း သိရသည်။

▪️ ထို့အပြင် ငွေလဲနှုန်း ၁၃၂ဒဿမ ၇၅ ကျပ်ဖြင့် ထိုင်းဘတ် ၄ဒဿမ ၇၂၁ သန်းကိုလည်း ရောင်းပေးခဲ့ကြောင်း သိရသည်။

▪️ ဗဟိုဘဏ် နိုင်ငံခြားငွေဈေးကွက် ထဲသို့  အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်ငွေများကိုဆက်တိုက်ထုတ်ရောင်းပေးနေကြောင်း သိရသည်။

▪️ ထိုသို့ရောင်းချရာတွင် မေလ ၃၀ ရက်နေ့ကလည်း ငွေလဲနှုန်း ၅၄၆ဒသမ၆ ကျပ်နှင့် တရုတ်ယွမ် ၆၁၃,၅၄၄ဒသမ၆၇ ၊ ငွေလဲနှုန်း ၁၃၂ဒသမ၄ ကျပ်ဖြင့်  ထိုင်းဘတ် ၂ဒသမ၄၃၀ သန်းကိုလည်း ရောင်းပေးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times