#Local_News
Published 3 June 2025

▪️ EV ကား၊ စက်ယန္တရားများနှင့် ကုန်ပစ္စည်းမျိုးစုံကို အထူးစျေးနှုန်းဖြင့်ဝယ်ယူနိုင်မည့်  ထိုင်းကုန်စည်ပြပွဲကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ အင်းလျားလိတ်ဟိုတယ်ဝန်းအတွင်းရှိ Yangon Convention Center (YCC)တွင် ယခုလအတွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါပြပွဲကို လာမည့် ဇွန်လ ၆ ရက်မှ ဇွန်လ ၈ ရက်အထိ နေ့စဥ် မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ၃ ရက်ကြာကျင်းပသွားမည် ဖြစ်သည်။

▪️ ယင်းပြပွဲတွင် ထိုင်းနိုင်ငံထုတ် အရည်အသွေးမြင့်ထုတ်ကုန်ပစ္စည်းများနှင့် အခြားနိုင်ငံများမှ ထုတ်ကုန် ပစ္စည်းများဖြစ်သည့်  EV ကားများ၊ အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ယန္တရားများကို ခင်းကျင်းပြသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ ထို့အပြင်ပြပွဲတွင်  နာမည်ကျော်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ ကံစမ်းမဲအစီအစဥ်များကိုလည်း ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times