မြန်မာ့သနပ်ခါးလိမ်းခြယ် ပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီးမှာလာမယ့် မတ်လ(၈)ရက်ကနေ (၁၄)ရက်အထိ ကျင်းပသွားမယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရပါတယ်။
#Local_News
Published 27 February 2025
#မြန်မာ့သနပ်ခါးလိမ်းခြယ်ပြိုင်ပွဲ #ပဲခူးတိုင်းဒေသကြီး
#YMG/SW #Yangon_Times
အခုလာမယ့် မတ်လဆန်းကစတင်ပြီး များစွာအပူမပြင်းနိုင်တဲ့ ၂၀၂၅ ခုနှစ်ရဲ့ နွေရာသီစတင်တော့မယ်လို့ ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောကြားထားပါတယ်။
#Local_News
Published 27 February 2025
#နွေရာသီအပူချိန်လျော့ကျနိုင် #ပြင်ပမိုးလေဝသပညာရှင်
#YMG/NN #Yangon_Times
ပွင့်လင်းရာသီအတွင်း ကရင်ပြည်နယ်မှာ ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာရေးဆွဲဆောင်နိုင်ဖို့အတွက် မဟာသင်္ကြန်ပွဲတော်မှာ လမ်းလျှောက်သင်္ကြန်အပြင် သဲသောင်ပြင်သင်္ကြန်ကိုပါ ထည့်သွင်းကျင်းပသွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြောပါတယ်။
#Local_News
Published 27 February 2025
#သဲသောင်ပြင်သင်္ကြန် #ကရင်ပြည်နယ်
#YMG/SW #Yangon_Times
#Local_News
Published 27 February 2025
▪️ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပေါင်းကွင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်မြတ်ကြီးဂေါပကအဖွဲ့ထံမှ သိရသည်။
▪️ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကိုမတ်လ ၇ ရက်မှ ၁၃ ရက်အထိ ၇ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး မတ်လ ၇ ရက်မှ ၉ ရက် အထိကို ဖျော်ဖြေရေးပွဲများလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ကျင်းပရာတွင် ရေကျော်ဂီတဖျော်ဖြေရေးအဖွဲ့၊ မတ်လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဖျော်ဖြေ ရေးအဖွဲ့၊ မတ် ၁၂ ရက်မှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ဖျော်ဖြေရေးအဖွဲ့၊ မတ်လ ၁၃ ရက်တွင် မြဝတီရုပ်မြင်သံကြား ဖျော်ဖြေရေးအဖွဲ့တို့မှ အခမဲ့ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ပွဲတော်အတွင်း ချား၊ ရဟတ်၊ ပျော့ပျော့အိအိ ကလေးကစားကွင်းများလည်းပါဝင်မည်ဖြစ်သော ကြောင့် အနယ်နယ် အရပ်ရပ်ရှိ ဘုရားဖူးများအနေဖြင့် လာရောက် ဆင်နွှဲရန်ဖိတ်ခေါ်ထားကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 February 2025
▪️ မလေးရှားနိုင်ငံ၊ ပီနန်တွင်ကျင်းပမည့်Malaysia Gold & Jewellery Trade Exhibition သို့ တက်ရောက်ရန် ပြည်တွင်းမှ ရွှေနှင့်ကျောက်မျက်ရတနာကုန်သည်များကို ဖိတ်ကြားထားကြောင်းမြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
▪️ အဆိုပါပြပွဲကို ပီနန်ပြည်နယ်ရှိ SPICE Convention Center ၌ မေလ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ရွှေနှင့်ကျောက်မျက်အဖွဲ့အစည်းများနှင့် ရွှေကုန်သည်ကြီးများအသင်းတို့မှ စိတ်ပါဝင်စားသူများ ပါဝင်တက်ရောက်နိုင်ကြောင်း သိရသည်။
▪️ ထိုရွှေအရောင်းပြပွဲသို့ ပါဝင်တက်ရောက်ပြသလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက Email:
#YMG/SW #Yangon_Times
#Local_News
Published 26 February 2025
▪️ နီပေါနိုင်ငံတွင် ကျင်းပသည့်လေးနိုင်ငံ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးဘောလုံးအသင်းက ချန်ပီယံဖလားရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါပြိုင်ပွဲကိုနီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့ရှိ ဒါရှာရတ်ကွင်းတွင် ဖေဖော်ဝါရီ ၁၇ရက် မှ ၂၆ ရက်အထိ ကျင်းပခြင်းဖြစ်ပြီးအိမ်ရှင် နီပေါအသင်း၊ မြန်မာအသင်း၊ ကာဂျစ္စတန်အသင်း၊ လက်ဘနွန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာယနေ့ကျင်းပသည့် ဗိုလ်လုပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက အိမ်ရှင်နီပေါအသင်းကို နှစ်ဂိုးပြတ်အနိုင်ရကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ေကြာင်း သိရသည်။
▪️ မြန်မာအသင်းအတွက် အနိုင်ဂိုးများကိုပွဲကစားချိန် (၆၂) မိနစ်တွင် ရူပါခိုင်နှင့် ပွဲကစားချိန် (၆၄) မိနစ်တွင် ဝင်းသိင်္ဂီထွန်းတို့က သွင်းယူပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ပြိုင်ပွဲကို ၄ သင်း ပတ်လည်စနစ်ဖြင့် ကစားခဲ့ခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက နှစ်ပွဲနိုင်၊တစ်ပွဲသရေ ရလာဒ်ဖြင့် အမှတ်အများဆုံးရရှိကာအိမ်ရှင် နီပေါ အသင်းနှင့် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင်နီပေါအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)
#Daily_News
Published 26 February 2025
၁။ အခြေခံပညာကျောင်းများတွင် ဘောလုံးပညာသင်ရပ်ကို စီမံကိန်းတစ်ရပ်အနေဖြင့်သင်ကြားပေးမည်
၂။ ရွေ့လျားဆေးကုခန်းဖွင့်ကာ ယာယီနေရပ်စွန့်ခွာသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေ
၃။ ရန်ကုန်တိုင်း၌ ဆီထွက်သီးနှံ ဧက တစ်သောင်းကျော်စိုက်ပျိုးပြီးစီး
၄။ တရုတ်နည်းပညာကုမ္ပဏီတစ်ခုက ဆန်းသစ်တီထွင်စက်ရုပ်ခွေးများဖြင့် ကမ္ဘာ့အာရုံစူးစိုက်မှုဖမ်းယူထား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 470 of 2357