#Local_News
Published 4 June 2025

▪️ ပရောဂျက်တစ်ခုလျှင် အများဆုံး သြစတြေးလျဒေါ်လာ ၆၀၀၀၀ အထိ ပေးအပ်မည့်၂၀၂၅-၂၆ ခုနှစ်၊ Direct Aid Program (DAP) အတွက် Expressions of Interest များကို စတင်ခေါ်ယူနေဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာသြစတြေးလျသံရုံးမှသိရသည်။

▪️ DAP သည် သြစတြေးလျသံရုံးမှစီမံခန့်ခွဲသည့် အသေးစားငွေကြေးထောက်ပံ့သည့်အစီအစဉ်ဖြစ်ပြီး Youth empowerment and sport;Cultural heritage and the creative economy စသည့် နယ်ပယ်များအတွက် Expressions of Interest များကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

▪️ ပရောဂျက်တစ်ခုလျှင် အများဆုံး သြစတြေးလျဒေါ်လာ ၆၀၀၀၀ အထိ ပေးအပ်မည်ဖြစ်ပြီး ပရောဂျက်ကာလမှာ စတင်သည့်နေ့မှစ၍ အကြာဆုံး နှစ်နှစ်အတွင်း ဆောင်ရွက်နိုင်ကြောင်း၊Expressions of Interest များကိုhttps://dap.smartygrants.com.au/Yangon2025 မှတစ်ဆင့် ဇွန်လ ၂၂ ရက်နေ့ (တနင်္ဂနွေနေ့) အထိ ပြင်ဆင်လျှောက်ထားနိုင်ပြီး ‌ရွေးချယ်ခံရသူများအား လျှောက်လွှာအသေးစိတ်တင်ရန် ဆက်သွယ်ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times