#Local_News
Published 18 February 2025
▪️ လူကုန်ကူးခံရသည်ဟု ယူဆနိုင်သည့် ဖြစ်စဉ်များ ကြားသိ/ကြုံတွေ့ရပါက ဆက်သွယ်နိုင်ကြောင်း ဒူဘိုင်းရှိမြန်မာကောင်စစ်ဝန်ရုံးက ကြေညာချက်ထုတ်ပြန်ထားသည်။
▪️ ဒူဘိုင်းရှိမြန်မာကောင်စစ်ဝန်ရုံးအနေဖြင့် ယူအေအီးနိုင်ငံရောက် ြမန်မာနိုင်ငံသားများမှ အခက်အခဲကြုံတွေ့ရခြင်းကြောင့် ဆက်သွယ်သတင်းပို့ အကူအညီတောင်းခံလာမှုများနှင့် ပတ်သက်၍ နေ့ညမရွေး လက်ခံဖြေကြားခြင်း၊ကိစ္စရပါတစ်ခုချင်းစီအပေါ် စိစစ်ဆောင်ရွက်ကာ သက်ဆိုင်သူများအကြားညှိနှိုင်းပေးခြင်း၊ ဌာနဆိုင်ရာကိစ္စများနှင့် ပတ်သက်၍
ယူအေအီးနိုင်ငံဘက်မှ တာဝန်ရှိသူများနှငိ့ ချိတ်ဆက်ညှိနှိုင်းခြင်း၊ ညှိနှိုင်းမှုများ ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့်နေ့ရက် သိရှိရပါက မြန်မာဘက်မှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်းတို့ကို အချိန်နှင့်တပြေးညီ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
▪️ ကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့သည် ပြည်ပတွင် ရောက်ရှိနေသည့် နိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအား မည်သို့သော အခြေအနေတွင် တွေ့ကြုံရသည်ဖြစ်စေ သက်ဆိုင်ရာသံရုံးများနှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိရာ အိုမန်နိုင်ငံဆိုဟာမြို့တွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား ဖေဖော်ဝါရီ ၁၇ရက်ကအမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
တရုတ်သို့ တင်ပို့မယ့် မြန်မာနိုင်ငံက စိုက်ပျိုးရေးစားသောက်ကုန်တွေအတွက်မှတ်ပုံတင်လျောက်ထားရာမှာ Manual စနစ်နဲ့ လျှောက်ထားရမယ်လို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရပါတယ်။
#Local_News
Published 18 February 2025
#စိုက်ပျိုးရေးစားသောက်ကုန် #Manualစနစ်
#YMG/SW #Yangon_Times
ရန်ကုန်မြို့ရှိ ‘ချင်းချောင်းနန်းတော်’ကို အမျိုးသားအနုပညာပြတိုက်အဖြစ် ဖွင့်လှစ်ရန်ပြင်ဆင်နေတယ်လို့ သိရပါတယ်။
#Local_News
Published 18 February 2025
#‘ချင်းချောင်းနန်းတော်’ #အမျိုးသားအနုပညာပြတိုက်
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ သိင်္ဂုတ္တရကုန်းတော်ပေါ်မှာ တည်ထားကိုးကွယ်လျှက်ရှိတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးကို (၉) ကြိမ်မြောက် လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်လျှက်ရှိရာ လက်ရှိအချိန်မှာတော့ ၈၀ရာခိုင်နှုန်းအထိပြီးစီးနေပြီလို့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 18 February 2025
#ရွှေတိဂုံစေတီတော် #ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခြင်း
#YMG/NN #Yangon_Times
#Local_News
Published 18 February 2025
▪️ နေပြည်တော်ဟိုတယ်ဇုန်ရှိ မန်းမြန်မာဟိုတယ်တွင် ပြုလုပ်နေသည့် ကြံသီးနှံနည်းပညာပေးသင်တန်း၌ တရုတ် စိုက်ပျိုးရေးပညာရှင်များမှ ကြံသီးနှံနည်းပညာများကို အွန်လိုင်းမှတစ်ဆင့် ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါသင်တန်းကို ယမာန် နေ့က ဖွင့်ပွဲအဖြစ် စတင်ခဲ့ပြီး ယင်းသင်တန်းသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂) စီမံကိန်းအဖြစ် ကြံသီးနှံနည်းပညာပေးသင်တန်း ကို ပို့ချပေးခြင်း ဖြစ်ကာ ယင်းသင်တန်းတွင် တရုတ်နိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များက ကြံသီးနှံနည်းပညာများကို အွန်လိုင်းမှ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ကြံမျိုးစေ့ပျိုးထောင်ခြင်း၊ ဇီဝနည်းပညာဖြင့် ကြံစိုက်ပျိုးခြင်း၊ ကြံတစ်သျှူးများ ပျိုးထောင်ခြင်း၊ ကြံမျိုးကောင်းစိုက်ပျိုးရေးနှင့် လျင်မြန်စွာမျိုးပွားခြင်း၊ ကြံပိုးမွှားများနှင့် ပေါင်းပင်မြက်ပင်များအား ပိုးသတ်ဆေးဖြင့် စမ်းသပ်စစ်ဆေးခြင်း၊ ကြံမျိုးကောင်းများ ထွက်ရှိနိုင်ရေးနှင့်စပ်လျဉ်း၍ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အတူ ကြံပင်ကောင်းမွန်မြန်ဆန်စွာ စိုက်ပျိုးရေး၊ စက်ယန္တရားအသုံးချခြင်းနှင့် ရေရှည်တည်တံ့သော ကြံစိုက်ပျိုးရေးအဖြစ် ဖော်ဆောင်ခြင်း၊ ကြံဇီဝနည်းပညာ၊ ကြံသီးနှံကာကွယ်ရေး၊ ကြံလမိုင်းပြုပြင်စိုက်ပျိုးရေး စနစ်တကျစီမံခန့်ခွဲမှုစသည့် နည်းပညာများကိုလည်း ပို့ချပေးသွားမည်ဖြစ်သည်။
▪️ အဆိုပါ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဦးစီးဌာန သကြားထွက်သီးနှံဌာနခွဲမှ “မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ကြံစိုက်ပျိုးထုတ်လုပ်မှုကို ဖော်ဆောင်နိုင်ရန်အတွက် ခေတ်မီနည်းပညာနှင့် အရည်အသွေးကောင်းမျိုးကြံများ ဖြန့်ဖြူးခြင်း” စီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိနေတဲ့ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စုတွေအတွက် အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ခဲ့တယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သိရပါတယ်။
#Local_News
Published 18 February 2025
#မြန်မာနှင့်ဒိန်းမတ်ပူးပေါင်း #မြန်မာနိုင်ငံကြက်ခြေနီအသင်း
#YMG/SW #Yangon_Times
#Local_News
Published 18 February 2025
▪️ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန် နည်းပညာဆိုင်ရာ လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူနေကြောင်း သိရသည်။
▪️ ထိုသို့ခေါ်ယူရာတွင် ခရီးသွားမြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရန် Online Application များ၊ Dynamic QR Code စနစ်နှင့် ဝဘ်ဆိုဒ်လုံခြုံရေး၊ ပြုပြင်ထိန်းသိမ်းမှုနှင့် CMS အပ်ဒိတ်များပြုလုပ်ရန် လိုအပ်သော နည်းပညာဆိုင်ရာလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါများ ခေါ်ယူလျှက်ရှိခြင်းဖြစ်သည်။
▪️ အဆိုပါ တင်ဒါ ခေါ်ယူရာတွင် Lot (၃) ခုကို လုပ်ငန်းအပ်နှံဆောင်ရွက်သွားမည်ဖြစ်ရာ စိတ်ပါဝင်စားသည့် ပြည်တွင်း နည်းပညာကျွမ်းကျင်ကုမ္ပဏီများအနေဖြင့် တင်သွင်းလိုသည့် Lot No. အလိုက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အိတ်ဖွင့် တင်ဒါများ တင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။
▪️ ထို့အပြင် တင်ဒါပုံစံများကို ဖေဖော်ဝါရီ ၁၇ ရက်မှ စတင်ရယူနိုင်မည်ဖြစ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ခရီးသွားမြှင့်တင်ရေးဌာနခွဲ (Digital Marketing) ရုံးအမှတ် (၃၃)၊ နေပြည်တော်၊ တင်ဒါမှတ်ပုံတင်ကြေး ကျပ်-၁၀,၀၀၀/-(တင်ဒါမှတ်ပုံတင်ကြေးကို Lot (၁) ခုချင်းစီ အလိုက် (၁) စောင်ချင်းစီ တင်သွင်းရမည်။) ဖြစ်ကြောင်း သိရသည်။
▪️ တင်ဒါလျှောက်လွှာကို မတ်လ ၄ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်တွင် ပိတ်သိမ်း၍ မတ်လ ၅ ရက်၊ နေ့လည် ၂ နာရီအချိန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၃)၌ တင်ဒါဖွင့်ဖောက်စိစစ်မည်ဖြစ်ကာ အသေးစိတ်သိရှိလိုပါက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ခရီးသွားမြှင့်တင်ရေးဌာနခွဲသို့ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
Page 481 of 2357