#Local_News
Published 24 May 2025

▪️ တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့်အား ဂုဏ်ပြုရန်နှင့် နှစ်နိုင်ငံပညာရေးကဏ္ဍကူးလူးဖလှယ်မှုမြှင့်တင်ရန်အတွက် မြန်မာနိုင်ငံ အခြေခံပညာကျောင်းအုပ်ကြီးများ ကိုယ်စားလှယ်အဖွဲ့ သည် တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် ထျန်းကျင်းမြို့သို့ မေလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ လေ့လာရေးခရီးသွား ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ထုတ်ပြန်သည်။

▪️ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်များမှ အစိုးရနှင့်ပုဂ္ဂလိကကျောင်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် မြန်မာနိုင်ငံ အခြေခံပညာကျောင်းအုပ်ကြီးများ ကိုယ်စားလှယ်အဖွဲ့ (၁၄) ဦးတို့ ပေကျင်းမြို့နှင့် ထျန်းကျင်းမြို့သို့ လေ့လာရေးသွားရောက်ရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီစဉ်ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ကိုယ်စားလှယ်အဖွဲ့၏ လေ့လာရေးအစီအစဉ်၌ ပေကျင်းမြို့တွင် မဟာတံတိုင်းကြီး၊ တီအန်မင်ရင်ပြင်နှင့် လင်ကွမ်းဘုရားကျောင်းတို့ကို လည်ပတ်ခဲ့ကာ International School များ၊ သက်ဆိုင်ရာယဉ်ကျေးမှုနှင့် ပညာရေးအ ဆောက်အအုံများသို့ သွားရောက်၍ လက်တွေ့လေ့လာမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ထို့နောက် ပေကျင်း-ထျန်းကျင်း အမြန်ရထားလမ်းဖြင့်သွား ရောက်ခဲ့ပြီး ထျန်းကျင်းမြို့တွင် ရှေးဟောင်းယဉ်ကျေးမှုလမ်း၊ ကြွေအိမ်တော် (The porcelain house/China House) တို့ကို လေ့လာခဲ့ကြပြီး ထျန်းကျင်းမြို့ရှိ တရုတ်-ဂျာမန်အသက်မွေးဝမ်း ကျောင်း ပညာတက္ကသိုလ်သို့ သွားရောက်လည်ပတ်ကာ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

▪️ ဆွေးနွေးပွဲတွင် အမျိုးသားပညာရေး အရည်အသွေးမြှင့်တင်ရေး၊ နိုင်ငံရပ်ခြားတရုတ်ဘာသာစကားသင်ကြားရေး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အသက်မွေးဝမ်းကျောင်းပညာရေးစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး သင်ကြားရေးအတွေ့အကြုံများကို မျှဝေခဲ့ကြကြောင်း သိရသည်။

#YMG/SW #Yangon_Times