#Local_News
Published 24 May 2025

▪️ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူး လက်မှတ်များအား အတုကိုင်ဆောင်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ပါက နိုင်ငံကူးလက်မှတ်အား ပယ်ဖျက်သည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။

▪️ ထိုသို့ထုတ်ပြန်ရာတွင် မိမိနိုင်ငံကူးလက်မှတ်ပျောက်ဆုံးပါက ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်သာ နိုင်ငံကူးလက်မှတ်အသစ်ကို ပြန်လည်ရရှိနိုင်ရန် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပြီး နိုင်ငံကူးလက်မှတ်အား ပြင်ဆင်ခြင်း၊ပြောင်းလဲခြင်း၊ ချွတ်ယွင်းအောင် ပြုလုပ်စုတ်ဖြဲခြင်း၊ မသက်ဆိုင် သူများမှ တံဆိပ်ခေါင်းကပ်ခြင်း အခြားအမှတ်အသားများ မပြုလုပ်ရန်နှင့် ပြုလုပ်မှုကို စီစစ်တွေ့ရှိရပါက နိုင်ငံကူးလက်မှတ်ဆောင်ရွက်ပေးသူတိုအား ဥပဒေအရ အရေးယူနိုင်ပြီး နိုင်ငံကူးလက်မှတ် ပယ်ဖျက်ခြင်းအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

▪️ ထို့ပြင် နိုင်ငံကူးလက်မှတ်များကို ပြင်ဆင်ထားခြင်း၊ အတုပြုလုပ်ထားခြင်းများအား ထိုင်းနိုင်ငံနှင့် မြန်မာသံရုံးတို့က သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကာ နည်းပညာမြင့်စက်များဖြင့် စိစစ်လျက်ရှိကြောင်းလည်း အသိပေးထားသည်။

#YMG/SW #Yangon_Times