#Local_News
Published 24 May 2025

▪️ တောင်ကြီးမြို့နယ်၊ပြည်ထောင်စုလမ်းမကြီး၌ ဆီဘောက်ဆာယာဉ် တစ်စီး ဘရိတ်ပေါက်၍ယာဉ်သုံးစီးနှင့်ဆိုင်ကယ်တစ်စီးအားတိုက်မိခဲ့ရာ  နှစ်ဦး ‌ေ-ဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

▪️ မေလ ၂၃ ရက်နေ့၊  ညနေ ၅နာရီ ၁၀ မိနစ်အချိန်ခန့် က၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နမ်းဆီးကျေးရွာအုပ်စု၊ နောင်လေးကျေးရွာ၊ ပြည်ထောင်စုလမ်းမကြီး၊ တောင်ကြီး-ဟိုပုံးလမ်း၊ မိုင်တိုင်အမှတ် ၁၂၄/၀ တွင် တောင်ကြီးမြို့မှ ဟိုပုံးမြို့သို့မောင်နှင်လာသော NISSAN DIESEL(အဖြူရောင်)ဆီဘောက်ဆာယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ CANTER(အဖြူရောင်) ယာဉ်(၂)စီးအား နောက်မှဝင်တိုက်မိကာ တဘက်ယာဉ်ကြောမှမောင်နှင်လာသော NISSAN(၆)ဘီးယာဉ်နှင့်HONDA 100 ဆိုင်ကယ်တို့အား ဝင်ရာက်တိုက်မိခဲ့ရာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ သတင်းရရှိသဖြင့် တောင်ကြီးခရိုင်မီးသတ်စခန်းနှင့် မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ ဟိုပုံးမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များဖြင့်ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည‌ ၇နာရီ ၃၀ မိနစ်အချိန် တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

▪️ ယင်းယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ကျား(၁)ဦး၊ မ(၁)ဦး (သေဆုံး)၊ ကျား(၁)ဦး (စိုးရိမ်ရ)၊ ကျား(၄)ဦး(မစိုးရိမ်ရ)တို့အား ကြက်ခြေနီအသင်းပိုင် သူနာတင်ယာဉ်ဖြင့် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times