#Local_News
Published 24 May 2025

▪️ လေပြင်းတိုက်ခတ်မှုကြောင့် မြောင်းတကာ- လှိုင်သာယာ ဓာတ်အား   လိုင်းမှ တာဝါတိုင်နှစ်တိုင်ပြိုလဲခြင်းနှင့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ ပလက်ဖေါင်းအားအရေးပေါ် Shut Down ပြုလုပ်ခြင်းကြောင့် ယာယီ ဝန်အားထိန်းညှိမှုများ ရှိနိုင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထားသည်။

▪️ မေလ ၂၃ ရက်နေ့ ၊ မနက် ၁၁နာရီ၄၀ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဓာတ်အားပေးစက်များသို့ ပို့လွှတ်လျက်ရှိသည့် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ ပလက်ဖေါင်းအား အရေးပေါ် Shut Down ပြုလုပ်ခဲ့ရသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ် ပို့လွှတ်ပေးနိုင်မှု (450MW )ခန့် လျှော့နည်း‌နေကြောင်း သိရသည်။

▪️ ထို့အပြင် ညနေ ၄နာရီ ၂၂ မိနစ်အချိန်ခန့်ကလည်း  မိုးသက်လေပြင်းများ တိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ- လှိုင်သာယာ ဓာတ်အား   လိုင်းသည် ထန်းတပင်မြို့နယ်၊ တံတားဦး ကျေးရွာအနီး ၊ တာဝါတိုင်အမှတ် ၉၁ နှင့် ၉၂ (၂) တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် အရေးပေါ်ထိန်းသိမ်း ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်းသို့ ဓာတ်အားဖြန့်ဖြူးနိုင်မှု လျော့ကျနေကြောင်း သိရသည်။ 

▪️ အဆိုပါ ထိန်းသိမ်းပြုပြင်မှုများဆောင်ရွက်နေစဉ် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်များတွင်ယာယီ ဝန်အားထိန်းညှိမှုများ ရှိနိုင်မည်ဖြစ်ပါကြောင်း  မေတ္တာရပ်ခံ အသိပေးထားကြောင်း သိရသည်။

#YMG/NN #Yangon_Times