#Local_News
Published 23 May 2025

ကိစ္စရပ်တစ်မျိုးတည်းအတွက် အသုံးပြုငွေပေးချေသည့် ကတ် ၄ ခုကို ဖျက်သိမ်းလိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မေ ၂၂ ရက်က အသိပေး ထုတ်ပြန်လိုက်သည်။

အဆိုပါ ကတ် ၄ခုအား ဖျက်သိမ်းရခြင်းမှာ အီလက်ထရောနစ်ကတ်နှင့် ငွေပေးချေမှု ဆိုင်ရာ ညွှန်ကြားချက်အရ ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် အတွက် ဖျက်သိမ်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကတ် ၄ ခုမှာ Kispa Nadi Express လီမိတက်၏ ipay Card၊ San Yaung Ni Road Transport ကုမ္ပဏီလီမိတက်၏ K Card၊ Active Business Consolidation ကုမ္ပဏီလီမိတက်၏ ABC Gift Card၊ Integrated Smart Solution ကုမ္ပဏီလီမိတက်၏ AnyPay Prepaid Card တို့ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times