#Local_News
Published_28 May 2025

▪️ ငလျင်ကြောင့်ပျက်စီးမှုများသည့် စာရင်းပါ ပြည်ထောင် စုတရားလွှတ်တော်ချုပ်ရုံး နှင့်အလုပ်သမား ဝန်ကြီး ဌာနရုံးအဆောက်အဦတို့ကိုပြန်လည် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

▪️ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခံ့မှုရှိစေရန်နှင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဖြစ်စေရေးအတွက် ငလျင်ဆိုင်ရာပညာရှင်များ၊ ဆောက်လုပ်ရေးဆိုင်ရာပညာရှင် များ၏ အကြံဉာဏ်များရယူခြင်း၊ မြေအရည်အသွေးစမ်းသပ်စစ်ဆေးခြင်း၊ စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန် နစက ဥက္ကဌက ပြောသည်။

▪️ ယင်းအပြင် ကနဦးဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်၍ ရုံးအဆောက်အဦများ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေး ဆောင် ရွက်သွား ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

▪️ ယနေ့ မေလ ၂၇ ရက်က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံး အဆောက်အဦနှင့် အလုပ်သမားဝန်ကြီးဌာန ရုံးအဆောက်အဦတို့ကိုသွားရောက်ကြည့်ရှု စစ်ဆေးစဉ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း လမ်းညွှန်ပြောကြားခြင်းလည်း ဖြစ်သည်။

▪️ ယင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အပျက်အစီးများဖယ်ရှားရှင်းလင်းပြီးစီးမှု၊ အန္တရာယ်ရှိသည့် အပျက်အစီးများရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရုံးခန်းအဆောက်အဦများ၌ ထိခိုက်ပျက်စီးမှု၊ ရုံးအဆောက်အဦရှေ့၌ Prefabricated Office များဖြင့် ယာယီရုံးခန်းများဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ အလုပ်သမားဝန်ကြီးဌာန၌ Prefabricated Office များဖြင့် ယာယီရုံးခန်းများဖွင့်လှစ်၍ လုပ်ငန်းလည် ပတ်မှုပြတ်တောက်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို လိုက်လံကြည့် ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

#Yangon_Times/PP