#Local_News
Published 3 June 2025

▪️ ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့်အပတ်တွင်ကိုဗစ်လူနာသစ် ၁၇ ဦး ထပ်မံတွေ့ရှိခဲ့ခြင်း‌ေကြာင့်နှစ်ပတ်အတွင်း ကိုဗစ်လူနာ၂၃ဦးထိရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

▪️ (၂၅-၅-၂၀၂၅) ရက်နေ့၊ ည(၈:၀၀)နာရီမှ (၁-၆-၂၀၂၅)ရက်နေ့၊ ည(၈:၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၇၇၈)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်(၁၇)ဦး တွေ့ရှိရကြောင်း၊

▪️ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၉၆) ရာခိုင်နှုန်းဖြစ်‌ေကြာင်း၊ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

▪️ ပြီးခဲ့သည့်မေလ ၁၈ ရက်မှ ၂၅ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၇၅၄) ခုကို စစ်ဆေးပြီးစီးခဲ့ရာ  ပိုးတွေ့အတည်ပြုလူနာသစ် (၆) ဦးကို တွေ့ရှိခဲ့ပြီး ဒဂုံမြို့နယ်မှ (၂) ဦး၊ အင်းစိန်မြို့နယ်မှ (၁) ဦး၊ သာကေတမြို့နယ်မှ (၁) ဦး၊ ကော့မှူးမြို့နယ်မှ (၁) ဦးနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မှ (၁) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

▪️ လက်ရှိတွေ့ရှိရသည့်  ဗီဇပြောင်းပိုးများသည် ကမ္ဘာ့နိုင်ငံများတွင်  ကူးစက်လျက်ရှိပြီး ပြင်းထန်မှုမရှိသည့် မျိုးကွဲများ ဖြစ်၍ ယခု ထိုးနှံပေးနေသည့်  ရောဂါကာကွယ်ဆေးများဖြင့် ထိရောက်စွာ ကာကွယ်နိုင်ကြောင်း ၊ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်များတွင်  ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလက္ခဏာရှိသူများကို ဓာတ်ခွဲစစ်ဆေးခြင်း၊ မျိုးရိုးဗီဇပြောင်းလဲမှု စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများ  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#YMG/SW #Yangon_Times