#World_Health
Published 06 June 2025

▪️ ဝိတ်မလေ့ကျင့်ခန်းများ ပြုလုပ်ရာမှာ အသားနဲ့ ဆက်စပ်ထုတ်ကုန်တွေ စားဖို့လိုအပ်တယ်လို့ လေ့ကျင့်ခန်းသုတေသီ နီကိုလတ်စ်ဘာ့ဒ်က ယုံကြည်နေခဲ့တာပါ။

▪️ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ အသားအခြေပြုပရိုတိန်းတွေ စားတဲ့သူတွေက အပင်အခြေပြုပရိုတိန်းများ စားတဲ့သူတွေထက် ကြွက်သားပရိုတိန်းထုတ်လုပ်မှု ပိုများတာ တွေ့ခဲ့ကြပါတယ်။

▪️ အသားမှာ မရှိမဖြစ် အမိုင်နိုအက်ဆစ်များ ပေါများကြွယ်ဝကာ ကြွက်သားနဲ့ အရိုးငြမ်းကြွက်သားဖွဲ့စည်းပုံအတွက် အရေးကြီးပါတယ်။

▪️ ဒါပေမဲ့ လတ်တလော လေ့လာချက်တွေမှာတော့ အပင်ပရိုတိန်းတွေက ကြွက်သားပရိုတိန်းတွေနဲ့ နှိုင်းယှဉ်လို့ ရတယ်လို့ တွေ့ရှိလာပါတယ်။

▪️ အပင်အခြေပြုပရိုတိန်းတွေကို လုံလောက်စွာ စားပေးရင် အသားပရိုတိန်းနဲ့ ယှဉ်နိုင်တယ်လို့ ဗြိတိသျှကိုလံဘီယာတက္ကသိုလ်မှ အာဟာရပညာရှင် ဂျိမ်းစ်မက်ကင်ဒရီက ပြောပါတယ်။

▪️ လူငယ်အယောက် ၄၀ ကို သက်သက်လွတ်နဲ့ အသားဆိုပြီး ခွဲကျွေးကာ ၉ ရက်အတွင်း ဝိတ်မချိန် ၃ ချိန် ပြုလုပ်ခိုင်းခဲ့ပါတယ်။

▪️ ဒီနောက် သူတို့ရဲ့ ကြွက်သားများထံမှ နမူနာများရယူကာ ပရိုတိန်းဖွဲ့စည်းပုံကို လေ့လာခဲ့ကြပါတယ်။

▪️ အသားရော အရွက်ရောက ကြွက်သားတည်ဆောက်နိုင်စွမ်း အတူတူပဲဖြစ်တယ်လို့ ဘာ့ဒ်တို့ တွေ့ရှိခဲ့ကြပါတယ်။

▪️ ယခင်က အပင်အခြေပြုပရိုတိန်းတွေက အသားကရတဲ့ ပရိုတိန်းထက်နိမ့်ပါးတယ်လို့ ထင်ခဲ့ကြပေမယ့် ယခုလေ့လာချက်တွေမှာတော့ ကွာခြားချက်အများကြီး မရှိဘူးလို့ သိရပါတယ်။

▪️ အထူးသဖြင့် ရေရှည်ကြာမြင့်လာတဲ့အခါ ယင်းနှစ်မျိုးစလုံးမှရတဲ့ ပရိုတိန်းတွေက အတူတူလောက်ဖြစ်နေပါတယ်။

▪️ အပင်အခြေပြုစားစရာတွေထဲမှာ ပဲကြီး၊ တိုဖူး၊ ဆန်ညို၊ ပန်းဂေါ်ဖီစိမ်းတို့ဆိုရင် ပရိုတိန်းမြင့်မားစွာ ပါဝင်ပါတယ်။

▪️ ဒါပေမဲ့ ဘယ်လိုပဲစားစား အားစိုက်ရတဲ့ လေ့ကျင့်ခန်းတွေ မလုပ်ဘူးဆိုရင် ကြွက်သားတွေ ကောင်းစွာတည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

#Source: NPR