#Local_News
Published 6 June  2025

▪️ ပြီးခဲ့သည့်အပတ်က ပြန်လည်ကျဆင်းလာသည့် ရန်ကုန်အထိုင်စက်သုံးဆီဈေးနှုန်းများမှာ အခုတစ်ပတ်မှာတော့တစ်လီတာကို ၁၀ကျပ်ကနေ ၃၀ကျပ်အတွင်း ဆက်လက်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သိရသည်။

▪️ ယခုတစ်ပတ်ရည်ညွှန်းဈေးများမှာ 92တစ်လီတာကို ၂,၈၄၅ ကျပ်၊95တစ်လီတာကို ၂,၈၉၅ကျပ်၊ ဒီဇယ်ဆီတစ်လီတာကို၂,၃၇၅ ကျပ်၊ ပရီမီယံဒီဇယ်ဆီ တစ်လီတာ ကို  ၂,၉၅၀  ကျပ်အထိ ဈေးနှုန်းအသီးသီးရှိ‌ နေကြောင်း သိရသည်။

▪️ ပြီးခဲ့သည့်တစ်ပတ်က တစ်လီတာကို ၁၅ကျပ်အထိပြန်လည်ကျဆင်းခဲ့သည့် 92နှင့် 95 ဓာတ်ဆီဈေးနှုန်းများသည် ယခုတစ်ပတ်တွင် တစ်လီတာကို၁၀မှ ၁၅ကျပ် အတွင် အနည်းငယ်ဆက်လက် ကျဆင်းလာသည်။

▪️ ဒီဇယ်ဈေးနှုန်းများမှာလည်း ပြီးခဲ့သည့်တစ်ပတ်က  တစ်လီတာကို ၃၅ကျပ်မှ  ၄၅ကျပ်အထိ ကျဆင်းခဲ့သလို ယခုအပတ်တွင်လည်းတစ်လီတာကို ၂၀မှ၃၀ကျပ်အတွင်း ဆက်လက်ကျဆင်းလာကြောင်း သိရသည်။

#YMG/NN #Yangon_Times