၁၂ မေ ၂၀၂၄
ထိုင်းနိုင်ငံက မြန်မာနယ်စပ်တစ်လျောက်ပိုမိုတင်းကြပ်စွာထိန်းချုပ်ဖို့စီစဉ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သာဗီရှင်းရဲ့ပြောကြားချက်ကို ကိုးကားပြီး ထိုင်းအခြေစိုက်မီဒီယာများက ယနေ့ မေလ ၁၂ရက်နေ့မှာ သတင်းရေးသား ဖော်ပြကြပါတယ်။
ထိုင်းဝန်ကြီးချုပ်ဆာရက်သာဟာ စနေနေ့က ကန်ချန်နာပူရီပြည်နယ်ရှိ အမှတ်၉ ခြေလျင်တပ်မဌာနချုပ်သို့သွားရောက်ပြီး အမှာစကားပြောကြားခဲ့ရာမှာ ယင်းကိစ္စ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ ယင်းရဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ရေး တက်ကြွစွာပြင်ဆင်နေပြီး စွမ်းရည်မြှင့်နေတယ်လို့ သူက ပြောပါတယ်။ အဲဒီအပြင် မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ဆာရက်သာကပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ဆက်တိုက်လိုဖြစ်နေတဲ့ ပဋိပက္ခတွေကို သူက ဂရုပြုပြောကြားရင်း နယ်စပ်ပိတ်ဖို့အရေးကြီးတာကို လည်း အလေးပေးပြောဆိုပါတယ်။ ဒေသဆိုင်ရာ တပ်မှူးတွေက လက်ရှိနယ်စပ်ကာကွယ်ရေးဆောင်ရွက်မှုနှင့်အတူ ပွိုင့်တွေနှင့် စစ်ဆေးရေးပွိုင့်တွေံကို ပိတ်ဖို့ အဆိုပြုချက်တွေ သူရရှိထားတယ်လို့လည်း ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်။
“ပြဿနာက အမျိုးစုံပဲ။ ကုန်စည်အတုတွေနှင့် မူးယစ်ဆေးဝါးမှောင်ခိုသွင်းမှုတွေလို ပြဿနာတွေအထိခြုံငုံပါဝင်နေတယ်” လို့ သူကဆက်ပြောပါတယ်။
“ ဖြေရှင်းရမှာတွေအများကြီးပဲ။ တစ်ကိုယ်ရည်နှင့် လူသားချင်းအကူအညီတိုးမြှင့်ပေးဖို့၊ အထောက်အကူပြုပွိုင့်တွေ ပြင်ဆင်ဖို့ နှင့် ပွိုင့်တစ်ခုမှာ လူ၅၀၀ကနေ ၁၅၀၀ အထိလက်ခံနေထိုင်နိုင်မယ့် ပွိုင့် ၂၀ စတာတွေအပါအဝင်ဖြစ်တယ်။ ကျွန်တော်တို့ နည်းပညာကို အကျိုးရှိရှိသုံးမယ်။ တရားမဝင်ကုန်စည်တွေ ထောက်လှမ်းနိုင်ဖို့ ဒရုန်းတွေနှင့် အိစ်စ်ရေးစက်တွေသုံးမယ်။ ဒါတွေကို ဆွေးနွေးနေတုန်းဖြစ်တယ်။ ဒီကိစ္စတွေဖြေရှင်းဖို့ ဘတ်ဂျက်အတည်ပြုပေးရမယ်။ ဒါတွေဟာ ကျွန်တော်တို့နိုင်ငံ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်တဲ့ကြိုးပမ်းအားထုတ်မှုအားလုံးဖြစ်တယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။
Source The Nation
@ymg/knl
#Local_News
Published 12 May 2024
▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၆၂/၄)နှင့် (၆၂/၅)ကြားတွင် ယာဉ်တစ်စီး အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက် တာကြောင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ထံက သိရသည်။
▪️ မေလ ၁၂ရက် နေ့လည် ၁နာရီ ၁၅မိနစ်ကရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၆၂/၄)နှင့် (၆၂/၅)ကြားတွင် MITSUBISHI CANTER (အပြာရောင်)ယာဉ်(၁)စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဘယ်ရီယာတုံးများအား တိုက်မိတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
▪️ အဆိုပါယာဉ် တိမ်းမှောက် မှု သတင်းရရှိသဖြင့်ဥသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦးထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)တို့အား 192 ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon_Times
လယ်ယာမြေကထွက်ရှိတဲ့ အမှိုက်တွေကို ထိုက်သင့်တဲ့ငွေကြေးနဲ့ပေးဝယ်ပြီး သဘာဝမြေဩဇာ ပြုလုပ်မယ် အစီအစဉ်တစ်ခု ဆောင်ရွက်မယ်လို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
#Local_News
Published_12 May 2024
#မိုးနှမ်းရိတ်သိမ်းပြီး #သဘာဝမြေဩဇာ
#YMG/LW #Yangon_Times
#Local_News
Published 12 May 2024
▪️ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် တွင် Happy Monsoon & Back to School ပွဲတော်ကို မေလ (၁၇) ရက်မှ မေလ (၁၉) ရက်အထိ (၃) ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း Yangon Zoo လူမှုကွန်ယက်စာမျက်နှာတွင်ကြေညာထာသည်။
▪️ အဆိုပါ ပွဲတော်အချိန်ကာလအတွင်း သားသားမီးမီးတို့၏ Baby Talent Show ရင်သက်ရှုမောဖွယ် မျက်လှည့်ပြကွက်များ၊ JOY Band ၏ တေးဂီတဖျော်ဖြေတင်ဆက်မှုများ၊ ချစ်စရာကောင်းသည့် ငှက်လိမ္မာလေးများနှင့် ဓါတ်ပုံရိုက်ကူးခြင်း၊ Yangon Zoo (Education Department) မှ တိရစ္ဆာန်လေးများ ၏ စိတ်ဝင်စားဖွယ်ကောင်းသည့် ထူးခြားချက်လေးများနှင့် အထွေထွေဗဟုသုတများကို ဆွေးနွေးပြောပြပေးသွားမည့် Talk Show အစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ပြင် တိရစ္ဆာန်လေးများ၏ အကြောင်းကို Keeper များမှ ပြောပြပေးသွားမည့် Keeper Talks Program၊ ဓါတ်ပုံလှလှလေးများ ရိုက်ကူးလို့ရမည့် Photo Booth ၊ သားသားမီးမီးနှင့် မိဘပြည်သူများပါဝင်ယှဉ်ပြိုင်နိုင်မည့် ဂိမ်းအစီအစဉ်များအပြင် တခြားသော ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ပွဲတော်အချိန် ကာလအတွင်း လာရောက်လည်ပတ်ကြမည့် သားသားမီးမီးများနှင့် မိဘပြည်သူများအတွက် ကျောင်းသုံးနှင့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများရော င်းချပေးမည့် ဆိုင်ခန်းများစွာလဲ ပါဝင်သွားမည်ဖြစ်သည့်အတွက် မိသားစု၊ အပေါင်းအသင်း သူငယ်ချင်းများနှင့်အတူ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သို့ လာရောက် အပန်းဖြေလည်ပတ်ရန် ဖိတ်ခေါ်ထားသည်။
#YMG/LW #Yangon_Times
#Local_News
Published 12 May 2024
▪️ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ညောင်တုန်းလမ်း၊ သမကုန်းအနီးတွင် YBS ယာဥ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။
▪️ မေလ၁၂ ရက် မနက် ၁၀နာရီ ၄၄မိနစ် ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကာလှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့သဖြင့်၁၀နာရီ ၄၈မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
▪️ အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရသူမရှိကြောင်းနှင့် မီးလောင်သည့်အကြောင်းရာနှင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#YMG/LW #Yangon_Times
#Local_News
Published 12 May 2024
▪️ စိုက်ပျိုးရေးဦးစီးဌာန. ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း ကို ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း အဆိုပါဌာနမှသိရသည်။
▪️ မှိုမျိုးစုံမွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်း ၂/၂၀၂၄ ကို ပဲခူးမြို့ရှိဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း(၁၀)မိုင်သင်တန်းကျောင်း တွင် ၂၉-၅-၂၀၂၄မှ ၄-၆-၂၀၂၄ထိ တစ်ပတ်တာ သင်ကြားပေးမှာဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါသင်တန်းကို သင်တန်းကြေးအခမဲ့ဖြင့် သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလတွင် ဌာနမှ သင်တန်းဆောင်တွင် အခမဲ့ နေထိုင်ခွင့်ပြုမည်ဖြစ်သည်။
▪️ သင်တန်းတွင် စားစရိတ် သင်တန်းမှတ်စု လက်တွေ့လုပ်ငန်းဆောင်ရွက်မှုနှင့် ပြင်ပမှိုခြံလေ့လာရေးအတွက် ကို သင်တန်းသားများ က ကျခံရမည်ဖြစ်ကြောင်း သိရသည်။
▪️ တက်ရောက်လိုသူများ အနေဖြင့် ၂၆-၅-၂၀၂၄နောက်ဆုံးထား၍စာရင်းပေးသွင်းနိုင်ကာ သင်တန်းသား ၃၀ဦး ကို သာ လက်ခံသင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။
#YMG/LW #Yangon_Times
#Local_News
Published 12 May 2024
▪️ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် အခွန်လျှော့ပေါ့စေရန်ရည်ရွယ်၍ စာရင်းများအား လိမ်လည်ပြုစုတင်ပြလာကြောင်း စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူခံရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာ၏ တရားဝင် လူမှုကွန်ရက် ဖြစ်သည့် Safe Migration တွင် အသိပေးကြေညာထားသည်။
▪️ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့စေလွှတ်ရန် OWIC ပြုလုပ်ခဲ့သည့် အေဂျင်စီများအားလုံးအနေဖြင့် OWIC ပြုလုပ်ခဲ့သည့် စာရင်း၊ အမှန်စေလွှတ်ခဲ့သည့် စာရင်းများအားပူး(၂)ပါ ပုံစံအတိုင်းပြုစု၍ မေ ၁၇ ရက်နောက်ဆုံးထား၍
▪️ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံအတွက် မြဝတီနှင့်ကော့သောင်းမှ MOU စနစ်ဖြင့်လည်းကောင်း၊ U-Turn စနစ်ဖြင့်လည်းကောင်း အမှန်တကယ်စေလွှတ်ခဲ့သည့်စာရင်းများကို စိစစ်ရန်၊ အခြားနိုင်ငံများအတွက် OWIC ပြုလုပ်ခဲ့သည့် စာရင်းများအပေါ် စာရင်းများမှန်ကန်မှုရှိ၊ မရှိစိစစ်ရန်လည်း Safe Migration ၏ အသိပေးထုတ်ပြန်ချက်တွင် ပါရှိသည်။
▪️ OWIC ပြုလုပ်ခဲ့မှုစာရင်းများကို ဂျပန်နှင့် စင်ကာပူနိုင်ငံအတွက် အလုပ်အကိုင်အမျိုးအစားအလိုက် ခွဲခြား၍လည်းကောင်း၊ Zero Cost လုပ်သားစေလွှတ်ခဲ့ပါက သက်ဆိုင်ရာ နိုင်ငံအလိုက်ခွဲခြားဖော်ပြ၍လည်းကောင်း ပူးတွဲဇယားပုံစံအတိုင်း ပြုစုတင်ပြရမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ခွဲခြားဖော်ပြရာတွင် Zero Cost ဖြင့် စေလွှတ်ခဲ့သည့် စာရင်းများကိုဖော်ပြမည်ဆိုပါက အေဂျင်စီအမည်၊ ပြည်ပကုမ္ပဏီအမည်၊ လိပ်စာ (Email၊ ဖုန်းနံပါတ်) စေလွှတ်လုပ်သားဦးရေတို့ပါသည့် ဇယားအား OWIC ပြုလုပ်ခွင့်ပြုခဲ့သည့် Telegram ပါကြေညာချက်ဇယားကိုပူးတွဲတင်ပြရန်၊ ဂျပန်နိုင်ငံအတွက် U-Turn (အလုပ်မပြောင်း)စာရင်းအား ဖော်ပြမည်ဆိုပါက အလုပ်သမားများ၏ ကိုယ်ရေးကိုယ်တာအချက် အလက်စာရင်းပြုစု၍ ယခင်ကပြုလုပ်ခဲ့သည့် OWIC ကတ်မိတ္တူနှင့် အသစ်ထုတ်ယူခဲ့သည့် OWIC ကတ် မိတ္တူပူးတွဲ၍ တင်ပြရန်လည်း ပါရှိသည်။
▪️ ထို့အတူ ပူးတွဲစာရင်းတွင် အေဂျင်စီမှ OWIC ပြုလုပ်ထားခြင်းမရှိဘဲ နိုင်ငံအလိုက်စာရင်းများ လွဲမှားစွာပါရှိနေခြင်း၊ စာရင်းများကိုက်ညီမှုမရှိခြင်းများဖြစ်နေပါက မြောက်ဒဂုံတာဝန်ခံအရာရှိထံသို့ သွားရောက်၍ စာရင်းစစ်ဆေးညှိနှိုင်းပြင်ဆင်၍ မှန်ကန်ကြောင်းထောက်ခံချက်ရယူပြီး ပူးတွဲတင်ပြရန်နှင့် OWIC ပြုလုပ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့စေလွှတ်နိုင်သည့် လုပ်သားစာရင်းများကိုပယ်ဖျက်လိုပါက မြောက်ဒဂုံတာဝန်ခံအရာရှိထံသို့ OWIC အပ်နှံထားသည့် ထောက်ခံစာပူးတွဲတင်ပြရမည်ဟု သိရသည်။
#YMG/LW #Yangon_Times
Page 456 of 2007