#Local_News
Published 16 June  2025

▪️ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၌ ယခုမနက်အစောပိုင်း  လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်များပျက်စီးခဲ့ကြောင်း သိရသည်။

▪️ ဇွန်၁၆ ရက်နေ့၊ မနက်၇နာရီ ၂မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ်များပျက်စီးမှုဖြစ်ပွားကြောင်း သိရသည်။

▪️ အဆိုပါ  သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

▪️ ရန်ကုန်တိုင်းအပါအဝင်တိုင်းနှင့်ပြည်နယ် အချို့၌လည်း ယနေ့ညပိုင်းအထိခန့်မှန်းချက်အရနေရာကွက်၍ မိုးကြီးနိုင်သည့်အပြင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေ ခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ယနေ့ မနက်ပိုင်းက
အကြံပြုထားသည်။

#YMG/NN #Yangon_Times