#Local_News
Published 14 June 2025
▪️ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင်မြန်မာနိုင်ငံသားအများအတွက်ကောင်စစ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအား အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာစိစစ်လက်ခံမည့်စနစ်ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
▪️ ကောင်စစ်ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများတွင် မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း၊ ထောက်ခံစာလျှောက်ထားခြင်းနှင့် ပြည်ဝင်ဗီဇာလျှောက်ထားခြင်းစသည့် ကောင်စစ်ဆိုင်ရာဝန်ဆောင်မှုများ ကို အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာဖြည့်စွက်၍ တိုက်ရိုက်လျှောက်ထားနိုင်သည့်စနစ်အား https://consularservicesmyanmarcgla.org/အင်တာနက်စာမျက်နှာမှတစ်ဆင့် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ထုတ်ပြန်ထားသည်။
▪️ အွန်လိုင်းကောင်စစ်ဝန်ဆောင်မှု ရယူလိုသူများအနေဖြင့် သက်ဆိုင်ရာလျှောက်လွှာများအလိုက် အွန်လိုင်း ဖောင်တွင်ဖြည့်စွက်၍ ကောင်စစ်ဝန်ချုပ်ရုံးသို့ တိုက်ရိုက်လျှောက်ထားနိုင်မည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ပြည့်စုံသည့် လျှောက်လွှာများအား ကောင်စစ်ဝန်ချုပ်ရုံးမှ အတည်ပြုကြောင်း လျှောက်ထားသူများထံသို့ အဆိုပါစနစ်မှတစ်ဆင့်ပြန်လည် အကြောင်းပြန်ကြားသွားမည်ဖြစ်ကြောင်း၊ စိစစ်အတည်ပြုချက်ရရှိပြီးသော လျှောက်လွှာရှင်များအနေဖြင့် လိုအပ်သည့်နိုင်ငံကူးလက်မှတ်၊ ဓါတ်ပုံ၊ Money Order နှင့် Return Envelope များအား ကောင်စစ်ဝန်ချုပ်ရုံးသို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times