#Local_News
Published_14 June 2025
▪️ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ကော့ဘော်ကျေးရွာ အတွင်းသို့ KNLA အဖွဲ့ နှင့် PDF များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အသက် ၄ နှစ် နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
▪️ ယမန်နေ့ ဇွန်လ ၁၂ ရက် ညနေ ၅ နာရီခွဲခန့်တွင် ကော့ဘော်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၇၀၀ ခန့်အကွာမှ လက်နက်ကြီးဖြင့် ရောက်ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့သဖြင့် အသက် ၄ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၃ ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊အဆိုပါထိခိုက် ဒဏ်ရာရရှိသူ ၃ ဦးအား ဘားအံမြို့ ပြည်သူ့ဆေးရုံသို့ တာဝန်ရှိသူများက ပို့ဆောင်စဉ် ရရှိသောဒဏ်ရာများဖြင့် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။
▪️ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
#Yangon_Times/PP