မုန်တိုင်းဆိုးလစ်ခ်၏လေပွေလှိုင်းများ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများ စတင်ဖြတ်ကျော်တော့မည်
#Local_News
Published 19 September 2024
#မုန်တိုင်းဆိုးလစ်ခ် #လေပွေလှိုင်း
#YMG/tthl #Yangon_Times
ရေဘေးသင့် ဒေသတွေကို လက်ရှိကာလပေါက်ဈေးထက်၄၀ ရာခိုင်နှုန်းလျော့ချပြီး အိမ်မိုးသွပ်တွေရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်(MCEF)က သိရပါတယ်။
#Local_News
Published 19 September 2024
#သွပ်အမိုးများရောင်းချ #ဈေး၄၀ရာခိုင်နှုန်းလျော့ချ
#YMG/NN #Yangon_Times
ရွှေကျင်မြစ်ရေဟာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေအမှတ်ကို ရောက်ရှိတော့မှာဖြစ်လို့ ရွှေကျင်မြို့နယ်ရှိ မြေနိမ့်ပိုင်းနေထိုင်ကြသူတွေအနေနဲ့ အထူးသတိပြုနေထိုင်ဖို့နဲ့ ရွေ့ပြောင်းဖို့ လိုအပ်သူတွေအနေနဲ့ ရွေ့ပြောင်းနေထိုင်ကြဖို့ သတိပေးထားပါတယ်။
#Local_News
Published 19 September 2024
#စစ်တောင်းမြစ်ရေကြီး #စိုးရိမ်ရေအမှတ်ကိုရောက်ရှိ
#YMG/tthl #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသရှိ ကျေးရွာတွေနဲ့ ဟိုတယ်အားလုံးအပြင် ညောင်ရွှေ အနောက်ဘက်က ဟိုတယ်တွေလည်း ရေဆက်လက်နစ်မြုပ်နေပြီး လက်ရှိအချိန်အထိ ဖောင်တော်ဦးအနောက်ဘက် ကျေးရွာအချို့ အကူအညီတွေမရောက်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 19 September 2024
#ကျေးရွာအချို့အကူအညီမရောက်သေး #အင်းလေးဒေသ
#YMG/NN #Yangon_Times
အစားအစာတွေ အစာအဆိပ်မသင့်အောင် ချက်ပြုတ်ပြီး(၄)နာရီအတွင်း စားသုံးနိုင်အောင် လှူဒါန်းသင့်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 19 September 2024
#အစာအဆိပ်မသင့် #(၄)နာရီအတွင်းစားသုံးနိုင်
#YMG/tthl #Yangon_Times
#Local_News
Published 19 September 2024
▪️ ရေကြီး၊ ရေလျှံမှုများကြောင့် စာသင်ကျောင်းများတွင် တင်ရှိနေသည့် နှုန်းများရှင်းလင်းရေးများဆောင်ရွက် လျှက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ထိုသို့လုပ်ဆောင်ရာတွင် ယနေ့ စက်တင်ဘာ ၁၉ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဆုံကုန်းရပ်ရှိ အ.မ.က စာသင်ကျောင်း၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်အ.ထ.က စာသင်ကျောင်းနှင့် ဆင်တဲကြီးကျေးရွာ၊ အ.မ.က(ဆင်တဲကြီး) စာသင်ကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မြို့မအလက(ခွဲ)ကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ မောင်းမဆည်ကျေးရွာရှိ စာသင်ကျောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန၊ တပ်ကုန်းမြို့နယ်၊ အလကခွဲဘုရင့်နောင်နှင့် ပျဉ်းမနားမြို့နယ်၊ (အ.ထ.က)သကြားစက်တွင် ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သောနုန်းများ၊ ရွှံ့နွံများအား ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ကဲ့သို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သဘာဝဘေး အန္တရာယ်ကြောင့် ပိတ်ထားရသည့် ကျောင်းများကို ယခုလကုန်တွင် ပြန်ဖွင့်နိုင်ရန် ကြိုးစားနေပြီး ပိတ်ထားရသည့် စာသင်ကျောင်းများဖွင့်လှစ်ရာတွင် စနေ၊ တနင်္ဂနွေများ၌ အစားထိုးပြန်တက်ခြင်း၊ ပိတ်ရက်များတွင် အစားထိုးပြန်တက်ခြင်းများ ပြုလုပ်ခြင်းများအပြင် စာမေးပွဲဖြေရမည့်အချိန်၌ ၎င်းတို့သင်ကြားပြီးစီးသည်အထိသာ စာမေးပွဲစစ်ပေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌကပြောကြားထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 19 September 2024
▪️ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ရှိ ရေဘေးရှောင်ကယ်ဆယ်စခန်းတွင် အစာအဆိပ်သင့်ပြီး ဆေးရုံတက်ခဲ့သည့် အတွင်းလူနာ ၄၁ဦး ဆေးရုံမှဆင်းခွင့်ရရှိ ပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
▪️ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူရတနာစာသင်တိုက်တွင် ရေဘေးရှောင်နေကြသော ရေဘေးသင့်သူများ စက်တင်ဘာလ ၁၈ ရက် မနက်ပိုင်းက အလှူရှင်များလာရောက်လှူဒါန်းသည့် ကြာဇံကြော်၊အချဉ်နှင့်ထမင်း၊ ကြက်ဥ၊ မကျည်းမှည့်ချက်များအား ကျေးရွာနေပြည်သူများမှ စားသုံးပြီးနောက် ဗိုက်နာခြင်း၊အော့အန်ခြင်းနှင့်ဝမ်း လျှောခြင်းစသည့် အစာအဆိပ်သင့် ရောဂါလက္ခဏာများဖြစ်ပွား၍ ပြည်သူ့ဆေးရုံကြီး ၊တောင်ငူမြို့သို့ ပြင်ပလူနာအဖြစ် ၆၈ဦး၊အတွင်းလူနာအဖြစ် ၆၅ဦး လာရောက်ကုသမှုခံယူခဲ့ကြောင်း သိရသည်။
▪️ ပြည်သူ့ဆေးရုံကြီး၊တောင်ငူမှ အထူးကုဆရာဝန်ကြီးများမှ အနီးကပ်ကြည့်ရှုကုသပေးခဲ့ရာလူနာများအခြေအနေမှာသက်သာကောင်းမွန်နေကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိလျှင်ရရှိခြင်း စက်တင်ဘာ၁၈ရက် ညနေပိုင်းတွင် ရောဂါဖြစ်ပွားရာ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူရတနာစာသင်တိုက်သို့ ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးမှူး၊ဒုတိယညွှန်ကြားရေးမှုးချုပ်၊ အုတ်တွင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ပါဝင်သောကွင်းဆင်းအဖွဲ့နှင့် ညောင်လေးပင်မြို့နယ်မှ ဆရာဝန်ဦးဆောင်သောဆေးအဖွဲ့တို့က ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
▪️ ဆေးရုံတက်လူနာများအနက် အတွင်းလူနာ၄၁ဦးသည် ရောဂါသက်သာကောင်းမွန်သဖြင့် စက်တင်ဘာ၁၉ရက်ယနေ့မနက်ပိုင်း၌ ဆေးရုံမှဆင်းခွင့်ပြုပြီး ဖြစ်ကြောင်းသိရသည်။
▪️ စက်တင်ဘာလ ၁၇ရက်နေ့ကလည်း ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင်လူဦးရေ ၁၀၀ကျော် အစာအဆိပ်
သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ သဘာဝဘေးဒဏ်ခံစားရသော ပြည်သူများအား အစားအသောက်များ လှူဒါန်းရာတွင် အလှူရှင်များအနေဖြင့် ပူပူနွေးနွေး ပြင်ဆင်ထားသည့် သန့်ရှင်းသော အစားသောက်များအား ပြင်ဆင်ပေးပို့လှူဒါန်းကြရန်နှင့် ကြီးကြပ်ရေးအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များနှင့် ဆက်သွယ်၍ ဆောင်ရွက်ရန်၊ ယာယီကယ်ဆယ်ရေးစခန်းများတွင် တာဝန်ယူဆောင်ရွက်နေကြသော စီမံခန့်ခွဲမှုအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ စခန်းများတွင် လှူဒါန်းကြသော အစားအသောက်များအား ကျန်းမာရေးနှင့် ညီညွတ်စေရန်နှင့် သန့်ရှင်းမှုရှိစေရန် ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပေးကြပါရန် ကျန်းမာရေးဌာနမှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 450 of 2157