#Local_News
Published 21 June 2025

▪️ ဇွန် ၂၁ ရက်နေ့၊ မနက် ၁၂နာရီ ၅၀ မိနစ်အချိန်ခန့်က၊ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ရွှေပြည်သာအမှတ်(၂)ရပ်ကွက်၊ သာယာအေးလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

▪️ အဆိုပါသတင်းရရှိသဖြင့် လွိုင်လင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လွိုင်လင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ ပင်လုံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက်၁ နာရီ၁၃ မိနစ်အချိန် တွင်မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times