#Local_News
Published_ 21 June 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်း PDF များက လက်နက်ကြီးများဖြင့် ကျေးရွာအတွင်း ပစ်ခတ်ခဲ့၍ ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
▪️ ဇွန်လ ၁၉ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမား များက အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက် နက်ကြီး ဗုံးသီးများမှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ကျေးရွာနေသူများ ဖြစ်ကြသည့် ဦးခင်မင်းဇော် (၅၈)နှစ်၊ ဦးစောထွန်း(၅၅)နှစ်၊ ဦးစိုးဇော်ဦး (၃၈)နှစ်၊ ဦးမြင့်ကို (၅၉)နှစ်နှင့် မဇူးရတနာကို(၃)နှစ်တို့ ၅ ဦးတွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
▪️ အလားတူ နံနက် ၈ နာရီတွင် မတ္တရာမြို့နယ်၊ လက္ကောင်းလေးကျေးရွာနေ ဦးသောင်းဌေး (၅၃)နှစ်သည် ကျေးရွာ၏အရှေ့ဘက်ရှိ ချောင်း၌ ငါးဖမ်းရန်သွားစဉ် ကျေးရွာနှင့် ၃ ဖာလုံခန့်အကွာ အရောက် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးသောင်းဌေးတွင် ယာခြေသလုံးအောက်မှ ပြတ်ထွက်ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း သိရသည်။
▪️ အထက်ပါဖြစ်စဉ်များမှ PDF အမည်ခံအကြမ်းဖက်သမားများ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ဗုံးသီးကျ ရောက်ပေါက်ကွဲမှုနှင့် နင်းမိုင်းပေါက်ကွဲမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား မန္တလေး ပြည်သူ့ဆေးရုံကြီး၌ ဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးကာ လိုအပ်ချက်များအပေါ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထု နှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
#Yangon_Times/PP