#Local_News
Published 24 June 2025
▪️ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှတိုက်ခန်းဝယ်ယူခွင့် မဲပေါက်သူများအေနဖြင့် တိုက်ခန်းနေရာ အတွက် ကိုယ်တိုင် မဲနှိုက်ရမည်ဖြစ်ပြီးယခုလ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် မဲနှိုက်ရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
▪️ မဲနှိုက်ခွင့်ရရှိသူများကိုလည်း ယနေ့ (ဇွန်လ ၂၄ ရက် )မှစတင်ပြီး တစ်ဦးချင်းဆက်သွယ် အကြောင်းကြားသွားမည်ကြောင်း၊ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ ရောင်းချပေးမည့် တိုက်ခန်းများမှာ ၆ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၅၈၊ ၆၀၊ ၆၁၊ ၆၂၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇)တို့ရှိ အခန်းအကျယ် စတုရန်းပေ ၄၆၈ ပေရှိသော တိုက်ခန်းများနှင့် ၁၂ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၄၀၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၉၊ ၅၀) တို့ရှိ အခန်းအကျယ် စတုရန်းပေ ၃၂၄ ပေရှိသော အခန်းများဖြစ်ပြီးဈေးနှုန်းများမှာ အခန်းအကျယ်နှင့် အထပ်အနိမ့်အမြင့်အပေါ် မူတည်ကာ တစ်ခန်းလျှင် ကျပ် ၁၂၅ သိန်းမှ ကျပ်သိန်း ၃၂၀ အထိရှိကြောင်း သိရသည်။
▪️ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများအား ငွေလက်ငင်းအကြေပေးသွင်းခြင်းနှင့် သုံးလအတွင်း အရစ်ကျပေးသွင်းနိုင်သူများအား ရောင်းချပေးရန်အတွက် ရန်ကုန်မြို့ရှိ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ဖေဖော်ဝါရီလ ၂၁ ရက်အထိ လျှောက်လွှာများ ရောင်းပေးခဲ့ခြင်းဖြစ်ကာလျှောက်လွှာဝယ်ယူသူ ၃၀,၀၀၀ ကျော်မှ ၂၈,၀၀၀ ကျော်ခန့်က အခန်းဝယ်ယူရန် လျှောက်လွှာပြန်လည်တင်ပြခဲ့ကြောင်း သိရသည်။
▪️ တိုက်ခန်းဝယ်ယူခွင့်ရရှိသူများ တိုက်ခန်းနေရာ မဲနှိုက်ရွေးချယ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်ချုပ်လမ်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန ဒုတိယထပ် အစည်းအဝေးခန်းမ၌ ဇွန်လ ၂၆ နံနက် ၉ နာရီခွဲတွင် အငြိမ်းစားဝန်ထမ်းများ၊ နေ့လယ် ၁ နာရီတွင် ပြည်သူများနှင့် ဇွန်လ ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ဝန်ထမ်းများအတွက် မဲနှိုက်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times