#Local_News
Published 28 June 2025
▪️ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)တွင် ဖွင့်လှစ်မည့် အချိန်ပိုင်းအနုပညာဒီပလိုမာအတန်းများကို အခြေခံပညာအထက်တန်း (၁၂) တန်း (သို့) (၁၀) တန်း တက်ရောက်ခဲ့သူ လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ ဖွင့်လှစ်မည့် သင်တန်းများမှာ ဂီတပညာဌာနတွင်စောင်း၊ ပတ္တလား၊ စန္ဒရား၊ တယော၊ အဆိုသဘင်ပညာဌာနတွင် မြန်မာ့ရိုးရာရုပ်သေးပညာ၊ မြန်မာ့ရိုးရာအကပညာ၊ ပန်းချီပညာဌာနတွင် ညအခြေခံပန်းချီပညာ၊ ရေဆေးပန်းချီရေးဆွဲနည်း၊ ဆီဆေးပန်းချီရေးဆွဲနည်းများ ၊ ပန်းပုပညာဌာနတွင် အခြေခံပန်းပုပညာ၊ မြန်မာ့ရိုးရာပန်းပုပညာ၊ ပန်းပုသွန်းလောင်းခြင်းနည်းပညာ၊ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာဌာနနှင့် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာ များပါဝင်ကြောင်း သိရသည်။
▪️ ဂီတ၊ သဘင်၊ ပန်းချီသင်တန်းများအတွက်သာ Section 1/2 ဖွင့်လှစ်မည်ဖြစ်ပြီး ပန်းပုနှင့် ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုသင်တန်းများအတွက် Section 1 တစ်ခုသာ ရှိမည်ဖြစ်ကြောင်း၊ သင်တန်းကာလ များမှာ Level (၁) ခုကို (၃) လ တက်ရောက်ရမည်ဖြစ်ပြီး စုစုပေါင်း Level (၃) ခုရှိသည့်အတွက် (၉) လ ကြာမြင့်မည်ဖြစ်သည်။
▪️ ထို့အပြင် ပေးအပ်မည့် ဒီပလိုမာလက်မှတ်မှာဂီတသင်တန်းများအတွက် Part time Diploma in Arts (Music)၊ သဘင်သင်တန်းများအတွက် Part time Diploma in Arts (Dramatic Arts) ၊ပန်းချီသင်တန်းများအတွက် Part time Diploma in Arts (Painting) ၊ပန်းပုသင်တန်းများအတွက် Part time Diploma in Arts (Sculpture) ၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာသင်တန်းအတွက် Part time Diploma in (Cultural Heritage Management) ဖြစ်ကြောင်း ၊Level (၁) ခုပြီးမြောက်တိုင်း အောင်လက်မှတ် ရရှိမည်ဖြစ်ပြီး Level (၃) ခုလုံး ပြီးမြောက်သွားသူသည် အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူဖြစ်ပါက ဒီပလိုမာလက်မှတ် အပ်နှင်းခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
▪️ သင်တန်းတက်ရောက်လိုသူများအတွက် လျှောက်လွှာပုံစံ များကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ သင်တန်းရေးရာဌာန (၁/ဈ၊ အောင်ဇေယျလမ်း၊ ၂၆ ရပ်ကွက်၊ ဒဂုံမြိုသစ်တောင်ပိုင်း) တွင် ဇွန်လ (၃၀) ရက်မှ ဇူလိုင်လ (၁၀) ရက်အထိ ထုတ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times