#Local_News
Published 7 June  2025

▪️ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့်မိသားစုများအား အရှည်ဆုံး ဗီဇာသက်တမ်းများကို ဇွန်လ ၉ ရက်နေ့မှစတင်၍ စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ အာဆီယံ ဗီဇာ လျှောက်ထားခြင်းဆိုင်ရာ အသိပေးကြေညာချက်အရသိရသည်။

▪️ အဆိုပါ ကြေညာချက်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးအနေဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသော မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များနှင့် ၎င်းတို့၏ အိမ်ထောင်ဖက်၊ သားသမီးများ အတွက် အကြိမ်များစွာ ဝင်ထွက်သွားလာနိုင်သော (Multiple Entry) ဖြင့် အရှည်ဆုံး ဗီဇာသက်တမ်း ၅ နှစ်ထိ၊ အရှည်ဆုံးနေထိုင်ခွင့်ကာလ ၁၈၀ ရက် ရှိသည့် တရုတ်နိုင်ငံဗီဇာအမျိုးအစားများကို ၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက်နေ့မှစတင်၍ စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

▪️ တရုတ်သံရုံးဖုန်း : 0095-9894853188 ( ရုံးတက်ရက် မွန်းလွဲ ၂နာရီမှ ၆နာရီ အထိ အီးမေးလ် : This email address is being protected from spambots. You need JavaScript enabled to view it. မန္တလေးကောင်စစ်ဝန်ချုပ်ရုံး (ကောင်စစ်ဆိုင်ရာ ဝန်ဆောင်မှုများ ပြန်လည်စတင်ခြင်း မရှိသေးပါ)ဖုန်း : 0095-9401470875 , 001070230-  ( ရုံးတက်ရက် မွန်းလွဲ  ၁နာရီ မှ ၅နာရီခွဲ )အီးမေးလ်: This email address is being protected from spambots. You need JavaScript enabled to view it. သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးဖော်ပြထားကြောင်း သိရသည်။

#YMG/NN #Yangon_Times