#Local_News
Published 26 June  2025

▪️ နေပြည်တော်_ရန်ကုန်အမြန်လမ်း၌ ရပ်ထားသည့် ခရီးသည်ယာဉ် ကို  နောက်ထပ် ခရီးသည်ယာဉ်တစ်စီးကအနောက်မှ  ဝင်တိုက်၍ ၁၀ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ ဇွန်၂၆ ရက်နေ့၊ မနက်၄ နာရီ ၁၅ မိနစ်အချိန်ခန့်က နေပြည်တော်_ရန်ကုန်အမြန်လမ်းမဘက်ခြမ်း၊ မိုင်တိုင်အမှတ်(၇၀/၃-၄)အကြားတွင် SCANIA အမျိုးအစား(အနီရောင်)ခရီးသည်ယာဉ်သည် စက်ချို့ယွင်း၍ ရပ်ထားသော YUTONG အမျိုးအစား(အပြာရောင်)ခရီးသည်ယာဉ်အား အနောက်မှ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ သတင်းရရှိသဖြင့် ဥသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ အဆိုပါ ယာဉ်တိုက်မှုကြောင့် SCANIA အမျိုးအစား(အနီရောင်)ခရီးသည်ယာဉ်ပေါ်ပါ ကျား(၅)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကလေး (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ၁၉၂ သူနာတင်ယာဉ်၊ ကြက်ခြေနီသူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times