#Local_News
Published 31 May 2025
▪️ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက ထိုင်းနိုင်ငံရှိ အမြန်လမ်းမိုးပျံတံတား ကရိန်းသံဘောင် ပြိုကျမှုကြောင့် ထိခိုက်သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများတစ်ဦးလျင် ထိုင်းဘတ်ငွေ (၁) သန်းစီလျော်ကြေးရရှိခဲ့ကြောင်းဗန်ကောက်မြို့၊ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
▪️ ထိုင်းနိုင်ငံ၊ စမုစခွန်၊ ဖလမ်းဆောင်လမ်းမကြီး (RAMA-2)၊ ၂၁ မိုင်ရှိ အမြန်လမ်းမိုးပျံတံတား တည်ဆောက်ရေး လုပ်ငန်းခွင်၌ ကွန်ကရစ်ဘလောက်တုံးများ ချိတ်ဆက်တပ်ဆင်စဉ် ကရိန်းသံဘောင် ပြိုကျမှု ကြောင့် မြန်မာနိုင်ငံသားအလုပ်သမား (၄) ဦး ထိခိုက်သေဆုံးခဲ့ရာ စေတနာနစ်နာကြေးများ ရရှိနိုင်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ အစီအစဉ်ဖြင့် ထိုင်းဘက်သက်ဆိုင်ရာ ကုမ္ပဏီ၊ မြန်မာအလုပ်သမားသံအရာရှိ၊ မြန်မာသံရုံး မိတ်ဆွေအဖွဲ့များအကြား ညှိနှိုင်းမှုပြုနိုင်ခဲ့ကြောင်း၊မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ နစ်နာမှုအတွက် စေတနာကြေးငွေများကို သေဆုံးသူ မိသားစုဝင်များထံ မှန်မှန်ကန်ကန်ရရှိ ခံစားနိုင်စေရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာ အလုပ်သမားသံအရာရှိမှတစ်ဆင့် မြန်မာဘက်သက်ဆိုင်ရာဌာနများ၊ လူမှုအဖွဲ့အစည်းများ အကူအညီရယူလျက် အဆိုပါမိသားစုဝင်များသို့ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
▪️ ထိုသို့ဆောင်ရွက်ချက်အရ မေလ ၃၀ ရက်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ ထိုင်း UDONSAK CHIANGMAI Co., Ltd ဘက်မှ လူသားချင်းစာနာထောက်ထားမှုအရ သေဆုံးနစ်နာမှု စေတနာကြေးငွေ တစ်ဦးလျင် ထိုင်းဘတ်ငွေ (၁) သန်းစီဖြင့် စုစုပေါင်းထိုင်းဘတ်ငွေ (၄) သန်း ကို မြန်မာသံရုံး၊ တာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ထိုင်း UDONSAK CHIANGMAI Co., Ltd တာဝန်ရှိသူများမှ သေဆုံးသူ အလုပ်သမားများ၏ မိသားစုဝင် (၄) ဦးထံသို့ လက်ရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times