ယနေ့ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းပွဲတော်များကို မြန်မာနိုင်ငံအနှံ့ ကျင်းပကြပြီး ဗုဒ္ဓဘာသာ ဝင်များက ဗောဓိညောင်ပင်အား ရေစင်များသွန်းလောင်းပြီး ကောင်းမှုကုသိုလ်ယူကြသည်။
ရန်ကုန်မြို့ လေးဆူဓာတ်ပုံ မြတ်ရွှေတိဂုံမြတ်ကြီး၌ ညောင်ရေသွန်းလောင်းကြပုံများကို ရုပ်သံအစီအစဉ် တင်ဆက်ပေးလိုက်ပါသည်။
Video-mnn, Edit- knl
၁၁ မေ ၂၀၂၅
တရုတ်သမ္မတရှီကျင့်ဖျင်နှင့် မော်စကိုတွင် တွေ့ဆုံရာတွင် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေး စင်္ကြံကို အကောင်အထည်ဖော် မြှင့်တင်ရေး ဆွေးနွေးခဲ့တယ်လို့ နစက ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားပါတယ်။
မော်စကိုမှအပြန် ပြည်တွင်းသတင်းဌာနများနှင့် လေယာဉ်ပေါ်တွင် တွေ့ဆုံမေးမြန်းမှုတွင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေး စင်္ကြံဆိုတာ တရုတ်နိုင်ငံရဲ့ One Blet One Road လမ်းကြောင်း နှင့်ချိတ်ဆက်ထားသည့် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှင် နိုင်ငံ (၃)နိုင်ငံကို ချိတ်ဆက်သည့် မဟာဗျူဟာ မြောက် စီးပွားရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး အဆိုပြု စီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေဖြင့် One Blet One Road လမ်းကြောင်း အပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်ပြီးတက်ကြွစွာပါဝင်ဆောင်ရွက်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက တရုတ်သမ္မတရှီကို ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ် သက်ပြီး မြန်မာနိုင်ငံရဲ့ ကျွန်တော်တို့ရဲ့ ကြိုတင်ပြင်ဆင်မှုများနဲ့ ရွေးကောက်ပွဲကိုလည်း အားပေးထောက်ခံတဲ့အကြောင်း သူ ဒါလေး ထပ်ပြီး ပြောပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြည်တွင်းသတင်းထောက်တွေကို ပြောပါတယ်။
“တရုတ်သမ္မတကြီးက ငလျင်နဲ့ပတ်သက်ပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကို ဆက်လက် ကူညီဆောင်ရွက်ပေးမယ် ဆိုတာကို အလေးအနက်ထားပြီး ပြောပါတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
တရုတ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးရာတွင် ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှဓးကြီးက ဆက်လက်ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတက်ရောက်ခဲ့စဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်နှင့် မေလ ၉ ရက်နေ့က တရားဝင်တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
#ymg/knl
#Daily_News
Published 10 May 2025
၁။ ငလျင်ဘေးသင့်ဒေသများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများသို့ ပုံမှန်အတိုင်း သွားရောက်လည်ပတ်နိုင်
၂။ ရေနွေးငွေ့စက်ခေါင်းမီးရထားဖြင့် ကလော-ရွှေညောင် ရထားလမ်းပိုင်းခရီးစဉ်သစ်ပြေးဆွဲမည်
၃။ ရန်ကုန်တိုင်း၌မိုးကြီးနိုင်ပြီး မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းအနီး၌ လေတိုက်နှုန်းမြင့်နိုင်
၄။ ရှီကျင့်ဖျင်နှင့်ဗလာဒီမာပူတင်တို့ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 May 2025
▪️ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၃ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းများ ယမန်နေ့က ရောက်ရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်ထားသည်။
▪️ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၃ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းဖြစ်သော Prefabricated House နှင့် ဆက်စပ်ပရိဘောဂများ စုစုပေါင်း ၁၅၇၆ စုံ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ မေလ ၉ ရက်က ဆိုက်ရောက်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၀ ရက်နေ့ နံနက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Ouyang Daobing က ဆိပ်ကမ်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့ပြင်တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးသည့် ၁၂ အသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းဖြစ်သော ဓာတ်ဆီ တန်ချိန် ၁၇၀၀၀ မှာလည်း ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ မေလ ၇ ရက်က ဆိုက်ရောက်ခဲ့ပြီး မေလ ၈ ရက်နေ့ နံနက်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Ouyang Daobing က ဆိပ်ကမ်း၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
#
Published 10 May 2025
▪️ မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုပ်ရှင်၊ သဘင်၊ဂီတ ရန်ပုံငွေပဒေသာ ကပွဲကို မေလ ၁၀ရက်မှ ၁၂က်အထိ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပွဲတော်ကာလအတွင်း YBS ယာဉ်လိုင်းများပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း YRTC မှ သိရ သည်။
▪️ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၏ ညွှန်ကြားချက်အရ YRTC က ပွဲတော်သို့ လာ ရောက်ကြည့်ရှုသည့် ပြည်သူများသွားလာမှုအဆင်ပြေစေရန်အတွက် နေ့စဉ် သတ်မှတ် လမ်းကြောင်းများအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ထိုသို့YBS ယာဉ်များပြေးဆွဲပေး ရာတွင်လည်း ပုံမှန်ယာဉ်စီးခ နှုန်းထားအတိုင်းသာ ကောက်ခံပေးသွားမည်ဖြစ် ကာခရီး စဉ်များအလိုက်ယာဉ်အစီးရေ(၇)စီးနှင့်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်၊ ဂီတ၊ သဘင်ရန်ပုံငွေ ပဒေသာကပွဲကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတအစည်း အရုံးတို့၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် မေလ ၁၀ ရက်မှ ၁၂ ရက်အထိ နေ့စဉ် ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် ဆက်စပ်ရုပ်သံလိုင်းများမှ လည်းတိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 May 2025
▪️ Great Wall Hotelမှ အမျိုးသမီးတစ်ဦး၏ ရုပ် အေ-လာင်းတစ်ခု ထုတ်ယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ မေလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Great Wall Hotel အဆောက်အဦအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ မနက် ၉နာရီ ၄၀ မိနစ်အချိန်တွင် မ(၁)ဦး၏ ရုပ်အလာင်းအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
အခုနှစ်သရက်သီးရာသီမှာ တရုတ်ဝယ်လိုအားရှိနေပေမယ့် ခရီးလမ်းကြန့်ကြာတာနဲ့ သယ်ယူပို့ဆောင်စရိတ်မြင့်မားတာတွေကြောင့် ပြည်တွင်းကထွက်ရှိတဲ့ သရက်သီးတင်ပို့မှုနည်းပါးနေတယ်လို့ သရက်ခြံပိုင်ရှင်နဲ့ ပို့ကုန်လုပ်ငန်းရှင်တွေဆီကသိရပါတယ်။
#Local_News
Published 10 May 2025
#သရက်သီးတင်ပို့မှုနည်းပါး #ပို့ကုန်လုပ်ငန်းရှင်
#YMG/NN #Yangon_Times
Page 419 of 2391