#Local_News
Published 26 July 2025

▪️ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)မှ ဒီဇင်ဘာလတွင် ပြုလုပ်မည့် JLPTအတွက် သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအရေအတွက်အများဆုံး (၇၀) စောင်နှုန်းဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီမှ သိရသည်။

▪️ ထို့ကြောင့် Group Form လျှောက်ထားမည့် သင်တန်းကျောင်းများအနေဖြင့် Online System တွင် Registration ပြုလုပ်ထားရန် လိုအပ်ပြီး မှတ်ပုံတင်လျှောက်ထား ခြင်း/Activate ပြုလုပ်ခြင်းအား ၂၈.၇.၂၀၂၅ မှ ၁.၈.၂၀၂၅ အထိ Online System မှ တဆင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လျှောက်လွှာလက်ခံမည့်ရက်နှင့် ပတ်သက်၍ ထပ်မံကြေငြာသွားမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများအတွက် တစ်ကျောင်းလျှင် လျှောက်လွှာအရေအတွက်အများဆုံး (၇၀) စောင်နှုန်း ဖြင့် လက်ခံသွားမည်ဖြစ်ရာ သက်တမ်း ရှိလိုင်စင်တခုအား သင်တန်းကျောင်းတစ်ကျောင်း ဟုသတ်မှတ်ကြောင်း၊ ပိုင်ရှင် အမည်တူ လိုင်စင်အခွဲများ အကြုံးမဝင်ကြောင်း၊ အချက်အလက် စုံလင်စွာမပါ သော လျှောက်ထားခြင်းများနှင့် သက်တမ်းကုန်နေသည့် လိုင်စင်များအား ထည့်သွင်း စဉ်းစားမည် မဟုတ်ကြောင်း သိရသည်။

▪️ ယခင်စာမေးပွဲတွင် Registration ပြုလုပ်ထားပြီး စာမေးပွဲဖောင်လျှောက်ထားခွင့် ရရှိထားပြီးသော သင်တန်းကျောင်းများအနေဖြင့် Registration ပြန်လည်လျှောက်ထားရန် မလိုအပ်သော်လည်း ယခင်က မှတ်ပုံတင်ထားသော သင်တန်းကျောင်းများ၏ Account မှာ Deactive status ဖြစ်နေမည် ဖြစ်သောကြောင့် Activate ပြန်လည် ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times