#Local_News
Published 26 July 2025
▪️ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ပြိုကျပျက်စီးခဲ့သော Sky Villa အဆောက်အဦ A အဆောင်မှ အမျိုးသား(၁)ဦး ရုပ်အလောင်းတစ်လောင်းကို ယနေ့ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ Sky Villa အဆောက်အဦ A အဆောင်အား Asiaworld ကုမ္ပဏီနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့ဇူလိုင်၂၆ရက်နေ့၊ မနက်၁၁ နာရီအချိန်တွင် ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် A အဆောင် (၄)လွှာ၊ အခန်းအမှတ် F4 မှ အမျိုးသား(၁)ဦး(စိစစ်ဆဲ )၏ ရုပ်အလောင်းအား ၁၁ နာရီ ခွဲ အချိန်တွင် ထုတ်ယူနိုင်ခဲ့ပြီး မြတ်သဒ္ဒါလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times