#Local_News
Published 27 June 2025
▪️ ယမန်နေ့ ညပိုင်းက ဒဂုံမြို့နယ် အလုံလမ်းနှင့်ပြည်လမ်းဒေါင့်တွင် ယာဉ်(၂)စီး တိုက်မှုဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းမှ သိရသည်။
▪️ ဇွန်လ၂၆ရက် ည၈နာရီ ၄၀မိနစ်အချိန်က ဒဂုံမြို့နယ် အလုံလမ်းနှင့်ပြည်လမ်းဒေါင့် တွင်ယာဉ်(၂)စီးတိုက်မှုဖြစ်ပွားကာလူထိခိုက်မှုရှိကြောင်းသတင်းရရှိသဖြင့် အနာဂတ် အလင်းတန်းပရဟိတအသင်းမှNo.1အရေးပေါ်လူနာတစ်စီးနှင့်No.4ရှာဖွေကယ်ဆယ်ရေးအထောက်ကူပြုယာဉ်တစ်စီးထွက်ခွါကူညီခဲ့ကြောင်း သိရသည်။
▪️ အခင်းဖြစ်ပွားရာနေရာ မှ လူနာကျား(၁)ဦး၊ မ(၁)ဦးအားမြေပြင်ကုသမှုများပြုလုပ်၍ အသင်းမှလူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ အခမဲ့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times