#Local_News
Published 27 June  2025

▪️ အုတ်တွင်းမြို့နယ်မှ မွေးစားမိဘ၏ မုဒိန်းကျင့် နှိပ်စက်ခဲ့၍  ‌ေ-သဆုံးခဲ့ရသည့် မီးငယ်လေးအမှုမှ တရားခံအား ထောင်ဒဏ် ၂၇ နှစ်နှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအပြင် ကြံရာပါဖြစ်သူကို ထောင်ဒဏ် ၂၇ နှစ်ချမှတ်လိုက်ကြောင်းSave The Trees Rescue Teamမှ သိရသည်။

▪️ အဆိုပါ အသက်ငါးနှစ်အရွယ်  ကလေးငယ်၏ အမှုကို အုတ်တွင်းရဲစခန်းမှ  ပြီးခဲ့သည့် ၂၀၂၄ခုနှစ်  စက်တင်ဘာ ၂၆ ရက်နေ့က အမှုဖွင့်လှစ်စုံစမ်းစစ်ဆေးခဲ့ပြီး နောက်ကျူးလွန်သူမွေးစားမိဘနှစ်ဦးကို ချက်ချင်းဖမ်းဆီးချုပ်နှောင်ခဲ့ကာ တရားစွဲဆို ကြားနာနေစဥ်  ကလေးငယ်မှာ ဒီဇင်ဘာလအတွင်း၌  ‌ေ-သဆုံးခဲ့ရကြောင်း၊

▪️ ကလေးငယ် ‌ေ-သဆုံးသွားသော်လည်း အမှုမှန်ပေါ်‌ပေါက်ရန် Save The Trees Rescue Teamမှ ဆက်လက်ကူညီဆောင်ရွက်ခဲ့ရာ ယနေ့ ဇွန်လ၂၇ရက် နေ့လယ် ၂နာရီအချိန်၌  တောင်ငူခရိုင်တရားရုံးမှ အပြီးသတ်အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

▪️ 'အမှုတည် ဆောက်ထားတဲ့ လမ်းကြောင်းအရတော့ အမြင့်ဆုံးပြစ်ဒဏ်ပေါ့နော် ၊ဒီထက် မြင့်တာလည်းမရှိဘူး၊ တစ်နှစ်နီးပါးလောက်တော့ ကျွန်တော်တို့ကြိုးစားခဲ့ရတယ်၊ လက်ရှိချမှတ်တဲ့ပြသ်ဒဏ်တွေကို ကျေနပ်ပါတယ်၊ ဘာမှတော့ ဆက်ပြောစရာတော့မရှိပါဘူး၊ ကလေးအတွက်လည်း တရားမျှတမှုရှိတယ်လို့ယူဆပါတယ်၊'ဟု လိုက်ပါကူညီဆောင်ရွက်ပေးသူ Save The Trees Rescue Team မှ ဥက္ကဌ ကိုကျော်သူရ က YMG သို့ပြောသည်။

▪️ အဆိုပါ ကွယ်လွန်သူမီးငယ်လေး(အသက်၅နှစ်) အား မုဒိန်းကျင့် နှိပ်စက် ခဲ့သောတရားခံတင်ဇော်၀င်းအား ပုဒ်မ၃၇၆(၃) အရထောင်ဒဏ်တသတ်လွတ်ရက်မရှိကျခံစေရန် ပုဒ်မ၃၂၆(၃)အရ ထောင်ဒဏ် ၂၀နှစ်( သီးခြားစီကျခံရန်)ပုဒ်မ ၃၂၅(၃)အရ ထောင်ဒဏ်၇နှစ် (သီးခြားစီကျခံစေရန်) ၊ကြံရာပါအားပေးကူညီသူတရားခံ မပိုပိုချစ်ပုဒ်မ၃၂၆(၃)အရ ထောင်ဒဏ် ၂၀နှစ် (သီးခြားစီကျခံရန်)ပုဒ်မ ၃၂၅(၃)အရ ထောင်ဒဏ်၇နှစ် (သီးခြာစီကျခံစေရန်)ကျခံစေရန် တောင်ငူခရိုင်တရားရုံးမှ အမိန့်ချမှတ်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။

▪️ မွေးစားမိဘများမှ  ရေနွေးပူဖြင့်လောင်း၊ လက်သီးဖြင့်ထိုးပြီး အဓမ္မပြုကျင့်ခံရပြီး သေဆုံးခဲ့သည့် ကလေးငယ်သည်  အုတ်တွင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စုရှိ ရွာတစ်ရွာတွင် နေထိုင်သူဖြစ်ပြီး  ကလေးငယ်၏ မိဘအရင်းမှာကွဲကွာနေပြီး အဘိုးအဘွားများက စောင့်ရှောက်ခဲ့ကြောင်း၊ နွမ်းပါးသူဖြစ်သောကြောင့်  ကလေးငယ်ကို စောင့်ရှောက်ရန် မတတ်နိုင်သဖြင့် တစ်ရွာတည်းနေသူ တင်ဇော်ဝင်းနှင့် ဇနီးဖြစ်သူတို့က မွေးစားခဲ့ကြောင်း၊ တစ်နှစ်ခန့်အကြာတွင် ကလေးငယ်မှာ ဦးနှောက်တွင် ငှက်ဖျားပိုးဝင်သည်ဟုဆိုကာတောင်ငူဆေးရုံသို့ မွေးစားမိဘများကပို့ဆောင်ခဲ့ကြောင်း၊ ဆေးရုံမှဆင်းလာချိန်တွင် ကလေးငယ်ကိုအဘိုးဖြစ်သူက ဒဏ်ရာများနှင့် ပြန်လည်တွေ့ရှိခဲ့သည့်အတွက်  Save The Trees Rescue Team သို့ဆက်သွယ်လာရာလိုက်ပါဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times