#Local_News
Published 19 April 2025
▪️ မတ်လ၂၈ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင်ဖြစ်သည့် နန်းမြင့်မျှော်စင်ပြိုကျမှုတွင် ပိတ်မိကျန်ရှိနေသည့် မ(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ကြွင်းကျန်ရုပ်အလောင်းအား ရှာဖွေထုတ်ယူရန် တံတားဦးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် (အမရပူရ) သိရိဆင်ကာလူမှုကူညီရေးအဖွဲ့၊ စိတ္တသုခလူမှုကယ်ဆယ်ရေးအဖွဲ့(တွံတေး)နှင့် အဖြူရောင်လူမှုကယ်ဆယ်ရေးအဖွဲ့(တွံတေး)အဖွဲ့များဖြင့်ပူးပေါင်း၍ ယနေ့ ဧပြီလ ၁၉ရက် မီစတင်၍ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ထို့အတူအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၂၁×၂၂ လမ်း၊ ၈၀ ×၈၁ ကြားရှိ အင်ကြင်းကွန်ဒို အဆောက်အအုံပြိုကျမှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ယနေ့တွင်ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ နံနက်၁၀နာရီ ၁၅ မိနစ်အချိန်တွင် ကျား(၁)ဦး ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
၁၈ ဧပြီ ၂၀၂၅
ငလျင်ဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်ရဲ့ မြို့အကွက်ချမှုပုံစံကိုလည်း ပြန်လည် တွက်ချက်ရေးဆွဲသွားရန်စီစဉ်နေတယ်လို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။
ဧပြီ၁၈ ရက်နေ့တွင် နေပြည်တော်ရှိ နစက ဥက္ကဋ္ဌ ရုံးအစည်းအဝေးခမ်းတွင်ကျင်းပခဲ့တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆို ခဲ့ခြင်းဖြစ်ပါ တယ်။
အဲသလိုစီစဉ်ရာမှာ ငလျင်မကြာခဏလှုပ်ခတ်လျက်ရှိသည့်နိုင်ငံများမှ အဆောက်အဦများတည်ဆောက် ထားရှိမှုများကိုနမူနာယူ၍ တည်ဆောက်မှုများ ဆောင်ရွက်သွားဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။ တွက်ချက်၍ရသည့် ငလျင်ကြောပေါ်တွင်တည်ရှိနေသည့် အဆောက်အဦ များကို ပြောင်းရွှေ့နေရာချထားရမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောတယ်လို့ နစကသတင်း ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။
ဝန်ထမ်းအိမ်ရာ များပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်ရက်ချ်စတာစကေး ၈ အထိခံနိုင်သည့် အဆောက်အဦများဖြစ်အောင် ဆောင်ရွက်သွားရန်လည်း ဗိုလ်ချုပ်မှူးကြီးက မှာကြားပါတယ်။
အဲဒီနောက်အစည်းအဝေးတက်ရောက်လာတဲ့ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် နစက ကောင်စီဝင်များ၊ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများက ငလျင်ဘေး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေမှုများကို ကဏ္ဍအလိုက်တင်ပြခဲ့ကြပါတယ်။
ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတကာမှလည်း ကူညီမှုများဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ဧပြီ ၁၇ ရက်၌ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နှင့်တွေ့ဆုံဆွေးနွေး ခဲ့ပြီး အာဆီယံအဖွဲ့ အနေဖြင့် ကူညီဆောင်ရွက်ပေးမယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ရှားခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် ယနေ့အထိ သေဆုံးသူ (၃၆၆၈) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၄၈၂၄) ဦး၊ ပျောက်ဆုံးသူ (၁၂၆) ဦးရှိပြီဖြစ်ပါတယ်။
#ymg/knl
#Daily_News
Published 18 Apirl 2025
၁။ မန္တလေးငလျင်ကြီးကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော် ပျက်စီးခဲ့ပြီး လူဦးရေ ၂ သန်းခန့်အရေးပေါ် အကူအညီများလိုအပ်နေ
၂။ ဘောဂဝတီနဂါးမယ်တော်စေတီတော်ကို ပရိတ်ချဉ်မျှင်ဖြင့် ရွှေထီးတော်တင်လှူ
၃။ MCEF မှ ငလျင်ဒဏ်သင့် နေအိမ် ၈၁ လုံးကို စစ်ဆေးအကြံပြုပေးခဲ့
၄။ တရုတ်သမ္မတရှီကျင့်ဖျင်က အဆင့်မြင့်မဟာဗျူဟာအသိုက်အဝန်းတည်ထောင်ရေး အဆိုပြုချက် ၃ချက်ကို မလေးရှားနိုင်ငံသို့ အဆိုပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေစျေး စံချိန်တင်မြင့်တက်ခြင်းနဲ့အတူ မြန်မာ့ရွှေပြင်ပပေါက်စျေးတစ်ကျပ်သား ကျပ်သိန်း၇၃သိန်းအထိရှိလာတယ်လို့ ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 18 Apirl 2025
#ကမ္ဘာ့ရွှေစျေးစံချိန်တင်မြင့်တက် #မြန်မာ့ရွှေပြင်ပပေါက်စျေးမြင့်
#YMG/SW #Yangon_Times
မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့် နေအိမ် ၈၁ လုံးကို စစ်ဆေးအကြံပြုပေးခဲ့ပြီးဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
#Local_News
Published 18 Apirl 2025
#MCEF #နေအိမ်၈၁လုံးကိုစစ်ဆေး
#YMG/SW #Yangon_Times
ရန်ကုန်-မန္တလေးအမြန်လမ်း ၉၈မိုင်၊ နဂါးညီနောင်ကျောင်းတိုက်ရှိ ဘောဂဝတီ နဂါးမယ်တော်စေတီတော်ကို ဧပြီလ၁၆ ရက်၊ မဟာသင်္ကြန်အတက်နေ့က ပရိတ်ချည်မျှင် ရေဆူဆရာတော် ဒေါက်တာ ဘဒ္ဒန္တအာဒိစ္စဝံသ ဆရာတော်ကြီး ကိုယ်တိုင်ပရိတ်ချည်မျှင်နဲ့ ခုနှစ်ဆူကုန်သော ထီးပဒေသာဘင် ရွှေထီးတော်တင်လှူပူဇော်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 18 Apirl 2025
#ဘောဂဝတီနဂါးမယ်တော်စေတီတော် #ပရိတ်ချဉ်မျှင်ဖြင့်ရွှေထီးတော်တင်လှူ
#YMG/NN #Yangon_Times
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် အိမ်ခြေ ၄၀,၀၀၀ ကျော်ပျက်စီးခဲ့ပြီး လူဦးရေ ၂ သန်းခန့်ဟာ အရေးပေါ် အကူအညီတွေနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ လိုအပ်လျက်ရှိနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးကထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
#Local_News
Published 18 Apirl 2025
#လူဦးရေ၂သန်း #အကူအညီများလိုအပ်
#YMG/SW #Yangon_Times
Page 412 of 2357