#Local_News
Published 14 March 2025
▪️ ဂျပန်က မြန်မာနိုင်ငံမှ နည်းပညာ အလုပ်သင်သင်တန်းသားများ ခေါ်ယူရာတွင် Laundry ကို လုပ်ငန်းအမျိုးအစားအသစ်အဖြစ်ထပ်မံဖြည့်စွက်လိုက်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ထုတ်ပြန်ထားသည်။
▪️ ဂျပန်နိုင်ငံအနေဖြင့် နည်းပညာအလုပ်သင်သင်တန်းအစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ နည်းပညာ အလုပ်သင် သင်တန်းသားများ ခေါ်ယူလျက်ရှိရာ လုပ်ငန်းအမျိုးအစားများနှင့် စပ်လျဉ်း၍ Organization for Technical Intern Training (OTIT) မှ အကြောင်းကြားလာခြင်းကို တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ကြေညာပေးခြင်းဖြစ်သည်။
▪️ ထိုအကြောင်းကြားစာ၌ (က) လုပ်ငန်းနယ်ပယ်အမှတ်စဉ် (၇)၊ Others ၏ အောက်တွင် Code No. 7-14-2 ဖြင့် Laundry ကို လုပ်ငန်းအမျိုးအစားအသစ်အဖြစ် ထပ်မံဖြည့်စွက်ထားပြီး ဆောင်ရွက်ရ မည့် လုပ်ငန်းတာဝန် (Operation) မှာ Laundry Work for General Households ဖြစ်ကြောင်း၊(ခ) Code No. 7-14-1 (Linen Supply) ကို Laundry ဟု အမည်ပြောင်းလဲသတ်မှတ်ထားကြောင်း ဖော်ပြပါရှိသည်။
▪️ ထို့ကြောင့် တိုကျိုမြို့ရှိ မြန်မာသံရုံးက နည်းပညာအလုပ်သင်သင်တန်း အစီအ စဉ်ဖြင့် လာရောက်လုပ်ကိုင်နိုင်သည့် လုပ်ငန်းအမျိုးအစားများ ပြင်ဆင်၊ ဖြည့်စွက် ထားခြင်းအပေါ် သိရှိနိုင်ရန် အသိပေးခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 14 March 2025
▪️ ပြည်တွင်း/ပြည်ပ နိုင်ငံတကာပညာရေး အခွင့်အလမ်းများအတွက် နိုင်ငံတကာပညာရေးပြပွဲကြီး 'IBE International Education Fair 2025'ကို ရန်ကုန်မြို့ရှိ Sedona Hotel တွင် နှစ်ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပွဲကို IBE Education Fair Intel-Bridge Education မှ ပြည်တွင်း၌ ကျောင်းတက်ချင်သူများအပြင် ပြည်ပ၌ ပညာတော်သင်သွားချင်သူများအတွက်ပါ အဆင်ပြေအကျိုးရှိစေရန် ရည်ရွယ်၍ မတ်လ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ Sedona Hotel (Grand Ballroom) တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲတွင် ဥရောပနိုင်ငံများမှ ကျောင်းများနှင့် အရှေ့တောင်အာရှနိုင်ငံတွေ China, Korea, Malaysia, Singapore နဲ့ Thailand တို့မှ ကျောင်းများပါ ပါဝင်သွားမည် ဖြစ်သည်။
▪️ ထို့အပြင် နိုင်ငံအသီသီးရှိ ကျောင်းများ၏ Representative တွင် လေ့လာနိုင်မည်ဖြစ်သည့်အပြင် သိလိုသည်များကိုပါ တိုက်ရိုက်မေးမြန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
▪️ ၎င်းအပြင် ပြည်တွင်းနာမည်ကြီး နိုင်ငံတကာကျောင်းများ၏ Representative များကိုလည်း သိရှိနိုင်မည်ဖြစ်သည့်အတွက် ပြည်တွင်းတွင် ကျောင်းတက်ရန် စဉ်းစားထားသည့် ကျောင်းသား၊ ကျောင်းသူများ အတွက်လည်း ရွေးချယ်စရာ နိုင်ငံတကာ ပညာရေးလမ်းကြောင်းများ ပညာရေးအခွင့်အလမ်းများကို တိုက်ရိုက်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အနောက်ဘက်၅ မိုင်အကွာကြိုပင်ရိုးကျေးရွာ၊ ရန်ပြေအေးကျောင်းတိုက်ရှိ ပြည်လုံးချမ်းသာစေတီတော်ကြီးကို မတ်လ ၁၃ ရက်၊ တပေါင်းလပြည့်နေ့က ပရိတ်ချည်မျှင် ရေဆူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အာဒိစ္စဝံသ (ဘတ်ဒန်ဒ အာဒိတ်စဝန်သ) ဆရာတော်ကြီးကိုယ်တိုင် ပရိတ်ချည်မျှင်နဲ့ ထီးတော်တင်လှူပူဇော်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 14 March 2025
#ထီးတော်တင်လှူ #ပရိတ်ချည်မျှင်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF)မှ ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်စေရေး လက်တွဲပူးပေါင်း ဆောင်ရွက်ဖို့အတွက် အသင်းအဖွဲ့တွေ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လျှက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 14 March 2025
#MCEFဖိတ်ခေါ်နေ #လုပ်ငန်းရှင်များအသင်းချုပ်
#YMG/SW #Yangon_Times
စီးပွါးရေးလုပ်ငန်းရှင်တွေအတွက် လုပ်ငန်းတိုးချဲ့နိုင်ဖို့ Commercial Loan ကို မြန်မာနိုင်ငံဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHID Bank)မှာ လျှောက်ထားရယူနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 14 March 2025
#စီးပွါးရေးလုပ်ငန်းရှင်များ #Commercial_Loan
#YMG/SW #Yangon_Times
ကမ္ဘာမှာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိတဲ့ မျိုးစိတ်ဖြစ်တဲ့ စာဝါကျားငှက်ကို ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံကပြင်ကျေးရွာမှာသုတေသနပြုလုပ်ရာ အကောင်ရေ ၄၀၀၀၀ နီးပါး တွေ့ရှိရတယ်လို့ ဟောင်ကောင်ငှက်ကြည့်အဖွဲ့အစည်း (HKBWS)က အခုမတ်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။
#Local_News
Published 14 March 2025
#ကမ္ဘာ့ရှားပါးငှက်မျိုးစိတ် #စာဝါကျားငှက်
#YMG/NN #Yangon_Times
#Local_News
Published 14 March 2025
▪️ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲ (Forum on Myanmar Beyond 2025; Challenges and Opportunities in the Multipolar World) ကို မတ်လ (၂၁) ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)တွင် ကျင်းပမည်ဖြစ်ရာ စိတ်ပါဝင်စားသူများအား တက်ရောက်ရန် ဖိတ်ခေါ်ကြောင်း သိရသည်။
▪️ အဆိုပါ သုံးသပ်ဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာနမှ ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပခြင်းဖြစ်သည်။
▪️ ဆွေးနွေးပွဲတွင် “ပြောင်းလဲနေသော ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနှင့်အာရှ၏ အခန်းကဏ္ဍ”၊ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီစီးပွားရေး စိန်ခေါ်မှုများနှင့် ရရှိနိုင်သည့်အခွင့်အလမ်းများ” ၊ “၂၀၂၅အလွန် ဗဟုဝင်ရိုးကာလတွင် မြန်မာနိုင်ငံကြုံတွေ့ရမည့် ပထဝီနိုင်ငံရေးစိန်ခေါ်မှုများနှင့်ရရှိနိုင်သည့် အခွင့်အလမ်းများ” စသည့် ခေါင်းစဉ်သုံးခုကို တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီ၊ နီပေါနိုင်ငံတို့မှ ပထဝီစီးပွားရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် ပြည်တွင်းမှပညာရှင်များက ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပြီး နိုင်ငံတကာမှလေ့လာသုံးသပ်သူများ (Observers) လည်း ပါဝင်တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် သုံးသပ်ဆွေးနွေးပွဲကို နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏အခြေအနေမှန်ကို ကမ္ဘာကသိရှိစေပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန်စွပ်စွဲပြောဆိုမှုများကို တန်ပြန်ချေဖျက်၍ နိုင်ငံ့ပုံရိပ်မြှင့်တင်ရန်နှင့် ၂၀၂၅ ခုနှစ်အလွန် ပြောင်းလဲလာနေသည့် ကမ္ဘာ့အခင်းအကျင်းဖြစ်သော ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) တွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအား သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
▪️ ၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲသို့ တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် https://myanmarnarrative.org/ ၏ Registration Form မှတစ်ဆင့် အမည်စာရင်းပေးသွင်းနိုင်ပြီး အစီအစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲ၊ တယ်လီဖုန်းအမှတ် ၀၆၇ ၃၄၁၂၁၈၇ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 409 of 2314