#Daily_News
Published 02 September 2024
၁။ လူကြီးလူနာ၊ လေဖြတ်နေသူများနှင့်ခွဲစိတ်ကုသရန်လိုသူများအတွက် ငွေကြေးအကူအညီတောင်းခံမှုပိုများလာ
၂။ U - 21 မြင်းစီး အရည်အချင်းစစ် ပြိုင်ပွဲပြုလုပ်မည်
၃။ တောင်ငူတွင် ရေဘေးရှောင်မိသားစုများနှင့်နေရပ်စွန့်ခွာမိသားစုများအတွက် စားနပ်ရိက္ခာများလိုအပ်နေ
၄။ နိုင်ဂျီးရီးယားမှပထမဆုံးအပေါ့စား ရထားလိုင်းတွင်စိတ်ကူးထားသလိုအလုပ်နေရာရသွားသည့်ရထားယာဉ်မောင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 2 September 2024
▪️ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၌ မီးလောင်မှုတစ်ခု ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ရာ တစ်နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ စက်တင်ဘာ ၂ ရက်နေ့၊ မနက်၄ နာရီ ၄၀ မိနစ် အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကုန်သည်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် လပွတ္တာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၅ နာရီ ၁၅မိနစ် အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_2 Sept 2024
▪️ လူမှုကရုဏာလုပ်ငန်းများတွင် အသုံးပြုရန် အမေရိကန်ဒေါ်လာ ၄ သိန်း ၂ သောင်းကျော်တန်ဖိုးရှိ ဆေးဝါးသုံး ပစ္စည်းများကို စက်တင်ဘာလ ၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ ယင်းကို ဂျပန်နိုင်ငံရှိ ingo PEACE က မြန်မာနိုင်ငံကြက်ခြေနီ အသင်းသို့ ရန်ကုန်မြို့ရှိ Chatrium Hotel ၌ အခမ်းအနားဖြင့် လှူဒါန်းခဲ့ခြင်းလည်းဖြစ်ပြီး အဆိုပါ ဆေးဝါးများကို မြန်မာနိုင်ငံဒေသအသီးသီးရှိ လိုအပ် သောနေရာဒေသများသို့ ဖြန့်ဖြူးပေးဝေသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
▪️ "ingo PEACE က ပေ ၂၀ ကွန်တိန်နာတစ်လုံးစာ ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၄ သိန်း ၂ သောင်းကျော် တန်ဖိုးရှိဆေးပစ္စည်းနဲ့ ဆေးဘက်ဆိုင်ရာသုံးပစ္စည်းတွေကို ပထမဦးဆုံးအကြိမ်လှူဒါန်းတာပါ။အခုလှူဒါန်းတာ ကမြန်မာနိုင်ငံကြက်ခြေနီအသင်းကတစ်ဆင့် မြန်မာ နိုင်ငံပြည်သူ၊ပြည်သားတွေ အကျိုးရှိတာပဲဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်း၏တာဝန်ရှိသူ တစ်ဦးက ပြောသည်။
▪️ အခမ်းအနားတွင် လှူဒါန်းခြင်းအထိမ်းအမှတ်လက်မှတ်ရေးထိုးကြပြီး ingo PEACE. မှ S.M. NAZRUL ISLAM က USD 470,307 ဒသမ 23 တန်ဖိုးရှိ ဆေးဝါးများနှင့် ဆေးလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများကို လွှဲပြောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
#Yangon_Times/PP
အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆောင်းတုပ်ကွေးမဖြစ်အောင် ရာသီတုပ်ကွေးကာကွယ်ဆေးလည်းကြိုတင်ထိုးထားနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 02 September 2024
#ရန်ကုန် #ရာသီတုပ်ကွေးအဖြစ်များနေ
#YMG/tthl #Yangon_Times
တောင်ငူမှာ စစ်တောင်းမြစ်ရေအနည်းငယ်ကျသွားပေမယ့် စိုးရိမ်ရေအမှတ်အထက်မှာ ရှိနေဆဲဖြစ်လို့ ရေဘေးရှောင်ပြည်သူတွေအတွက် ရေသန့်နဲ့စားနပ်ရိက္ခာတွေလိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 02 September 2024
#ရေဘေးရှောင်မိသားစုများ #စားနပ်ရိက္ခာများလိုအပ်နေ
#YMG/tthl #Yangon_Times
နေပြည်တော်၌ U-21(အသက် ၂၁နှစ်အောက်)တန်းခုန် မြင်းစီးအရည်အချင်းစစ် ပြိုင်ပွဲကိုအခုလအတွင်းပြုလုပ်သွားမယ်လို မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲချုပ် ကသိရပါတယ်။
#Local_News
Published 02 September 2024
#U-21 #မြင်းစီးပြိုင်ပွဲ
#YMG/NN #Yangon_Times
လတ်တလောမှာ ကလေးလူနာတွေထက် လူကြီးလူနာ၊ လေဖြတ်နေသူတွေနဲ့ ခွဲစိတ်ကုသရန်လိုသူတွေအတွက်ငွေကြေးအကူအညီတောင်းခံမှုပိုများလာတယ်လို့ သိရပါတယ်။
#Local_News
Published 02 September 2024
#ငွေကြေးအကူအညီတောင်းခံ #ခွဲစိတ်ကုသရန်လိုသူ
#YMG/tthl #Yangon_Times
Page 409 of 2097