Published_12 June 2024
ယခု၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် နှစ်လတာအတွင်း ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာသန်း၉၀ကျော် အထိကုန်သွယ်ထား ကြောင်းစီးပွားရေးနှင့်ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ကုန်သွယ်ထားရာတွင် ၂၀၂၄ခုနှစ်ဧပြီလ ၁ရက်မှ မေလ၃၁ရက်နေ့အထိ ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၇၂ဒဿမ၉၇၂သန်း ၊သွင်းကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁၉ဒဿမ၈၂၄သန်း စုစုပေါင်း ကုန်သွယ်မှုပမာဏ ၉၂ဒဿမ ၇၉၆သန်း ကုန်သွယ်ထားကြောင်းသိရသည်။
ထို့အပြင် ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇွန်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၄.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၅.၀၀၀) ဒေါ်လာသန်းဖြစ်ပြီး ဇွန်လ (၃) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၂.၃၂၃) ဒေါ်လာသန်း၊ သွင်းကုန် (၁.၀၂၄) ဒေါ်လာသန်း၊ စုစုပေါင်း (၃.၃၄၇) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၆၆.၉၃၀%) ဆောင်ရွက်နိုင်ခဲ့ ကြောင်းသိရသည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇွန်လ (၃) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ပဲမျိုးစုံ၊ ငရုတ်ခြောက်၊ သရက်ပြားခြောက်၊ မန်ကျည်းသီး(အစေ့ပါ)၊ ချဉ်ပေါင်ဖာလာ၊ ကော်ဖီစေ့၊ ကြက်သွန်နီနှင့် အလူမီနီယံဖြတ်စတို့ တင်ပို့နိုင်ခဲ့ပြီးသွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများ၊ စက်သုံးဆီများနှင့် CMP ပစ္စည်းများတင်သွင်းနိုင်ခဲ့ ကြောင်းသိရသည်။
ထို့အပြင် ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂) ရက်မှ (၃) ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇) ဒေါ်လာတို့ဖြင့် တန်ချိန် (၅၂၅) တန်၊ တန်ဖိုး (၀.၁၈၂) ဒေါ်လာသန်း၊ ငရုတ်ခြောက် တန်ချိန် (၄၆.၃)တန်၊ တန်ဖိုး (၀.၀၆၉) ဒေါ်လာသန်း၊ ပဲမျိုးစုံ တန်ချိန် (၅၈၉)တန်၊ တန်ဖိုး (၀.၅၀၁) ဒေါ်လာသန်း၊ ချဉ်ပေါင်ဖာလာ တန်ချိန် (၂၄.၉) တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ကြက်သွန်နီ တန်ချိန် (၂၀၇.၅) တန်၊ တန်ဖိုး (၀.၀၈၂) ဒေါ်လာသန်း၊ ကော်ဖီစေ့ တန်ချိန် (၃၄) တန်၊ တန်ဖိုး (၀.၁၃၆) ဒေါ်လာသန်း၊ အလူမီနီယံဖြတ်စ တန်ချိန် (၆၆.၈၇) တန်၊ တန်ဖိုး (၀.၁၂၀) ဒေါ်လာသန်းနှင့် မကျည်းသီး(အစေ့ပါ) တန်ချိန် (၁၅.၅) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ကြောင်း၊ အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ ကြွေးပြား၊ ကားတာယာ၊ လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီး၊ လူသုံးအဝတ် အထည်များနှင့် စက်သုံးဆီတို့ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၁၆၁.၂၅၀) တန်၊ တန်ဖိုး (၀.၁၃၇) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၀၃.၀၀၀) တန်၊ တန်ဖိုး (၀.၃၁၃) ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်း တန်ချိန် (၂၁၀.၃၂၀) တန်၊ တန်ဖိုး (၀.၁၇၇) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
Published_12 June 2024
ရွှေတိဂုံစေတီတော်မြတ်ကြီးဖူးမြော်ခွင့်ကို ယခင်က မနက်(၅)နာရီမှည(၉)နာရီ အထိ သတ်မှတ်ထားရာမှ ဇွန်လ၂၁ရက်မှစတင်ပြီး မနက်(၄)နာရီမှည(၁၀)နာရီအထိ ဖူးမြော်ခွင့်တိုးမြှင့်ပေးလိုက်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ထံမှသိရသည်။
မနက်အစောကြီးအာရုဏ်တက်ချိန် ၄နာရီကစလို့ ရွှေတိဂုံဘုရားဖူးမြော်နိုင်မှာဖြစ်၍ အဓိဌာန်ဝင်မည့်သူများ၊ အာရုဏ်ဆွမ်းဆက်ကပ်လှူမည့်သူများပိုမိုအဆင်ပြေစေသလို ညပိုင်း(၁၀)နာရီအထိ ဖူးမြော်ခွင့်ရသည့် အတွက် ရုံးဆင်းချိန် ရုံးသမား၊အလုပ်သမားများ ညပိုင်းဘုရားဖူးသွားရောက်ရာတွင်ပိုမိုအဆင်ပြေစေမည်ဖြစ်သည်ဟု ဘုရားဖူးများထံမှသိရသည်။
ကိုဗစ်မတိုင်ခင်က ရွှေတိဂုံစေတီတော်ကို မနက်(၄)နာရီမှည(၁၀)နာရီအထိဖူးမြော်ခွင့်ရခဲ့သော်လည်း ကိုဗစ်ကာလမှာ မနက်(၆)နာရီမှည(၆)နာရီအထိသာဖူးမြော်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၂ခုနှစ်တွင် မနက်(၅)နာရီမှ ည(၈)နာရီအထိသတ်မှတ်ခဲ့ပြီး၂၀၂၄ခုနှစ်နှစ်စတွင် မနက်(၅)နာရီမှည(၉)နာရီ အထိဘုရားဖူးချိန်တိုးမြှင့်ခဲ့ပြီး ယခုအခါ မနက်(၄)နာရီမှည(၁၀)နာရီအထိ ဖူးမြော်ခွင့်တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံအချို့က ဝယ်ယူမှုများနေတဲ့အတွက် ပြောင်းဈေးမှာ ဆက်လက်မြင့်တတ်လာတယ်လို့ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများ အသင်းထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
ကွယ်လွန်သွားတဲ့ စာရေးဆရာကြီး ဦးတင်မောင်ထွေး (နတ်ရေကန်)ဟာ‘နတ်ရေကန် ရွှေစောင်းဆု’ ဆိုပြီးစာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်စတဲ့ အနုပညာလောက သားတွေထဲက အနုပညာထူးချွန်သူတွေ၊ လူမှုရေး ထူးချွန်သူတွေကိုပေးအပ်တယ်။၂၀၂၄ခုနှစ်ထဲမှာ သရုပ်ဆောင်ထူးခန့်ကျော်ကို ‘နတ်ရေကန် ရွှေစောင်းဆု’နဲ့ ငွေကျပ် ၁၅သိန်း ပေးအပ်ခဲ့တယ်။
Yangon_Times/tthl
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
“ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းစီမံကိန်း” ကာလကို အခုလကုန်အထိတိုးမြှင့်ဆောင်ရွက်နေ တယ်လို့ ဧရာဝတီတိုင်းဒေသကြီး၊ဦးစီးမှုးရုံးက သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
အခြားဒေသ ထွက် သံပုရာသီး တွေ ဈေးကွက် ထဲ အဝင်များ လာတဲ့ အတွက် ရှမ်းပြည်နယ်က ထွက် ရှိတဲ့ သံပုရာသီး မှာ တစ်ပိသာ ကို ကျပ်၅၀၀၀ကျော် ဈေးကျဆင်းလာတယ်လို အောင်ပန်းရှိ ကုန်စိမ်းပွဲရုံ တွေ ထံ က သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
ဂျပန်ဘာသာ N-5 Basic သင်တန်းနဲ့ အင်္ဂလိပ်စာသင်တန်းတွေဟာ ပုံမှန်အားဖြင့် ကျပ်တစ်သိန်း ခွဲကုန်ကျမှာဖြစ်ပြီး ပညာဒါနအနေနဲ့ အတန်းပညာမရှိသူတွေကိုရော အတန်းပညာရှိတဲ့သူတွေကိုပါ ကျပ်နှစ်သောင်းနဲ့ တက်နိုင်အောင်ဆောင်ရွက်ပေးမှာဖြစ်တယ်။
(ပွင့်သခင်ဂျပန်နှင့် အင်္ဂလိပ်စာသင်တန်းကျောင်း၊ တည်ထောင်သူ)
Yangon_Times/tthl
#Local_News
#Published_12 June 2024
#YMG #Yangon_Times #Yangon_Media_Group
Page 405 of 2008