Published-15 February 2024
လာမည့် ဇူလိုင်လတွင်ကျင်းပမည့် ၂၀၂၄ ခုနှစ် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ (JLPT) စာမေးပွဲအတွက်လူဦးရေလေးသောင်းလျှောက်လွှာခေါ်ယူနေကြောင်း(JLPT) စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှသိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ်အတွက် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ ဇူလိုင် (၇) ရက်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း ၊စာမေးပွဲအတွက် Online မှ လျှောက်လွှာလက်ခံမည့် လူဦးရေမှာ Level အားလုံးအလိုက် ၄၀၀၀၀ လက်ခံသွားမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတွင် Online System ဖြင့်လက်ခံခြင်းကို N1 ၊ N2 အတွက် မတ်လ (၆)ရက်၊ (၇)ရက်နှင့် (၁၅) ရက်တို့တွင်လည်းကောင်း၊ N3 အတွက် မတ်လ (၁၁)ရက် ၊ (၁၂)ရက်နှင့် (၁၅)ရက်တို့တွင်လည်းကောင်း၊ N4 အတွက် မတ် (၁၃) ရက်၊ (၁၄) ရက်နှင့် (၁၉)ရက် တို့တွင်လည်းကောင်း၊ N5 အတွက် မတ် (၇)ရက် ၊ (၈) ရက်နှင့် (၁၈) ရက်သတ်မှ တ်ထားကြောင်း သိရသည်။
Online မှ လျှောက်လွှာလက်ခံမည့် အချိန်မှာ System သို့ တစ်ပြိုင်နက်တည်း ဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ဘဲ လျှောက်လွှာလက်ခံကာလအတွင်း မိမိအဆင် ပြေသည့်ရက်တွင် Online System သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
သင်တန်းကျောင်းများအတွက် ရောင်းချ/လက်ခံခြင်း ကြိုတင်စာရင်းပေးသွင်းခြင်းကို Google form မှ တဆင့်
ဖေဖေါ်ဝါရီ (၁၉) ရက်မှ (၂၃) ရက်အတွင်း ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ကာ သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၇၀) စောင်နှုန်းဖြင့်သာ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ကျောင်းအရေအတွက် များပြားလာသဖြင့် အရေအတွက်လျော့ချ သတ်မှတ်ရခြင်းဖြစ်ပြီး မိမိတို့ကျောင်းမှ အမှန်တကယ် လိုအပ်သည့် ပမာဏကိုသာ လျှောက်ထားရန် လိုအပ်ကြောင်းသိရသည်။
လျှောက်ထားသည့် ကျောင်းအားလုံးအားခွဲဝေပြီး လျှောက်လွှာပိုမိုပါက (၇၀) စောင်ထက် ပိုမိုလျှောက်ထားသော ကျောင်းများအတွက် အညီအမျှခွဲဝေသတ်မှတ်ပြီး ရောင်းချပေးသွားမည်ဖြစ်ကာ လျှောက်လွှာ အရောင်းကာလကို
ရန်ကုန်စာဖြေဌာနအတွက် ဖေဖော်ဝါရီ (၂၉)ရက်မှ မတ်လ (၂) ရက် ၊ မန္တလေးစာဖြေဌာနအတွက် ဖေဖော်ဝါရီ (၂၉) ရက် မတ်လ (၁) ရက်အထိဖြစ်ကြောင်း သိရသည်။
စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေးများမှာ Level N1 ၊Level N2 ၊ Level N3 တို့အတွက် ၅၀၀၀၀ ကျပ်စီ ဖြစ်ပြီး Level N4 နှင့် Level N5 တို့အတွက် ၄၅,၀၀၀ ကျပ်စီဖြစ်ကြောင်း ၊ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင် နှင့် (၁၀)နှစ်အောက် ဖြေဆိုသူများအတွက် အတွက် ရောင်းချ/လက်ခံခြင်းကို လျှောက်လွှာအရောင်းကာလ နှင့် လက်ခံကာလ Level အား လုံးအတွက် မတ်လ (၄) ရက်မှ (၆) ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published _15 February 2024
၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ၁၀လတာအတွင်းပြည်ပနိုင်ငံများသို့ ရေထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာသန်း၆၀၀ခန့်ရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ထိုသို့တင်ပို့ရာတွင် ၂၀၂၃ခုနှစ် ဧပြီ၁ရက်မှ ၂၀၂၄ခုနှစ် ဇန်နဝါရီ၃၁ရက်အထိ ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်
တန်ချိန် (၄၀၂၀၀၀)ကျော်တင်ပို့ခဲ့ရာ အမေရိကန် ဒေါ်လာ(၅၈၇)သန်းကျော် ရရှိထားကြောင်း သိရသည်။
ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းများမှတဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်သည်။
မြန်မာ့ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများကို မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများ မှ ငါး၊ ပုစွန်၊ ဂဏန်း စသည့် ရေထွက်ကုန်တွေကို ပုံမှန်တင်ပို့နေခြင်းဖြစ်ကာ နိုင်ငံပေါင်း (၄၅) နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 15 February 2024
ရန်ကုန်မြို့ရှိ ထိုင်း သံရုံး တွင် ဗီဇာလျှောက်ထားသူများ ကို တစ်ရက်လျှင် ၄၀၀သာ လက်ခံမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးကထုတ်ပြန်ကြေညာထားသည်။
ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသည့် အရေအတွက်မှာများပြားလာသည့်အတွက် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ကစပြီး ဗီဇာလျှောက်ထားသူ အရေအတွက်ကို တစ်နေ့လျှင် လူဦးရေ (၄၀၀)သာ လက်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။
လာလျှောက်ထားသူများအနေဖြင့် တန်းစီစနစ်ကို ကျင့်သုံးရမည်ဖြစ်ပြီး ရုံးဖွင့်ရက်၏ နေ့စဉ် ရုံးဖွင့်ချိန် မတိုင်မီ နံနက်(၈)နာရီခွဲအချိန်ကစပြီး တုံကင်နံပါတ်ပေးမည်ဖြစ်ကြောင်း အသိပေးထားရှိသည်။
တုံကင်ပေးရာမှာလည်း ဗီဇာလျှောက်ထားသူကိုယ်တိုင် လာရောက်ယူရမည်ဖြစ်ပြီး လျှောက်ထားသူ၏ ပတ်စပို့ဖြင့် သေချာစစ်ဆေးပြီးမှသာ တုံကင်ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ တုံကင် ကို တခြားသူထံလွှဲပေးခြင်း တုံကင်နံပတ်ကို အလွဲသုံးစားပြုလုပ်ခြင်းနှင့်အတုအပ ပြုလုပ်သည် ကို တွေ့ရှိပါက ဗီဇာလျှောက်ထားခွင့်ကို ပိတ်ပင်မည်ဖြစ်ပြီး Blacklist ထဲ တွင် မှတ်တမ်းတင်ထားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
Yangon Times/LW
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၁၅ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိလိုသည်များကိုမေးမြန်းနိုင်မည့် ဖုန်းနံပါတ်များကို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ကြေညာချက်အပြည့်အစုံကို မူရင်းအတိုင်းအောက်တွင်ဖော်ပြအပ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ မဟုတ်မမှန်ဝါဒဖြန့်ချိမှုများနှင့် ကောလာဟလ သတင်းများကြောင့် ပြည်သူများ ထင်ယောင်ထင်မှားမဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိရှိလိုသည့် အချက်များကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်-
(၁) ၀၆၇-၃၄၀၄၉၁၁
(၂) ၀၆၇-၃၄၀၄၉၂၂
(၃) ၀၆၇-၃၄၀၄၉၃၃
(၄) ဝ၆၇-၃၄၀၄၉၄၄
(၅) ဝ၆၇-၃၄၀၄၉၅၅
စုံစမ်းမေးမြန်းခြင်းမဟုတ်ဘဲ အနှောင့်အယှက်ပေးဆက်သွယ်လာသည့် တယ်လီဖုန်း
နံပါတ်များကို မှတ်တမ်းတင်ကာ ယင်းဖုန်းဆင်းကဒ်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိ ပေးအပ်ပါသည်။
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၁၄ ဖေဖော်ဝါရီ ၂၀၂၄
ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေနှင့်ပတ်သက်၍ အမျိုးမျိုးထွက်ပေါ်နေသည့် ကောလာဟလ သတင်း များနှင့် ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ဖေဖော်ဝါရီ ၁၄ရက်တွင် ပြန်လည်တုန့်ပြန်ပြောကြားခဲ့ပါတယ်။
အဆိုပါတုန့်ပြန်ပြောကြားချက်အပြည့်အစုံကိုဖော်ပြပေးအပ်ပါတယ်။
@ymg/knl
#Daily_News
Published_ 14 February 2024
၁။ နဂါးနှစ်ကောင်ဆရာတော်ကြီး၏ အန္တိမဈာပနအတွက် ဟင်္သာလောင်တိုက်ပြင်ဆင်ထားပြီဖြစ်
၂။ ဂေါ်ဖီပန်းပွင့်တစ်ပွင့်လျှင် ကျပ်၁၀၀အထိ ဈေးကျဆင်းနေ၍ နွားစာအဖြစ် ဝယ်ယူအသုံးပြုနေကြပြီး တောင်သူများအရှုံးပေါ်နေ
၃။ မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ လာရောက်အပန်းဖြေသူ ယခင်ထက်နှစ်ဆများလာပေမယ့် ငှက်ကြည့်ရန် လာရောက်သူ အလွန်နည်းနေဟုဆို
၄။ ဘကီနာဖာဆို၏ တိုင်းပြည်လုံခြုံရေးမြှင့်တင်ပေးရန် ရုရှားတပ်သားများရောက်ရှိလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published 14 February 2024
ပြည်သူ့စစ်မှုထမ်းဥပဒေအရ လိုအပ်သောပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်ပြီးလျှင် သင်တန်းအမှတ်စဉ် တစ်ခုလျှင် စစ်မှုထမ်းရန် အကျုံးဝင်သူ အင်အား ၅၀၀၀ နှုန်းဖြင့် လစဉ်ခေါ်ယူသွားမည် ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းမှုနှင့် ပက်သက်ပြီး ပြည်တွင်းသတင်းမီဒီယာတစ်ခု၏ မေးမြန်းချက်အပေါ် သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ ပြန်လည်ဖြေကြားထားသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖြေကြားမှုတွင် သင်တန်း အမှတ်စဉ် တစ်ခုလျှင် အင်အား၅၀၀၀ဖြင့်လစဉ်ခေါ်ယူသွားမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀၀၀၀ နှုန်းလျာထား စီမံထားကြောင်း သိရသည်။
သင်တန်းပေးရာ တွင်စစ်မှုထမ်းဆောင်ရန်အကျုံးဝင်သော အမျိုးသားများကို အမှတ်စဉ် ၁ မှစတင်ခေါ်ယူမည် ဖြစ်သော်လည်း အကျုံးဝင်သော အမျိုးသမီးများကို သင်တန်းအမှတ်စဉ် ၅ မှသာ ခေါ်ယူရန် လျာထားကြောင်း သိရသည်။
သင်တန်းသားများ အနေဖြင့် သင်တန်းတတ်ရောက်စဉ်ကာလနှင့်သင်တန်းပြီးဆုံးပြီး တာဝန်ထမ်းဆောင်စဉ်ကာလ များ တွင် လစာစာရိတ် ရိက္ခာနှင့်အခြားခံစားခွင့်များကို လက်ရှိတာဝန်ထမ်းဆောင်နေသောစစ်မှုထမ်းများ အတိုင်း အပြည့်အဝခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သည့် ဖြစ်သည့်အတွက် ဥပဒေကို ရှောင်ရှားပြီး အခြားလက်နက်ကိုင်အဖွဲ့ထဲသို့ ဝင်ရောက်ပါက တည်ဆဲဥပဒေအတိုင်း အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများတွင် ကျောင်းတတ်နေသူများ အလုပ်လုပ်ကိုင်နေသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ၁၅ က တွင် ပါသည့်အတိုင်း ယာယီရွှေ့ဆိုင်းနိုင်ပြီး ပညာသင်ကြားမှုပြီးဆုံးချိန်နှင့် လုပ်ငန်းများဆောင်ရွက်ပြီးချိန် တွင် ပုဒ်မ ၁၅ ခ အရကာကွယ်ရေးတာဝန်အတွက် သတ်မှတ်ကာလ ပြီးဆုံးသည်အထိ စစ်မှုထမ်းရမည်ဖြစ်ကြောင်း ဖြေကြားထားသည်။
#YMG/LW #Yangon_Times
Page 400 of 1810