#Local_News
Published 13 January 2025
▪️ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ သီတဂူကေတုမတီအာယုဒါနဆေးရုံတော်၌ မျက်စိအလင်းအလှူတော် (၁၀၀၀၀)တစ်သောင်းပြည့်မြောက်သည်အထိ ခွဲစိတ်ပေး နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
▪️ ကျေးဇူးတော်ရှင်သီတဂူဆရာတော်ကြီး၏ဦးဆောင်လမ်းညွန်မှု၊ ရွှေရတုတိပ်ဋကဓရဆရာတော်ကြီးဦးဆောင်သော သာသနာပြုအဖွဲ့ကြီး၏ကူညီဆောင်ရွက်မှု၊ သီတဂူဒေါက်တာအရှင်တိက္ခသာရနှင့်အတူ အမြဲမပျက်ကုသိုလ်အရပ်ရပ်တို့ကိုကူညီစောင့်ရှောက်ပေးကြသော အနယ်နယ်အရပ်ရပ်မှကောင်းမှုရှင်စေတနာရှင် ဆရာဝန် သူနာပြု တပည့်များအားလုံးတို့၏ကူညီဆောင်ရွက်မှု၊ ဝေယျာဝစ္စကုသိုလ်ရှင်အားလုံးတို့၏ စိတ်စေတနာသဒ္ဓါစွမ်းအားတို့ဖြင့် သီတဂူကေတုမတီအာယုဒါနဆေးရုံတော်ကြီးမှာ မျက်စိအလင်းအလှူတော်ကို ပေးလှူခဲ့သည်မှာ ယမန်နေ့က မျက်စိအလင်းမျက်စိအလုံးအရေအတွက်မှာ (၁၀၀၀၀)တစ်သောင်းပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ တစ်သောင်းမြောက် မျက်စိဝေဒနာခွဲစိပ်ကုသခံယူသော ဦးထွန်းရွှေသည် ထန်းတပင်မြို့နယ် သပြေညွန့်ကျေးရွာမှဖြစ်ပြီး တစ်သောင်းပြည့်မြောက် မျက်စိခွဲကုသမှုခံယူသည့် ဦးထွန်းရွှေနှင့်ဆရာဝန်ကြီးများဂုဏ်ပြုပန်းစည်းများ၊ အလှူငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 11 January 2025
၁။ အသက် ၂နှစ်မှ၁၈နှစ်အတွင်း မသန်စွမ်းကလေးငယ်များကို ယူနီဆက်ထောက်ပံ့မည်
၂။ ပဲစင်းငုံတန်ချိန်၂၇၀၀ စုပေါင်းရောင်းချပွဲ၌ အပ်ကုန်စနစ်ဖြင့်ပါ လက်ခံပေးနေ
၃။ မြန်မာ-ဘယ်လာရုစ် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမည်
၄။ ၂၀၂၅ အီလက်ထရွန်နစ်နည်းပညာပြပွဲ၌ တရုတ် AI ထုတ်ကုန်ပစ္စည်းများ လူကြိုက်များ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုဘဏ္ဍာနှစ် ကိုးလတာအတွင်း ပြည်တွင်းသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု
FDI ပမာဏ အမေရိကန်ဒေါ်လာသန်း၆၀၀ကျော်အထိ ဝင်ရောက်ထား
တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)(ဒါကာ) ကသိရပါတယ်။
#Local_News
Published 11 January 2025
#FDI #ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
#YMG/NN #Yangon_Times
မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို Myanmar – Belarus Business Forum မှ သိရပါတယ်။
#Local_News
Published 11 January 2025
#မြန်မာ-ဘယ်လာရုစ် #ရင်းနှီးမြှုပ်နှံမှု
#YMG/SW #Yangon_Times
မကွေးတိုင်း၊ ရေနံချောင်းနဲ့မကွေးမြို့နယ်က ထွက်ရှိတဲ့ ပဲစင်းငုံတန်ချိန်၂၇၀၀ စုပေါင်းရောင်းချပွဲမှာ တောင်သူတွေမနစ်နာစေဖို့ အပ်ကုန်စနစ်နဲ့ပါ ဝယ်ယူပေးနေတယ်လို့ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ ၊(မကွေး )က သိရပါတယ်။
#Local_News
Published 11 January 2025
#ပဲစင်းငုံ #အပ်ကုန်စနစ်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံအတွင်းက အသက် ၂ နှစ်မှ ၁၈ နှစ်အတွင်း မသန်စွမ်းကလေးငယ်တွေကို ယူနီဆက်က နှစ်လတစ်ကြိမ်နှုန်းနဲ့ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။
#Local_News
Published 11 January 2025
#မသန်စွမ်းကလေးငယ် #ယူနီဆက်ထောက်ပံ့
#YMG/SW #Yangon_Times
#Local_News
Published 11 January 2025
▪️ အိန္ဒိယနိုင်ငံထုတ်အစားအစာ၊ လူသုံးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ကမ္ဘာ့ဒေသအသီးသီးတို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သည့် ပြပွဲသို့ မြန်မာဝယ်လက်များလာရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။
▪️ အိန္ဒိယပို့ကုန်မြင့်တင်ရေးအဖွဲ့ချုပ် (Federation of Indian Export Organization-FIEO) မှကြီးမှူး၍ 3rd SOURCEX INDIAN ကုန်စည်ပြပွဲကို နယူးဒေလီမြိုရှိ Yashobhoomi ပြပွဲစင်တာ၌ မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ယခုပြပွဲသည် နိုင်ငံတကာဝယ်လက်များနှင့် အိန္ဒိယနိုင်ငံ၏ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချမှုတွင် ဉီးဆောင်နေသည့်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြပွဲတွင် အိန္ဒိယနိုင်ငံ၏ ထင်ရှားသော ကုန်အမှတ်တံဆိပ် ၂၀၀ ကျော်အား ခင်းကျင်းပြသထားမည်ဖြစ်ပြီး ကုန်စည်ကဏ္ဍတွင် အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍ၊ ကျန်းမာရေးနှင့် အလှအပရေးရာကဏ္ဍ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အစားနှင့်အထည်အလိပ်ကဏ္ဍ၊ ကလေးနှင့်စပ်လျဉ်းသောထုတ်ကုန်ပစ္စည်းများကဏ္ဍ၊ အားကစားနှင့် ကိုယ်လက်လှုပ်ရှားရေးကဏ္ဍ၊ စာရေးကိရိယာပစ္စည်းများကဏ္ဍများနှင့် ဝန်ဆောင်မှုကဏ္ဍတွင် E-Commerce ဝန်ဆောင်မှုလုပ်ငန်း၊ ပညာရေးနှင့်ကျွမ်းကျင်သင်တန်းများ၊ ဖျော်ဖြေရေးကဏ္ဍ၊ အစားအသောက်ဝန်ဆောင်မှုကဏ္ဍများ၊ ခရီးသွားအပန်းဖြေရေးနှင့် ထောက်ပံ့ပိုဆောင်ရေးကဏ္ဍများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ပြပွဲသို့လာရောက်မည့် ပြည်ပဝယ်လက်များအတွက် ကုမ္ပဏီတစ်ခုလျှင် တစ်ဉီးအတွက် လေယာဉ်လက်မှတ်ခ (ရိုးရိုးတန်း) ကိုငွေသားဖြင့် ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပြီး နယူးဒေလီမြို့၌ ၂ ညတာတည်းခိုနေထိုင်ရေးနှင့် လေဆိပ်မှဟိုတယ်ကြိုဆို ပို့ဆောင်မှုများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ပြည်ပဝယ်လက်များအနေဖြင့် မှတ်ပုံတင်ခြင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မတိုင်မီ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 402 of 2236