#Daily_News
Published 03 July 2024
၁။ နိုင်ငံခြားတွင်အလုပ်ရမည်ဆိုပြီး မြန်မာအမျိုးသမီးငယ်လေးများထံမှ ပတ်စ်ပို့ကြေး၊ ဗီဇာကြေးလိမ်လည်မှုများနေ
၂။ မိုးကောင်း၊ ဗန်းမော်၊ ရွှေကူတွင် မြစ်ရေများတိုးမည်ဖြစ်၍ သတိထားရန်လို
၃။ ယူ-၁၂ လူငယ်ကစားသမားရွေးချယ်ပွဲများ ရက်ပိုင်းအတွင်း မန္တလေး၌ စတင်မည်
၄။ တရုတ်နိုင်ငံတွင် ထိုင်ဖင်လင်းအမှတ်(၁) နျူကလီးယားဓာတ်အားပေးစက်ရုံ စမ်းသပ်လည်ပတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းအတွင်း အခေါက်ရွှေဈေးနှုန်းတွေအနည်းငယ်ဆက်လက်ကျဆင်းနေပြီး တောင်ကြီးမြို့ရှိ ရွှေဆိုင်တွေပါ ရည်ညွှန်းဈေးအတိုင်းရောင်းချနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 03 July 2024
#ရွှေဈေးအနည်းငယ်ကျ #ရည်ညွှန်းဈေးအတိုင်းရောင်းချ
#NN #Yangon_Times
ထိုင်းနိုင်ငံကို ပြောင်းတင်ပို့ရာမှာ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေရှိနေတဲ့အပြင် ထိုင်းဝယ်လိုအားကြောင့် လက်ရှိမှာဈေးတွေလည်းကျဆင်းနေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published 03 July 2024
#ပြောင်းဈေးများကျဆင်း #သယ်ယူပို့ဆောင်ရေးအခက်အခဲရှိ
#NN #Yangon_Times
ယူ-၁၂လူငယ်ကစားသမား ရွေးချယ်ပွဲများဘောလုံးအကယ်ဒမီ (မန္တလေး)မှာ ဇူလိုင်လ ၁၂၊ ၁၃၊ ၁၄ ရက်နဲ့ အမျိုးသား ဘောလုံးအကယ်ဒမီ(ရန်ကုန်) ဇူလိုင်လ ၆၊ ၇၊ ၈ ရက်မှာ စတင်ရွေးချယ်သွားမှာဖြစ်တယ်လို သိရပါတယ်။
#Local_News
Published 03 July 2024
#ယူ-၁၂လူငယ်ကစားသမားရွေးချယ်ပွဲ #ဘောလုံးအကယ်ဒမီ(ရန်ကုန်)
#tthl #Yangon_Times
နန်းယင်းချောင်းနဲ့ နန့်ကောင်းချောင်းရေဟာ မိုးကောင်းမှာ၊ ဧရာဝတီမြစ်ဟာ ဗန်းမော်၊ ရွှေကူနဲ့ကသာမှာ၊ ချင်းတွင်းမြစ်ရေဟာလည်း ဟုမ္မလင်း၊ ဖောင်းပြင်၊မော်လိုက်၊ ကလေးဝ၊ မင်းကင်းဒေသတို့မှာ တိုးဖို့ရှိနေတယ်လို့ သိရပါတယ်။
#Local_News
Published 03 July 2024
#မြစ်ရေများတိုး #နန်းယင်းချောင်း #နန့်ကောင်းချောင်း
#tthl #Yangon_Times
နိုင်ငံခြားမှာ အလုပ်ရမယ်ဆိုပြီးသင်တန်းကြေး၊ ပတ်စ်ပို့ကြေး၊ ဗီဇာကြေးတွေ မြန်မာအမျိုးသမီးငယ်လေးတွေထံမှ အလိမ်ခံရတာများနေတယ်လို့ သိရပါတယ်။ တရားဝင်အေးဂျင့်တွေနဲ့ဆက်သွယ်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
#Local_News
Published 03 July 2024
#ပတ်စ်ပို့ကြေး #ဗီဇာကြေးများအလိမ်ခံရမှုများ
#tthl #Yangon_Times
#Local_News
Published 03 July 2024
▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပခဲ့သည့် နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ(နဂါးလှေလှော်)ပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်နှစ်ခုဖြင့် နိုင်ငံအလိုက်ပထမရရှိသော အောင်ပွဲရမြန်မာအားကစားအဖွဲ့အား ကြိုဆိုခဲ့ကြောင်း သိရသည်။
▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Barnaul မြို့တွင် ဇွန်(၂၈)ရက်နေ့မှ ဇူလိုင်(၂၈)ရက်နေ့အထိကျင်းပခဲ့သော နိုင်ငံတကာယဉ်ကျေးမှုနှင့် အားကစားပွဲ (နဂါးလှေပြိုင်ပွဲ) (Altai Regatta Dragon Festival ) ပြိုင်ပွဲတွင် မြန်မာရွှေတံဆိပ်နှစ် ခုဖြင့် နိုင်ငံအလိုက်ပထမရရှိသောအောင်ပွဲရ မြန်မာအားကစားအဖွဲ့သည် ဇူလိုင်(၃)ရက်တွေင်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
▪️ အောင်ပွဲရမြန်မာလှေလှော်အားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး၀န်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာ၀န်ရှိပုဂ္ဂိုလ်များ၊မြန်မာနိုင်ငံလှေလှော်လှာ်အဖွဲ့ချုပ်ဒုတိယဥက္ကဌ ၊ အမှုဆောင်များနှင့် လှေလှော်အားကစားသမားများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှကျောင်းသား၊ကျောင်းသူများ၊ မိဘဆွေမျိုးများသောင်းသောင်းဖျဖျကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
▪️ မြန်မာအသင်းသည် မီတာ၂၀၀နှင့် မီတာ၅၀၀တို့တွင် ပထမဆု ရွှေတံဆိပ်တစ်ခုစီ ရယူခဲ့ပြီး မီတာ၂၀၀၀တွင်မြန်မာအသင်းအနေဖြင့်အကောင်းဆုံးယှဉ်ပြိုင်လှော်ခတ်သွားနိုင်သော်လည်း ရလဒ်အနေဖြင့် အဆင့် ၆ ဖြင့်သာကျေနပ်ခဲ့ရပြီး နိုင်ငံအလိုက်ပထမဆုရရှိခဲ့ကြောင်း သိရသည်။
▪️ အဆိုပါပြိုင်ပွဲတွင်အိမ်ရှင်ရုရှား၊ မလေးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှာ၊ ကမ္ဘောဒီယား၊ ဥဇဘက်ကစ်စတန် မြန်မာနိုင်ငံတို့ပါ၀င်ကာ အသင်း ၁၃ သင်း၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ယင်းပြိုင်ပွဲသို့မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း ၊ အုပ်ချုပ်/နည်းပြ နှစ်ဦးအမျိုးသားအားကစားသမား၁၂ဦးတို့ ပြန်လည်လိုက်ပါခဲ့ကြောင်း သိရသည်။
#tthl #Yangon_Times
Page 401 of 2033