#Local_News
Published 13 September 2024
▪️ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိကျေးရွာများတွင် ယနေ့နံနက်ပိုင်းက ရေများဝင်ရောက်၍ ကူညီကယ်ဆယ်ရေးများပြုလုပ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ စက်တင်ဘာ ၁၃ရက်နေ့၊ မနက် ၇ အချိန်ခန့်က ၊ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပလ္လင်တောင်၊ ရွှေပေါ်ကျွန်း၊ ဘုရားကြီးကုန်း၊ အေးကြည်ကုန်းကျေးရွာများအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါဖြစ်စဉ်ကြောင့် တံတားဦးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 13 September 2024
▪️ နေပြည်တော်နယ်မြေအတွင်းရှိ ရေဘေးကူညီကြသည့် ပရဟိတအသင်းများမှ ကယ်ဆယ်ရေးလူနာတင်ယာဥ်များအား New Day စက်သုံးဆီအရောင်းဆိုင်မှ စက်သုံးဆီများလှူဒါန်းလျှက်ရှိကြောင်း သိရသည်။
▪️ New Day စက်သုံးဆီအရောင်းဆိုင်တွင် နေပြည်တော်နယ်မြေ တပ်ကုန်း၊လယ်ဝေးနှင့်ပျဥ်းမနားဒေသများသို့ ရေဘေးကယ်ဆယ်ရေးဆောင်ရွက်ရန် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာမည့် ပရဟိတအသင်းများမှ ကယ်ဆယ်ရေးလူနာတင်ယာဥ်များကို လှူဒါန်းပေးခြင်းဖြစ်သည်။
▪️ ထိုသို့လှူဒါန်းရာတွင် ယာဥ်တစ်စီးလျှင် စက်သုံးဆီ (၁၀) ဂါလံနှုန်းဖြင့် ကယ်ဆယ်ရေးလူနာတင်ယာဥ် အစီးရေ (၁၀၀) တိတိအား စက်သုံးဆီများအခမဲ့ဖြည့်တင်းလှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 12 September 2024
၁။ လေပွေလှိုင်းကြောင့် ဒေသအချို့မိုးသက်လေပြင်းတိုက်ပြီး သဘာဝဘေးထပ်ကြုံနိုင်
၂။ နေပြည်တော်၊ ပျဉ်းမနားရေဆက်ကြီးနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်နေ
၃။ ပေါင်းလောင်း၊ ငလိုက်တမံရေပြည့်လျှံနေ၊ ရေပြည့်လျှံလာသောရေလှောင်တမံများကိုအနီးကပ်စောင့်ကြပ်စီမံရန်ညွှန်ကြားထား
၄။ ဘရာဇီးလ်ခရီးသည်တင် လေယာဉ်ပျက်ကျရသည့်ဖြစ်ရပ်နှင့်ပတ်သက်၍ အကြိုစီရင်ခံစာထုတ်ပြန်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
စစ်တောင်းမြစ်ရေကြီးနေတဲ့အတွက် တောင်ငူမှာရေကြီးပြီး ပိတ်မိသူများနေပြီး ကယ်ဆယ်ရေးအကူအညီ တောင်းခံနေရတယ်လို့ သိရပါတယ်။
#Local_News
Published 12 September 2024
#တောင်ငူ #ကယ်ဆယ်ရေးအကူအညီတောင်းခံ
#YMG/tthl #Yangon_Times
ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံးတွင် သီတင်းကျွတ်ဈေးပွဲတော်ကို လာမယ့်လအတွင်း ကျင်းပသွားမယ်လို့ ပွဲတော်စီစဉ်သူတွေထံက သိရပါတယ်။
#Local_News
Published 12 September 2024
#ဝန်ကြီးများရုံး #သီတင်းကျွတ်ဈေးပွဲတော်ကျင်းပ
#YMG/NN #Yangon_Times
အခုရက်တွေမှာ မိုးသည်းထန်စွာရွာသွန်းတာ၊ တောင်ကျရေများ စီးဝင်လာနိုင်တာတို့ကြောင့် ရေလှောင်ပမာဏသေးငယ်တဲ့ တမံငယ်တွေ ရုတ်တရက်ရေအလုံးအရင်းနဲ့ ဝင်ရောက်လာနိုင်လို တာဝန်ရှိသူတွေက အနီးကပ်စဉ်ဆက်မပြတ် စောင့်ကြည့်စီမံမှုများဆောင်ရွက်ဖို့နဲ့ ရေလှောင်တမံတွေအတွင်း ရေဝင်ရောက်မှုကို အချိန်နာရီစဉ်အလိုက် ရုံးချုပ်သို့တင်ပြဖို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကမှာကြားထားတယ်လို့ သိရပါတယ်။
#Local_News
Published 12 September 2024
#ရေလှောင်တမံ #အနီးကပ်စောင့်ကြပ်စီမံရန်ညွှန်ကြား
#YMG/tthl #Yangon_Times
#Local_News
Published_12 Sept 2024
▪️ အဆက်မပြတ်ရွာသွန်းခဲ့သောမိုးကြောင့်ရေစိမ့်ဝင်ကာ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု ဧရိယာ၊ ကျန်စစ်နယ်မြေ၊ ပုဂံမြို့သစ်ရွှေလောင်းရပ်ကွက်ရှိ ဘုရားအမှတ် (၁၀၄၂) “ဆင်က" ဘုရား စေတီတော် ထိခိုက်ပြိုကျခဲ့ကြောင်း သိရသည်။
▪️ ယနေ့ စက်တင်ဘာလ ၁၂ ရက် နံနက်က ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ယခုအခါ အသေးစိတ်မှတ်တမ်းများပြုစုနေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၏ ဒုတိယညွှန်ကြားရေးမှူး ဦးညီမွန်းက ပြောသည်။ “ဆင်က ဘုရားထိခိုက်မှုရှိတာ မှန်ပါတယ်” ဟု သူက ဆိုသည်။
▪️ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်ကလည်း အဆိုပါဘုရားအမှတ် ၁၀၄၂ ၊ ဆင်ကဘုရား ၏ အပေါ် အနောက်တောင်ထောင့်တွင် ခြင်္သေ့အပေါ်ပိုင်းပြိုကျ(ပဲ့ကျ)မှု ဖြစ်ပွားခဲ့သေးကြောင်း အဆိုပါဘုရား သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ (၁၃)ရာစုလက်ရာ ဖြစ်ကြောင်း ဆင်ကဘုရားကို ဆင်ကအုတ်တိုက် ရှည်ဟုလည်း ခေါ်ဆိုကြောင်း၊ လွန်ခဲ့သော ၁၉၇၂ ခုနှစ်ကပင် ရှေးဟောင်းအဆောက်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့သော ဘုရားစေတီလည်းဖြစ် ကြောင်း သိရသည်။
#Photo- ko htun yati #Yangon_Times/PP
Page 397 of 2096