#Local_News
Published 06 July 2024
▪️ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းနေ၍ သာကေတ၊ တာမွေနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များတွင် (၄)နာရီကြာ ယာယီဓာတ်အားပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။
▪️ ထုတ်ပြန်ချက်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ 230kV သာကေတဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားသော 66kV သာကေတ- သီတာ (၁+၂) ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းအား မြို့နယ်စုဖွဲ့အင်အားဖြင့် (၇.၇.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီမှ (၁၄:၀၀)နာရီ အချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
▪️ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း သာကေတမြို့နယ်၊ တာမွေမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့၏ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့်
▪️ ဓာတ်အားပြတ်တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့ နည်းစေရေးအတွက် အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှအသိပေးထုတ်ပြန်ထားကြောင်း သိရသည်။
#tthl #Yangon_Times
#Daily_News
Published 05 July 2024
၁။ ဆန်များအိမ်အရောက်ပို့ပေးသည်ဆိုပြီး ငွေကြေးလိမ်လည်မှုများရှိနေ
၂။ ရခိုင်မှအုန်းဆီရရှိမှုမရှိတော့၍ ဈေးကွက်တွင်းအုန်းဆီပြတ်လတ်နေ
၃။ ရူပီးနှင့်ကျပ်ငွေ ကုန်သွယ်မှုငွေပေးချေရေးယန္တရား စတင်ဆောင်ရွက်နေပြီး ပို့ကုန်သမားများအဆင်ပြေ
၄။ တရုတ်-ရုရှားနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတန်ဖိုးအား ဆက်လက်ထိန်းသိမ်းသွားရန် ရှီကျင့်ဖင်ပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်ရွှေဈေးကွက်အတွင်းမှာ တစ်လတာအတွင်း ရွှေဈေးတစ်ကျပ်သားကို ကျပ်နှစ်သိန်းခြောက်သောင်းကျော်
အထိကျဆင်းနေတယ်လို့ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 05 July 2024
#ရွှေဈေးကျဆင်း #ရန်ကုန်ရွှေဈေးကွက်
#NN #Yangon_Times
ရူပီးနဲ့ ကျပ်ငွေကုန်သွယ်မှုငွေပေးချေရေးယန္တရားကို စတင်ဆောင်ရွက်နေရာ ပို့ကုန်သမားတွေအတွက် အဆင်ပြေနိုင်တယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
#Local_News
Published 05 July 2024
#ရူပီးနှင့်ကျပ်ငွေကုန်သွယ်မှု #ငွေပေးချေရေးယန္တရား
#NN #Yangon_Times
ဧရာဝတီမြစ်ဟာ ဗန်းမော်မြို့၊ရွှေကူမြို့ ၊ကသာမြို့၊ သပိတ်ကျင်းမြို့၊ ချင်းတွင်းမြစ်ရေ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်မြို့၊မော်လိုက်၊ ကလေးဝ၊ မင်းကင်းမြို့၊ မုံရွာမြို့တို့နဲ့ နန့်ယင်းချောင်းရေဟာ မိုးကောင်းမြို့မှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ပြီး မြစ်ရေကြီးဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 05 July 2024
#မြစ်ရေကြီးမည့်မြို့(၁၁)မြို့ #စိုးရိမ်ရေအမှတ်ကျော်
#tthl #Yangon_Times
ရခိုင်မှအုန်းဆီရရှိမှုမရှိတော့လို့ ရန်ကုန်ဈေးကွက်တွင်းအုန်းဆီပြတ်လတ်နေတယ်လို့ သိရပါတယ်။ တစ်ပိဿာ ၃သောင်းကျော်အထိတက်ပြီး ပစ္စည်းလိုသလောက်မရဖြစ်နေ။
#Local_News
Published 05 July 2024
#ဈေးကွက်တွင်းအုန်းဆီပြတ်လတ်နေ #ရခိုင်မှအုန်းဆီရရှိမှုမရှိတော့
#tthl #Yangon_Times
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် Page မှာတင်ထားတာကို'ပေါ်ဆန်းမွှေးဆန်များ အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချခြင်းအစီအ စဉ်'ကို ကူးယူပြီး Pageအတုဖြစ်တဲ့ MSF- Myanmar Rice Federation Page မှာ ဖုန်းနံပါတ်တွေ၊ viberနံပါတ်တွေပြောင်းပြီး ငွေလိမ်လည်နေတာဖြစ်တယ်လို့ သိရပါတယ်။
#Local_News
Published 05 July 2024
#ငွေကြေးလိမ်လည်မှုများရှိနေ #အိမ်အရောက်ပို့စနစ်
#tthl #Yangon_Times
Page 398 of 2033